ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအက
Saturday, November 12, 2011
ပြည်ပ မီဒီယာများ၏ မေးမြန်းများကိုဖြေကြားရန် ဇာဂနာယာယီရပ်ဆိုင်း
ရန်ကုန်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၁ ပြည်ပအခြေစိုက် မီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများကို ဖြေကြားရန် ယာယီရပ်ဆိုင်းလိုက်ကြောင်း လူရွှင်တော်ဇာဂနာက သူ၏ Facebook အင်တာနက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သတ်ပြီး လူရွှင်တော် ဇာဂနာအား The Messenger Journal မှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက "ကျွန်တော်တို့ စေတနာနဲ့ လုပ်နေတဲ့အလုပ်တွေကို စေတနာပျက်အောင်၊ စေတနာကွက်အောင် အနှောင့်အယှက်ပေးသလို ဖြစ်နေတယ်။ သူတို့ ပြောတာဆိုတာတွေကြောင့် ကျွန်တော်တို့ကို ထောင်ဝန်ထမ်းတွေ မကူညီတော့ရင် ကျွန်တော်တို့ သူငယ်ချင်းတွေပဲ ဒုက္ခရောက်မယ်။ လှူနေတဲ့သူတွေလဲ မလှူရဲလောက်အောင် ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၂ ရက်နေ့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် နိုင်ငံရေးအကျဉ်းသားအဖြစ်မှ လွတ်မြောက်လာခဲ့သော လူရွှင်တော်ဇာဂနာသည် မလွတ်မြောက်သေးသည့်နိုင်ငံရေးအက
မင်းကိုနိုင်မိခင် ဒေါ်လှကြည်၏ ရင်တွင်းပြောစကား
|
Saturday, 12 November 2011 04:04 |
![]() ကျွန်မဒီလိုပွဲမျိုး အတွေ့အကြုံမရှိပါဘူး၊ အဲဒီအတွက်ကြောင့် ဒီလိုပွဲမျိုးမှာ စကားပြောခွင့်ရတဲ့ဟာကို စကားပြောမှားဆိုမှားရှိရင် ကျွန်မကိုခွင့်လွှတ်ပါလို့ အနူးအညွတ် တောင်းပန်ပါ တယ်။ အခုကျွန်မမွေးနေ့မှာ ကျွန်မသားမွေးနေ့မှာ ကျွန်မလာတဲ့အခါ ကျွန်မကိုတွေ့တဲ့ ကလေးတွေက ပြောပါတယ်။ အမေ အမေ့သားကို အမေ မပိုင်တော့ပါဘူး။ တိုင်းပြည်က ပိုင်ပါတယ်လို့ပြောပါတယ်။ အဲဒီပြောလိုက်တဲ့ စကားလေးကို ကျွန်မအရမ်းဝမ်းလည်းသာပါတယ်။ ပီတိလည်းဖြစ်ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့တွေဟာ သားအပေါ်မှာ ချစ်ကြတာကိုး။ နောက်ပြီးတော့ ကျွန်မမှာ မွေးထားတဲ့ သားလေးက တစ်ယောက်တည်းပါ။ အခု ကျွန်မမှာ သားတွေ အများကြီး ရှိနေပါပြီ။ ဝေမျှပေးတဲ့ သားတွေ၊ သမီးတွေ အများကြီး ရှိခဲ့ပါ ပြီ။ အခုလို အချိန်အခါမှာ မိဘတိုင်းဟာ ကျွန်မကို