Sunday, October 16, 2011

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့တဲ့ အတွင်းဝန်ရုံးကို စီးပွါးရေးသမားတွေလက်ထဲအပ်တော့မည်





ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံး ခဲ့တဲ့ အတွင်းဝန်ရုံးကို စီးပွါးရေးသမားတွေလက်ထဲအပ်တော့မည်

736a
 
မြန်မာနိုင်ငံ သမိုင်းကြောင်းတွင် သမိုင်းအစဉ်အလာ၊ သမိုင်းကြောင်း ကြီးမားခဲ့သော ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အား ပုဂ္ဂလိကသို့ စီးပွားရေးဆိုင်ရာလုပ်ငန်း လုပ်ကိုင် နိုင်ရန် ငှားရမ်း လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဆီယံ-ဂျပန် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဥက္ကဋ္ဌ နှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ် အဖွဲ့၏ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာခင်ရွှေ မှ အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့သည်။
ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) အား မည်သူမဆိုငှားရမ်းကာ စီးပွားရေးဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နိုင်ကြောင်း၊ လုပ်ကိုင်မည့် အဖွဲ့ များအနေဖြင့် မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့(Myanmar Tourism Board)နှင့် လာရောက် ဆွေးနွေးနိုင်ပြီး အဆိုပါဘုတ်အဖွဲ့မှတစ်ဆင့် တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ဘုရားအားသွားရောက်ဖူးမျှော်

ဒေါ်အောင်ဆန်းစုကြည် သီတဂူဆရာတော်ဘုရားအားသွားရောက်ဖူးမျှော်
ဒီကနေ့ မနက် ၈ နာရီကနေ ၉ နာရီအထိ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ သီတဂူဗုဒ္ဓတက္ကသိုလ်ကို သွားရောက်ဖူးမြော်ခဲ့တာ ဖြစ်ပါတယ်။
(သတင်းဗီဒီယို)Burma VJ media

Saturday, October 15, 2011

BG သွေးကူညီပေးရေးအဖွဲ့၏ ကိုမင်းကိုနိုင်မွေးနေ့နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး သွေးလှူဒါန်းပွဲ... (ဓါတ်ပုံ)

ကျွန်တော်တို့BGသွေးကူညီပေးရေးအဖွဲ့သည်အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် သွေးလှုဒါန်းပွဲ ပြုလုပ်ခဲ့သည်မှာ
အောင်မြင်ခဲ့သည် အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါသည်။ 

မကြာမီကျရောက်တော့မည်ဖြစ်တဲ့ကိုမင်းကိုနိုင်မွေးနေ့အထိမ်းအမှအတွက်နဲ့ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက်ရည်မှန်းပြီး၁၅.၁၀.၂၀၁၁ မနက်၁၀း၀၀ မှစတင်ပြီး ကျွန်တော် BGသွေးကူညီပေးရေးအဖွဲ့ဝင်များပာာစံပြဆေးရုံမှာစတင်လှုဒါန်းပြီးနေ့လည်၁၂း၀၀အထိ သတင်းရရှိချက်မှာ၁၃လုံးလှုဒါန်းပြီးသွားပြီပာုကြားသိရပါသည်။အခြားဆေးရုံများတွင်လည်း ဆက်လက် သွေးလှုဒါန်း နေကြောင်းသိရပါတယ်..။

