Thursday, September 20, 2012

တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင်

ဗွီအိုအေ အင်္ဂလိပ်ပိုင်းအစီအစဉ်နှင့် တွေ့ဆုံမေးမြန်းနေစဉ်။ စက်တင်ဘာလ ၁၈ ရက်၊ ၂၀၁၂။
  တပ်မတော်ပါသရွေ့ ဒီမိုကရေစီ ပြောင်းလဲရေး နောက်ကြာင်း ပြန်မလှည့်နိုင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို တပ်မတော်က အပြည့် အ၀ ထောက်ခံပံ့ပိုးပေးနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီရဲ့ လမ်းကြောင်း ဟာ နောက်ကြောင်းပြန်ပြီး လှည့်စရာ အကြောင်းမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၈) ရက်နေ့ ဗွီအို အေ အင်္ဂလိပ်ပိုင်း အစီအစဉ်နဲ့ တွေ့ဆုံမေးမြန်း ခန်းမှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲအဖွင့်မိန့်ခွန်း

အခုလို ထူးခြားပြီး အထူးသဖြင့် အခွင့်အလမ်းရှိတဲ့ အခြေအနေတစ်ရပ်မှာ (USIP-U. S. Institute of Peace) မှာ ပြန်လာတွေ့ရတဲ့အတွက် အံ့သြ၀မ်းသာစရာဖြစ်ပါတယ်။
 USIP ကိုရော ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လာတဲ့ ဂျင်မ်မာရှယ်ကိုရော ကျေးဇူးတင်ချင်ပါတယ်။ ရှင်နဲ့အတူ ဆက်လက် လက်တွဲလုပ်ဆောင်ဖို့ ကျွန်မတို့ အသေအချာ ရှုမြင်ထားပါတယ်။