Monday, October 17, 2011

မြန်မာနိုင်ငံကချင်နယ်စပ်(သို့)တရုတ်မြန်မာနယ်စပ်အခြေအနေ

ထောင်နှင့် ချီသည့် တရုတ်အစိုးရတပ်ဖွဲ့များ ကချင်နယ်စပ်တလျောက် နေရာယူ

ဇော်ကြီး  သတင်းနှင့်မီဒီယာ ကွန်ယက်  အောက်တိုဘာလ ၁၄ ရက်၊ ၂၀၁၁ ခုနှစ်။


မြန်မာပြည်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် တလျောက်သို့ ထောင်နှင့်ချီသည့် တရုတ်အစိုးရ တပ်များ ဖြန့်ချထားသည်ဟု နယ်စပ် သတင်းများက ဆိုသည်။

တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ်မြို့များဖြစ်သည့် ကျန်းဖုန်း (လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင်)နှင့် ယင်ကျန်းမြို့(လိုင်ဇာအနီးရှိ တရုတ်မြို့) များသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသည်ဟု တရုတ် အစိုးရ အာဏာပိုင်များထံမှ သိရကြောင်း လိုင်ဇာမြို့ရှိ စီးပွားရေး လုပ်ငန်းရှင် တဦးက အခုလိုပြောသည်။

“ကျန်းဖုန်းမှာ တရုတ်စစ်တပ်အင်အား (၃၀၀၀) လောက်ရောက်တယ် ပြောတယ်။ ခန့်မှန်းခြေ ပေါ့နော်။ ပြီးတော့ လက်နက်ကြီးတွေ ပါတယ်လို့ကြားတယ်။ နောက် ယင်ကျန်းဘက်ကိုလည်း ပို့ထားပြီလို့ ပြောတယ်။ အဲဒါ သေခြာအောင်လို့ ကျနော်တို့လူတွေကို လိုက်ကြည့်ခိုင်းတာ ကွန်ဖမ်း ဖြစ်တယ်။”

ရိုဟင်ဂျာဒုက္ခသည် ၃ သောင်း နီးပါး မြန်မာ လက်ခံမည်

By သိင်္ဂီထိုက် တနင်္ဂနွေ, 16 အောက်တိုဘာ 2011

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကနေ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပြီး လတ်တလော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာ ၃ သောင်းလောက်ကို မြန်မာအစိုးရက ပြန်လက်ခံဖို့ သဘောတူလိုက်ပါတယ်။ ဒုက္ခသည်တွေကတော့ သူတို့ရဲ့ အသက်အန္တရာယ်၊ တိုင်းရင်းသား တန်းတူ အခွင့်အရေးနဲ့ တရားဝင်နိုင်ငံသား အဖြစ် မြန်မာအစိုးရက ပေးအပ်မယ်ဆိုရင် ပြန်မယ်လို့ ပြောဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒီ ဒုက္ခသည်တွေကို ရိုဟင်ဂျာအဖြစ် လက်ခံမလား။ ဘယ်နေရာတွေမှာ အခြေချ နေထိုင်ခွင့်ပြုမလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အတိအကျ ပြောဆိုထားတာ မရှိသေးပါဘူး။
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂ သောင်း ၈ ထောင်ကို ပြန်ခေါ်ဖို့ သဘောတူတဲ့အကြောင်း အောက်တိုဘာလ ၁၅ ရက်နေ့ စနေနေ့က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက သတင်းထောက်တွေကို ပြောဆိုပါတယ်။

NLD ဒု-ဥက္ကဌ ဦးတင်ဦး၏ ပြောဆိုချက် လုံးဝ မှားယွင်းကြောင်း ပါမောက္ခ ဒေါက်တာ ဝါကာအူဒင်း ပြောဆိုစွတ်စွဲ