Sunday, October 16, 2011(The Power of People)မှ

သိန်းစိန်ရဲ့  လက်ထက်မှာ ဆင်ဖြူတစ်ကောင်တွေ့ တယ်ဆိုပြီး ပြောပြန်ပြီ။













ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၁) ရက်နေ့  မနက် (၉) နာရီလောက်က ရခိုင်ပြည်နယ် လောင်းဒုံ စေတီပြင်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ တောတွင်းမှာ ဆင်မကြီးနှစ်ကောင် ဘေးမှ ခြံရံလျက် အရပ် ၅ ပေ ၅ လက်မရှိတဲ့ ဆင်ဖြူ တစ်ကောင် တွေ့ရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း သိရပါတယ်။
မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားသူများမှာ အလုပ်သမားဦးစီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ်သမား မှတ်ပုံကတ်ပါမှသာ ဗီဇာလျှောက်ထားခွင့် ရတော့မည်
Sunday, 16 October 2011 15:46
737 မလေးရှား အလုပ်သမားဗီဇာ လျှောက်ထားသူများမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားဦးစီးဌာနမှ ထုတ်ပေးသည့် Overseas Worker Identification card ပါမှသာ ဗီဇာလျှောက်ထားခွင့် ပြုတော့မည်ဟု မြန်မာနိုင်ငံအခြေစိုက် မလေးရှားသံရုံးမှ အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မလေးရှားသံရုံးသို့ အလုပ်သမားဗီဇာ လျှောက်ထားသူများ အနေဖြင့် ယခုအစီအစဉ်အား အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ကာ သက်ရောက်မှုရှိသွားမည် ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိလာမည့် ကမ်းကမ်းလွန်ဓာတ်ငွေ့မြေစီမံကိန်းသစ်များမှ
သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ရောင်းချခြင်းထက် ပြည်တွင်း
သုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်၊
Sunday, 16 October 2011 14:11(သတင်း-အလဲဗင်း)
735
ဖျာပုံမြို့မှ ရန်ကုန်မြို့သို့ ပေးပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်နေရာကို တွေ့ရစဉ်
၂၀၁၃ ခုနှစ်တွင် ထပ်မံထွက်ရှိ လာမည့် ကမ်းလွန်ဓာတ်ငွေ့မြေ စီမံကိန်းသစ် နှစ်ခုမှ သဘာဝဓာတ်ငွေ့များကို ပြည်ပသို့ရောင်းချခြင်းထက် ပြည်တွင်းသုံးစွဲရန် အတွက်သာ တိုးမြှင့်ရယူသွားမည်ဖြစ်ကြောင်း စွမ်းအင် ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပြည်တွင်းသုံးအတွက် တစ်နေ့လျှင် ကုဗပေသန်း ၁၆၀ အထိ တိုးမြှင့် ရယူဖြန့်ဝေရေးအတွက် ၂၀၁၃ ခုနှစ် တွင်ထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့ မြေစီမံကိန်းသစ်နှစ်ခုမှ သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း၌သာ ပိုမို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပမည်
Sunday, 16 October 2011 11:38
ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် ဆက်လက်ကျင်းပမည် ဖြစ်ကာ မပြီးပြတ်သေးသည့် ဥပဒေကြမ်း ကိစ္စရပ်များ အဓိက ဆောင်ရွက်သွားမည် ဖြစ်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို အောက်တိုဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေးများ ကျင်းပပြီးနောက်  ခေတ္တရပ်နားခဲ့ပြီး အစည်းအဝေးများ ကို အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဆက်လက်ကျင်းပခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ထပ်မံဖြည့်စွက်
Sunday, 16 October 2011 11:28(သတင်းအဲလဲဗင်း)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထပ်မံဖြည့်စွက် ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထပ်မံ ဖြည့်စွက်ရာ၌ ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၁၁ ဖြင့်ဖြည့်စွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း အမိန့်ကြော်ငြာစာ အပြည့်အစုံမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၃၄/၂၀၁၁ ဖြင့် ဖွဲ့စည်းပေးပြီး တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုပါ ဖော်ပြအပ်နှင်းခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကြော်ငြာ စာပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဖြည့်စွက်သည့် အချက်များမှာ အဆိုပါ အမိန့်ကြော်ငြာစာအပိုဒ် ၆ တွင် “စုံစမ်း စစ်ဆေးရာ၌ Truth Commission အနေဖြင့် အမျိုးသားစည်းလုံး ညီညွှတ်ရေးကို ဦးတည်ဆောင်ရွက်ရန် ဖြစ်သည်” စာသားအား ဖြည့်စွက်ရမည် ဖြစ်ကြောင်း သိရသည်။
လုပ်ပိုင်ခွင့်သည်လုပ်ငန်းတခုကိုတာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။
လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာသည်အနိုင်ယူနှိပ်စက်ရန်မဟုတ်၊
ဝန်ထမ်းများနှင့်အဖွဲ့အစည်းအားလုံးနားလည်ဖို့လိုအပ်။