ဘယ်လိုခံစားရပါသလဲလို့ မေးကြပါတယ်။ သားသမီးရှိကြတဲ့ မိဘတွေက ဒီလိုအချိန်အခါမှာ ဘယ်လိုခံစားရမလဲဆိုတာ ရင်ထဲမှာ အကုန်လုံးရှိကြတယ်ဆိုတာ ကျွန်မပြောဖို့ မလိုပါဘူး။ အဲဒီလိုပဲ ထင်ပါတယ်။ ကျွန်မတို့လိုပဲ မိသားစုအပေါင်းတွေဟာ အများအတွက်ကို အနစ်နာခံပြီးတော့ ပါရမီ ဖြည့်ပေးနေကြတဲ့ မိသားစုအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အဲဒီထဲမှာမှ လူဆိုတာ လောကဓံတရား ဆိုတာ အကုန်လုံးရှိကြပါတယ်။ အဲဒီတော့ မေတ္တာမျှဝေပေးနေတဲ့ မိသားစုတွေ အားလုံးကို အကုန်လုံးပဲ ကျေးဇူးတင်ပါတယ်။ မင်းကိုနိုင်နဲ့တကွ အကျဉ်းထောင်အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံရေးအကျဉ်းသားအပေါင်းတို့ အမြန်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်ရပါစေလို့ ကျွန်မ ဆုတောင်းခဲ့ပါတယ်။ မိသားစုတွေ အကုန်လုံးပါ မေတ္တာပို့ အမျှပေးဝေနေသလို မိသားစုတွေကို ကျွန်မ ဘာလက်ဆောင် ပေးချင်သလဲဆိုတော့ ရှင်ဇနကဘိဝံသ ဟောထားတဲ့ တရားလေးတစ်ပုဒ် ရှိပါတယ်။ လူမှုဆိုလျှင် လူလိုပင် လောကဓံ ရှိမြဲ ၀မ်းနည်းဝမ်းသာ အများပါပဲ။ ကျွန်မ ပြောချင်ပါတယ်။ အခုချိန်မှာ ကျွန်မတို့ မိသားစုတွေ အကုန်လုံးဟာ သားလေးတွေကို မျှော်လင့်နေကြပါတယ်။ အဲဒီလို မျှော်လင့်တဲ့အတိုင်းပဲ အမြန်ဆုံးလွတ်ပါစေလို့ ကျွန်မ ဆုတောင်း မေတ္တာပို့သပါတယ်။ ဒါပါပဲ ကျွန်မ ပြောချင်ပါတယ်။ |
ကုလသမဂ္ဂအဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဦးသန့် ကျမ်းသစ္စာဆိုခဲ့သည့်နေ့မှ နှစ် ၅၀ ပြည့်မြောက်ခဲ့ပြီ

မြတ်လေးငုံဘလောက်မှ-ရေးသားသူ.မေစန္ဒီ
ကမ္ဘာမှာ
မြန်မာဟေ့လို့ ဂုဏ်တင်ခဲ့သူ၊ မြန်မာတစ်ဦးအဖြစ် ကမ္ဘာ့ရေးရာ
အထွေထွေကိစ္စတွေမှာ အဓိကနေရာက တာဝန်ထမ်းဆောင်ခဲ့သူ တတိယမြောက်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်၊ အမေရိကန်ပြည်ထောင်စု
နယူးယော့ခ်မြို့ ကုလသမဂ္ဂ ဗဟိုဌာန ချုပ်ကြီးမှာ ကုလသမဂ္ဂ
အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ဖို့
ကျမ်းသစ္စာဆိုခဲ့တဲ့နေ့ဟာ နိုဝင်ဘာလ ၃ ရက်နေ့က နှစ် ၅၀ ပြည့်မြောက်ခဲ့ပါပြီ။
ဧရာဝတီဘလောက်မှ ဗိုလ်ချုပ်အောင်ဆန်းအား ရိုင်းစိုင်းရင့်သီးစွာအောင်ဆန်းဟုသုံးနှုံး