[8888peoplepower] NLD ဒု-ဥက္ကဌ ဦးတင်ဦး၏ ပြောဆိုချက် လုံးဝ မှားယွင်းကြောင်း ပါမောက္ခ ဒေါက်တာ ဝါကာအူဒင်း ပြောဆို

Monday, October 17, 2011 2:13 AM
ပြည်သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း
ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့ဘက်က ဦးတင်ဦး


လူထု ခေါင်းဆာင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒုတိယဥက္ကဌ ဦးတင်ဦးရဲ့ အောက်တိုဘာလ ၃ ရက်နေ့ လွတ်လပ်တဲ့ အာရှအသံ (RFA) အစီအစဉ်မှာ ပြောဆိုသွားတဲ့ အချက်အလက်များ လုံးဝ မှားယွင်းကြောင်း ပါမောက္ခ ဒေါက်တာ ၀ါကာအူဒင်းက စွပ်စွဲ ပြောဆို ကန့်ကွက် လိုက်ပါတယ်။

RFAသတင်းဌာနက ၁၄-၁၀-၂၀၁၁ နေ့ထုတ်လွှင့်သွားတဲ့ သမိုင်းလိမ်မူဆလင်လူမျိုးနှင့်ပက်သက်လို့ ဖြေရှင်းချက်

RFAသတင်းဌာနက ၁၄-၁၀-၂၀၁၁ နေ့ထုတ်လွှင့်သွားတဲ့ သမိုင်းလိမ်မူဆလင်လူမျိုးနှင့်ပက်သက်လို့ ဖြေရှင်းချက် 

 ကိုဆက်ဖတ်လိုလျှင်နှိပ်လိုက်ပါ

သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းမှု့ဆိုင်ရာဟောပြောပွဲကျင်းပ

သတင်း | |
၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊ ပြည်မြို့၊ ရတနာမာန်အောင်ကွက်သစ်၊ အောင်မင်္ဂလာကျက်သရေကုန်း တောရဘုန်းကြီးကျောင်းတိုက်တွင် ၂၁ ရာစု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ ဟောပြောပွဲကို ယနေ့ ညနေ ၄ နာရီမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။

ဒေါက်တာထွန်းလွင် (ဓာတ်ပုံ - tunlwin.com)
အဆိုပါဟောပြောပွဲကို ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းရှိ လူမှုအကျိုးသယ်ပိုးနေသည့် ပရဟိတအဖွဲ့များ၊ လူ့အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ စသည့် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ စုပေါင်းပါဝင် လုပ်ဆောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

 အောက်တွင်ပါရှိသော ရိုဟင်ဂျာ တိုင်းရင်းသားဟု ပြောဆိုနေမှု့သည်မြန်မာပြည်တွင်မည်သည့်အတိုင်းအတာမျှသက်ရောက်သည်၊မြန်မာပြည်ရှိ

မြန်မာလူမျိုးများနှင့် တိုင်းရင်းသားများကလက်ခံနိုင်မခံနိုင်၊လက်ခံသင့်မခံသင့်ကို ပြတ်သားဖို့လိုပေသည်။

တိုင်းပြည်တွင်ရှိသောနဂိုမူလ တိုင်းရင်းသားများဥပမာ တိုင်းနှင့်ပြည်နယ်များကို  အခြေခံပြီးနေထိုင်နေသောတိုင်းရင်းသားများစာရင်းတွင် ရိုဟင်ဂျာဟုပြောဆိုနေသော ဘင်္ဂလီ(ဝါ) ဘင်္ဂလားနယ်စပ်မှမြန်မာနိုင်ငံဘက်တွင် အခြေချနေထိုင်လာသူများသည် ယခုလိုမြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလည်းတွင်(သို့) မင်းပြောင်းမင်းလွဲ အခြေအနေတွင် အခွင့်အရေး

ကိုတောင်းဆိုကာ တိုင်းရင်းသားဖြစ်ရေးနှင့် ပြည်နယ်တခုသတ်မှတ်လာရေးကိုတောင်းဆိုနေပေပြီ။