သီရိမင်္ဂလာဈေး ပျံကျဈေးသည်တဦးအဖြစ်အပျက်ဖြစ်ပါတယ်။ သတင်းဗီဒီယို တက်လာတဲ့နေ့စွဲဟာ
Uploaded by on Oct 15, 2011ဖြစ်ပါတယ်။
လတ်တလောဖြစ်ပျက်သောသတင်းတပုဒ်ဟုတ်မဟုတ်တော့(ပြည်သူ့အော်သံ)တာဝန်ယူနိုင်ခြင်းမရှိပါ။ 
အောက်တွင်ဖေါ်ပြထားသည်မှာ သတင်းအဖြစ်အပျက်များဖြစ်ပါတယ်။

ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ၈ ဦး ဆော်ဒီတွင် ခေါင်းဖြတ် ကွပ်မျက်ခံရ

မြန်မာနိုင်ငံနှင့်သက်ဆိုင်သောသတင်းမဟုတ်သော်လည်းမြန်မာနိုင်ငံမှ
ညီအကိုမောင်နှမများသတင်းလွယ်ကူစွာဖတ်နိုင်ရေးနှင့် တခြားတိုင်းပြည်သတင်းဗဟုသုတရရန်ရည်ရွယ်ပါတယ်။(ပြည်သူ့အော်သံ)
ဘင်္ဂလာဒေခ်ျ့နိုင်ငံသား ၈ ဦးကို လူသတ်မူဖြင့် ဆော်ဒီအရေဗီးယားတွင် သောကြာနေ့က လူမြင်ကွင်းတွင် ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သတင်း ရရှိသည်။


Saudi-Arab-beheads-Bangladeshi သောကြာနေ့ (အောက်တိုဘာ ၇ ရက်) ခေါင်းဖြတ် ကွက်မျက်နေစဉ်

သူတို့အား ၂၀၀၇ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဆော်ဒီနိုင်ငံ ရီယဒ်မြို့တော်မှ အိမ်တစ်အိမ်ကို ဓါးပြတိုက်စဉ် အီဂျစ်နိုင်ငံသား လုံခြုံရေး အစောင့် တစ်ဦးကို သတ်မူဖြင့် ယခုကဲ့သို့ ခေါင်းဖြတ်ကာ ပြစ်ဒဏ် စီရင်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ ကွက်မျက်လိုက်ကြောင်းကို ဆော်ဒီမြို့တော် ရီယဒ် (Riyadh) ရှိ ဘင်္ဂလာဒေခ်ျ့ သံရုံး အလုပ်သမား အတွင်းဝန် မိုဟာမတ် မိုင်ဇနုရ် ရာဟမန်က သတင်းထောက်များအား အတည်ပြု ပြောကြားသည်။

သူတို့အား ကွပ်မျက်ပြီးနောက် အစ္စလာမ်ဘာသာရေး ဓလေ့ ထုံးစဉ်လာအတိုင်း ဆော်ဒီအရေဗီးယား အစိုးရက သောကြာနေ့က မြေမြုပ်သဂြိုလ်လိုက်သည်ဟု သူက ပြောသည်။

ထိုသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသားများကို သေဒဏ် စီရင်ချမှတ်ခဲ့ကြောင်းကို ဘင်္ဂလာဒေခ်ျ့ အစိုးရထံ တရားဝင် ဆော်ဒီအစိုးရမှ အကြောင်းကြားခြင်း တစုံတရာ မရှိကြောင်းနှင့် ထောင်အာဏာပိုင်များကို မေးမြန်းပြီးမှ ထိုသို့ ခေါင်းဖြတ် ကွပ်မျက်လိုက်ကြောင်း သိရကြောင်း ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက ပြောသည်။

သူတို့အား ရီယဒ်မြို့တော်ရှိ AI Hakam နန်းတော်အနီးရှိ တရားမျှတမူ ရင်ပြင်တွင် ကွပ်မျက်ရာ လူထောင်ပေါင်းများစွာက လာရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ကွပ်မျက်ခံရသူ ဘင်္ဂလားချေ့် နိုင်ငံသားများမှာ အလုပ်သမားများ ဖြစ်ကြပြီး သူတို့အား ခေါင်းဖြတ် ကွက်မျက်မူကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူအခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တို့မှ ရှုတ်ချခဲ့သည်။

