
စက်တင်ဘာလ ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုရီးယား လေကြောင်းလိုင်းနဲ့ အောက်တိုဘာလ ၄ ရက်နေ့ ည ၉း ၄၅ နာရီမှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိ လာရာမှာ ထောင်ပေါင်း များစွားသော ပြည်သူတွေ NLD ပါတီဝင်တွေ နိုင်ငံရေး အင်အားစုတွေနဲ အနုပညာရှင် တွေက ဒေါ်အောင်ဆန်းစုကြည်ကို သောင်းသောင်းဖြဖြကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။