ထိုအကြောင်းအရာသည် အစိုးရအနေဖြင့် ပြတ်ပြတ်သားသား ကိုင်တွယ်မဖြေရှင်းလျှင်မရသောပြဿနာ

တရပ်ဖြစ်သည်။လက်ရှိပြည်ပ ရှိအတိုက်အခံများကြားတွင်များသောအားဖြင့် ထိုကိစ္စကိုလက်မခံပေ။ ရိုဟင်ဂျာများကို ဘင်္ဂလားမှ လာရောက်နေထိုင်သူများအဖြစ်သာလက်ခံထားကြသည်။

လက်ရှိ ရခိုင်ဒေသခံများအနေနှင့်ရော ပြည်မဖြစ်သောအခြားပြည်နယ်တိုင်းရင်းသားများက ဝိုင်းဝန်းပြီးတိတိကျကျ မှန်ကန်သောဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်ရန်လိုသည်။ပါတီစုံဒီမိုကရေစီတွင်

လွှတ်တော်အမတ်ဖြစ်လာရေးအတွက် အာမခံချက်အမျိုးမျိုးပေးကာ မဲဆွယ်ယူမှု့များရှိလင့်ကစား အစိုးရက

အသိအမှတ်မပြုလျှင်တရားမဝင်နိုင်သလို၊ အစိုးရမှ နည်းလမ်းမကြဟုခိုင်လုံကျိုးကြောင်းရှိလျှင်ပယ်ဖျက်နိုင်ပေလိမ့်မည်။

ဦးနုသည်ဝန်ကြီးချုပ်အဆင့်အထိသာရှိသည်။ဦးနုက ဘင်္ဂလီကို တိုင်းရင်းသာဟုသတ်မှတ်ပါမည်ဆိုသော

စကားကိုလက်ကိုင်ထားကာ ယခုအချိန်တွင် ဘင်္ဂလီများသည်တိုင်းရင်းသားဖြစ်ရေးကိုတောင်းဆိုအကျပ်ကိုင်နေခြင်းဖြစ်သည်။

မြန်မာပြည်တွင် ကုလားဟုခေါ်သော၊တရုတ်ဟုခေါ်သော၊ဂျုးဟုခေါ်သော သူများကိုနိုင်ငံခြားသားမှတ်ပုံတင်ဖြင့်နေထိုင်ခွင့်ပြုခဲ့သည်။ထိုမှ နိုင်ငံသားသတ်မှတ်ပေးခဲ့သည်။

နိုင်ငံသားကဒ်ကိုင်ဆောင်ခွင့်သည်လူမျိုးစုကိုတိုင်းရင်းသားလူမျိုးစုအဖြစ်လက်ခံခြင်းမဟုတ်ပေ။

မည်သို့မျှတိုင်းရင်း

သားဖြစ်လာနိုင်စရာအကြောင်းမရှိပေ။ နေထိုင်ခွင့်ပေးပြီး FRC မှ နိုင်ငံသားအဆင့်ဖြင့်သာဖြစ်နိုင်စရာနေထိုင်ခွင့်ရစရာအကြောင်းရှိသည်။ထိုထက်ပိုမိုကာသီးခြားနယ်မြေသို့

တိုင်းရင်းသားမျိုးနွယ်စုတခုသတ်မှတ်ခွင့်တောင်းနေခြင်းသည်ရူးသွတ်ခြင်းသက်သက်သာဖြစ်ပေသည်။

ရိုဟင်ဂျာလူမျိုးများအား အဖြူရောင်စီစစ်ရေးကဒ်ပြားထုတ်ပေး




ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် စစ်အစိုးရမှ ရိုဟင်ဂျာလူမျိုးများအားအဖြူရောင် စီစစ်ရေးကဒ်ပြားများကို သြဂုတ်လ နောက်ဆုံးပတ်မှစ၍ထုတ်ပေးနေကြောင်း ဒေသခံ လူကြီးတဦး၏ ပြောပြချက်အရ သိရသည်။