ဓါးပြတိုက်ရာတွင် ပါဝင်သူ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား နောက်ထပ် သုံးဦးကိုမူ ထောင်ဒဏ် (၈) နှစ် (၁၃) နှစ်ထိ ပြစ်ဒဏ် ချမှတ် လိုက်ကြောင်း သိရသည်။

ရခိုင်က ထွက်သော သဘာဝဓါတ်ငွေ့ ရခိုင်ပြည်နယ်တွင် သုံးစွဲရန် အစီအစဉ်မရှိဟု စွမ်းအင်ဝန်ကြီး ပြောဆိုချက်အပေါ်-

နိရဉ္စရာ

ကျောက်ဖြူ မြို့နယ် ပြည်သူ့ လွတ်တော် အမတ် ဦးဘရှင်က ကျောက်ဖြူမြို့ မြောက်ဖက် ၂၅ မိုင်အကွာ တွင်ရှိသော "ရွှေ" သဘာဝ ဓါတ်ငွေ့သိုက်မှ ရရှိ လာသော သဘာဝဓါတ်ငွေ့ များကို အသုံး ပြုပြီး ကျောက်ဖြူမြို့ အတွက် လျှပ်စစ် ဓါတ်အား ဖြန့်ဝေပေးရန် အစီ အစဉ် ရှိမရှိ စက်တဘာင်္လ ၂၇ ရက်နေ့က ကျင်းပ ခဲ့သော ပြည်သူ့ လွတ်တော်တွင် မေးမြန်း ခဲ့ပါသည်။ အဆိုပါ မေးမြန်း ချက်ကို စွမ်းအင် ၀န်ကြီး ဦးသန်းဌေး ဖြေကြား ရာတွင် ရွေသဘာဝ ဓါတ်ငွေ့သိုက်က ရရှိ လာသော သဘာဝ ဓါတ်ငွေ့များကို မြန်မာ - တရုတ် သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းက တဆင့် တရုတ် ပြည်ကို တင်ပို့ သွားရန် ဖြစ်ကြောင်းနှင့် တရုတ်- မြန်မာ ချုပ်ဆို ထားသော စာချုပ်ကို ဆန့်ကျင်ပြီး ဓါတ်ငွေ့ များကို အသုံး ပြု၍ မရဟု ဖြေကြား သွားခဲ့ ပါသည်။

ယခုကဲ့သို့ စွမ်းအင်ဝန်င်္ကြီး ဦးသန်းဌေးမှ ရခိုင်ကမ်းလွန်မှ ထွက်သော ဂတ်စ်ကို ရခိုင်ပြည်နယ်တွင် တစုံတရာ အသုံးပြုရန် အစီအစဉ် မရှိကြောင်း ဖြေကြားသွားသည့် အပေါ် လက်လှမ်း မှီသလောက် ရခိုင် ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ http://www.narinjara.com/burmese.asp

ဦးအေးသာအောင်
ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
အတွင်းရေးမှူး CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီ

ရခိုင်ပြည် ကထွက်တဲ့ ဂတ်စ်ဟာ ရခိုင်ပြည်မှာ သုံးဖို့မဟုတ်ဘူး ဆိုတဲ့ စကားဟာ ရခိုင်ပြည် သူတွေကို အလွန် စော်ကားရာ ရောက်ပါတယ်။

ပြည်သူတစ်ဦး၏ရင်ဖွင့်သံ




ကျွန်တော်တို့  မြ၀တီမြို့မှာ  ၄၉ နဲ့ စတဲ့ဖုန်းတွေ တော်တော်များများပိတ်ခံလိုက်
ရတယ်။ ဌာနကိုမေးတော့ ရန်ကုန် စီဒီအမ်အေ ရုံး ၀၉-၈၆၀၀၀၀၀ မေးပါလို့ပြောတယ်။
ရန်ကုန်ကိုမေးတော့  နယ်စပ်ဖြတ်ကျော်တာဖြစ်လို့  ပိတ်တယ်လို့ပြောတယ်။  နောက်တစ်ခါပြန်မေးတော့ အ၀င်မရှိပဲ အထွက်တွေပဲ တောက်လျှောက်သုံးလို့  လိုင်းပိတ်တယ်လို့ သိရတယ်။
ကျွန်တော်တို့ မြ၀တီမြို့ဟာ တစ်မိုင်ပတ်လည်လောက်ရှိတာပါ။  ထိုင်းဖက်ကို အင်တင်နာတိုင်ထုတ်ပြောရင်လည်းရလို့  ဈေးဝယ်ရင်းသုံးတာပါ။  ထိုင်းက ဖုန်းတွေလည်း မြ၀တီနဲ့သင်္ဃန်းညီနောင်
အထိရနေတာပဲ။  ဘာဖြစ်လို့ ထိုင်းက ဖုန်းတွေ မြန်မာပြည်ထဲရောက်နေတယ် ထိုင်းက ဘာလို့လိုင်းမပိတ်တာလည်း။ မြန်မာဖုန်းထိုင်းဖက်ရောက်တာကို စောင့်ကြည့်ပိတ်တယ်ဆိုတော့ တစ်မျိုးကြီးပေါ့နော်။