အဖြူရောင်စီစစ်ရေးကဒ်ပြားများကို မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စုတွင် သြဂုတ်လ ၂၂ ရက်နေ့မှစတင်ပြီး၊ အသက်အရွယ် ၁၀ နှစ်အထက်ရှိသူများအား ထုတ်ပေးနေကြောင်း ၎င်းကပင် ပြောဆိုသည်။

“သို့သော် သက်ဆိုင်ရာ အာဏာပိုင်များက အဖြူရောင် စီစစ်ရေးကဒ်ပြားပေါ်တွင် ဘင်္ဂါလီ လူမျိုး ဟူ၍ ရေးသားပြီး၊ ကာယကံရှင်ပြောဆိုသည့် ရိုဟင်ဂျာ လူမျိုးဟူ၍ မရေးသားခဲ့ ကြောင်း၊ ကျနော်တို့သည် ရိုဟင်ဂျာလူမျိုးသာဖြစ်ကြောင်း” ရွှေဇားကျေးရွာမှ ကျောင်းသား လူငယ်တဦးက ပြောခဲ့ကြောင်း သိရသ


အာဏာပိုင်များသည် ကဒ်ပြားတခုအတွက် ကျပ်ငွေ ၃၀၀၀ စီ ကောက်ခံနေသည့်အတွက် ဆင်းရဲသားများ မတတ်နိုင်၍ အခက်အခဲ နှင့် ရိုင်ဆိုင်နေကြောင်း၊ သို့သော် အစိုးရ သတ်မှတ်ကြေးမှာ ၎င်းကဒ်ပြားတခုလျှင် ကျပ် ၅၀၀ သာ ဖြစ်ကြောင်း သိရသည်။

ရွှေဇားအုပ်စုတွင် ကဒ်ပြား ၁၀၀၀ ထုတ်ပေးခဲ့သော်လည်း ၊ ငွေမတတ်နိုင်သည့် ဆင်းရဲသား များအား ထုတ်ပေးခြင်း မရှိကြောင်း သိရသည်။

ရိုဟင်ဂျာလူမျိုးများအား တခြား မြန်မာတိုင်းရင်းသားများကို ထုတ်ပေးသည့် နိုင်ငံသား ကဒ် (၀ါ)နိုင်ငံသားစီစစ်ရေးကဒ်ပြားများအား ထုတ်ပေးခြင်းမရှိ ၊ အဖြူရောင် စီစစ်ရေး ကဒ်ပြားများကိုသာ ထုတ်ပေးခြင်းသာဖြစ်သည်။

“အဘယ့်ကြောင်း ကျနော်တို့အား နိုင်ငံသားကဒ်ပြား (၀ါ) နိုင်ငံသား စီစစ်ရေး ကဒ်ပြား ပေး ရန် ငြင်းဆန်ခဲ့သနည်း။ ကျနော်တို့သည် ဤမြေတွင်မွေးပြီး၊ ဤမြေတွင် ကြီးပြင်းလာခဲ့ပြီး၊ ဤမြေတွင်သာ သေရမည်ဖြစ်သည်။ကျနော်တို့တွင် ခိုင်မာသော သမိုင်းအထောက် အ ထား ရှိသည်။၎င်းသမိုင်း အဖောက်အထားအရ ကျနော်တို့သည် တိုင်းရင်းသားလူမျိုးများ ဖြစ်သည်။ကျနော်တိုကို ယ္ခင် ဒီမိုကရေစီ အစိုးရ က အသိအမှတ်ပြုခဲ့ကြောင်း” အမည်မဖေါ် လိုသူ မောင်တောမှ ကျောင်းဆရာတဦးက ပြောပြသည်။