သတင်းဆောင်းပါးတပုဒ်ပါ

မောင် - ဘာပါလာလဲဟင်

ရေးသားသူ(ကိုအေးငြိမ်း)
(၁)


သူ့အမျိုးသားပြန်လာတုံးက ကားပါလာတယ်တဲ့။ နင့်ယောက်ျားပြန်လာတာ ဘယ်လောက်ပါခဲ့လဲဟင်။ တစ်လထဲဆိုတော့ ဘယ်လောက်ကျန်မလဲ။ အဲဒီအလုပ်ဆိုရင် အောက်ဆိုက် ဘယ်လောက်ရမလဲ။ သူက တစ်လ ဘယ်လောက်တောင်ရတာတဲ့ စသောစကားများကို ကျွန်တော်တို့ပတ်ဝန်းကျင်တွင် လူတိုင်းလိုလို မကြာခဏ ကြားဖူးကြ၊ ပြောဖူးကြပါလိမ့်မည်။

တစ်စုံတစ်ယောက်သောသူသည် အခြားနိုင်ငံတစ်ခုခုသို့ တစ်စုံတစ်ရာသော အကြောင်းကြောင့် (များသောအားဖြင့် - အစိုးရ၀န်ထမ်းများ) သွားသည့်အခါတွင် လည်းကောင်း၊ တစ်စုံတစ်ယောက်သောသူသည် အလုပ်တစ်ခုရပါက လည်းကောင်း ကာယကံရှင် သို့မဟုတ် ကာယကံရှင်နှင့်တိုက်ရိုက် ပတ်သက်နေသူများသို့ သူနှင့်နီးစပ်ရာ ဆွေမျိုးအသိုင်းအ၀ိုင်းကဖြစ်စေ၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းများကဖြစ်စေ အထက်ပါမေးခွန်းမျိုးကို မေးတတ်ကြပါသည်။ မေးလေ့ရှိပါသည်။

ပြည်သူ့အော်သံမှစာဖတ်ပရိသတ်အပေါ်တောင်းပန်ချက်

ပြည်သူ့အော်သံကို လာရောက်သည့်မိတ်ဆွေ ညီအကို၊မောင်နှမများကို အထူးကျေးဇူးတင်ပါတယ်။
ပြည်သူ့အော်သံမှ "မြန်မာ့မြေပေါ်တွင်ရှားပါးသောမြွေကြီးအားသတ်ဖြတ်လိုက်သည်" ဆိုသောသတင်းသည် မှားယွင်းသောသတင်းဖြစ်ကြောင်း၊ထိုမှားယွင်းသောသတင်းကိုLink လုပ်ကူးယူဖေါ်ပြမိကြောင်း ဝန်ခံပါသည်။
မှားယွင်းဖေါ်ပြမိသောသတင်းအား-ပြန်လည်ပယ်ဖျက်ပြီး

ထိုအမှားအတွက်လည်းလေးစားသော ပရိသတ်အပေါ်အနူးအညွတ်တောင်းပန်ပါသည်။
နောက်အမှားနဲစေရန်ဂရုပြုမည်ဖြစ်ကြောင်းကိုလည်းအသိပေးအပ်သည်။
လေးစားစွာဖြင့်(ပြည်သူ့အော်သံ)

နိုင်ငံရေး အကျဉ်းသားတစ်ဦး အထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံရ

2011-10-14  (သတင်း)RFA
နိုင်ငံရေးအကျဉ်းသား တစ်ဦး ပေါ်တာအထမ်းသမားအဖြစ် ရှေ့တန်း အပို့ခံခဲ့ရပြီး ရှေ့တန်းမှာ မိုင်းထိမှန်ကာ ခြေတစ်ဘက် ပြတ်သွားပါတယ်။
အဲဒီ ခြေတစ်ဘက်ပြတ်သွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထွန်းအောင်ကို မင်္ဂလာဒုံစစ်ဆေးရုံမှာ ဆေးရုံ တင်ထားရာက သမ္မတ ဦးသိန်းစိန် ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ေ
န့ မတိုင်ခင် စက်တင်ဘာ ၂၅ ရက်နေ့က မင်္ဂလာဒုံ စစ်ဆေးရုံကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။ ကိုတင်ထွန်းအောင် မင်္ဂလာဒုံ စစ်ဆေးရုံမှာ တက်နေစဉ် မိုင်းထိတဲ့ အထမ်းသမား ၇ဦး ရှိတယ်လို့ ကိုတင်ထွန်အောင်က ပြောပါတယ်။

သာမန်အားဖြင့် နိုင်ငံရေးပုဒ်မနဲ့ အကျဉ်းကျသူတွေကို အထမ်းသမား ပေါ်တာအဖြစ် ပို့လေ့မရှိပေမယ့် ကိုတင်ထွန်းအောင်ကတော့ သူ့ကို ဘာကြောင့် ခုလို ခေါ်သွားတယ်ဆိုတာ မသိဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာသူ ကိုဇာဂနာက အခုလို ပြောပါတယ်။

“ကျနော့် ဘယ်လိုပြောရမှန်း မသိအောင်ကို တော်တော် တုန်လှုပ်သွားတယ်။ အဲသလိုမျိုး ရက်ရက်စက်စက် ဖြစ်ရတဲ့ အဖြစ်အပျက် ဒါကို အားလုံး သိစေချင်တယ်။ အဲဒီတော့ ကျနော်ကတော့ လောလောဆယ် လူ့အခွင့်အရေးကော်မရှင် ဦးဝင်းမြတို့ ခေါင်းဆောင်တဲ့ အဖွဲ့ ရှိနေတဲ့ အခါကျတော့ အဲဒီကို ဒီကိစ္စမျိုး တင်ပြသင့်တယ်လို့ ကျနော်ထင်ပါတယ်”

ကိုတင်ထွန်းအောင်ဟာ ဒဂုံတက္ကသိုလ် မြန်မာစာ ဒုတိယနှစ် ကျောင်းသားဖြစ်ပြီး ၂၀၀၈ခုနှစ်က မျိုးဆက်သစ် လူငယ်များ အစည်းအရုံးနဲ့ ဆက်သွယ်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၈နှစ် အမိန့် ချခံရပြီး ပဲခူးထောင်က တစ်ဆင့် ဘားအံထောင် အဲ့ဒီကမှ ကရင်ပြည်နယ်ကို အထမ်းသမား အဖြစ် ပါသွားခဲ့တာ ဖြစ်ပါတယ်။

ဒါလားဟဲ့ပြောင်းလည်းပြီဆိုတာ

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေး လာမည်ဆို၍ ငွေ ၂၀၀၀၀ ကျပ်စီထည့်ဝင်ရ

by Mandalay Voice on Saturday, 15 October 2011 at 14:17

မန္တလေးသို့လာရောက်မည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြအေးအား ကြိုဆို ဧည့်ခံဂါရ၀ပြုရန် မန္တလေးတက္ကသိုလ် ဆရာ ဆရာမများထံမှ ငွေနှစ်သောင်းကျပ်စီ ကောက်ခံကြောင်းသိရပါသည်။

ဆရာဆရာမများထံမှ အခြား ခေါင်းစဉ်မျိုးစုံဖြင့် ကောက်ခံမှုများလည်းရှိသဖြင့် အချို့ဆရာမများမှာ လခ ၄သောင်းကျော်ရသော်လည်း ထောင်ဂဏန်းမျှသာ အသားတင်ကျန်ရှိသဖြင့် အသုံးစားရိတ်အတွက်ကြပ်တည်းနေရကြောင်းသိရှိရပါသည်။