မြန်မာပြည်လွတ်လပ်ရေးနှင့်တိုင်းပြည်စည်းရုံးရေးကို ကြိုးပန်းခဲ့သောမြန်မာပြည်၏ သမိုင်းဝင်ဗိုလ်ချုပ်အောင်ဆန်း၊နိုင်ငံတကာတွင်မြန်မာပြည်အတွက်ဂုဏ်ယူဝင့်ကြွားဖေါ်ပြစရာတဦးတည်းသော
မြန်မာပြည်ခေါင်းဆောင်တဦးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းအပေါ် ဧရာဝတီသတင်းဌာနမှရိုင်းပြစွာ အောင်ဆန်း ဟုသုံးနှုံးရေးသားလိုက်ခြင်းအပေါ် မြန်မာများမခံရပ်နိုင်ဖြစ်လျှက်ဝေဖန်တုန့်ပြန်မှု့များရှိနေသည်။မြန်မာပြည်တွင်
လက်ရှိလွတ်လပ်ရေးရပြီးနောက်ပိုင်းတော်လှန်ရေးကောင်စီတက်လာသည့်၁၉၆၂ခုနှစ်နောက်မှစတင်ကာယနေ့တိုင်
အောင်မြန်မာပြည်သမိုင်းကြောင်းမလှခဲ့ရရှာပါ။ ခေတ်သစ်ယနေ့လူငယ်များသည်ဗိုလ်ချုပ်အောင်ဆန်းသည်မည်သို့
သောမြန်မာပြည်၏ခေါင်းဆောင်တဦးဖြစ်ခဲ့သနည်းကို လွယ်ကူစွာသိပိုင်ခွင့်မရခဲ့ပါ။စစ်အာဏာရှင်များကသိခွင့်မပြုသည့်အတွက်ကျောင်းသုံးပြဌာန်းချက်စာအုပ်များမှထုတ်ပယ်
ခြင်းခံခဲ့ရပါသည်။ဒါကိုပြည်သူ့အသိုင်းအဝိုင်းမှယနေ့လူငယ်များတိုင်းပြည်သမိုင်းဖြစ်စဉ်မှန်နှင့် တိုင်းပြည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖေါ်ထုတ်လျှက်ရှိပေသည်။ထိုသို့ဖေါ်ထုတ်ပေးမှု့များတွင်
လေးလေးနက်နက်ရှိစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်လူငယ်များတိုင်းပြည်ဂုဏ်ကိုဆောင်နိုင်ရန်၊အားကျစေရန်အလို့ငှာလေးစားထိုက်သော
ခေါင်းဆောင်ဟုခမ်းနားစွာရေးသားဖေါ်ပြကြသည်။သို့ရာတွင်ဧရာဝတီသတင်းဌာနက ဂုဏ်ပုဒ်မတတ်သည့်အပြင် အောင်ဆန်းဟု ခေါ်တွင်လိုက်ခြင်းသည် ယနေ့ သမိုင်းကိုလေ့လာမှတ်သားနေသောလူငယ်များအတွက်၊များစွာပြောင်းလည်းခြင်းနှင့်ယုံကြည်ကိုးစားဂုဏ်ယူလေးစား
ခြင်းများပပျောက်ကာ ၊မြန်မာပြည်သမိုင်းကိုပြောင်းလည်းအောင်ထူထောင်ကြိုးစားခဲ့သူကိုစော်ကားခြင်း။ဗိုလ်ချုပ်အားလေးစားသူတရပ်လုံးအပေါ်
မထီမဲ့မြင်စော်ကားလိုက်ခြင်းများဖြစ်ပေသည်။
ဧရာဝတီဘလောက်တွင်ဤသို့ဖေါ်ပြထားသည်။
ပြည်သူများနှင့်ဆန့်ကျင်ဖက်ဖြစ်နေသော မြန်မာပြည်စစ်အာဏာရှင်လက်ထက်များတလျှောက် သတင်းဖေါ်ပြချက်များတွင်ဤသို့ အောင်ဆန်း ဟုရင့်သည်းစွာ မသုံးနှုံးခဲ့ဟုအများကဝေဖန်ပြောဆိုနေကြသည်။
ပြည်ပနိုင်ငံအခြေစိုက် နာမည်ရ သတင်းဌာနတခုအဖြစ်ဆောင်ရွက်နေသော ဧရာဝတီ ဘလောက်ကို
ယနေ့ မြန်မာပြည်မှပြည်တွင်း အခြေစိုက်စာနယ်ဇင်းသမားတချို့နှင့်အွန်လိုင်းသတင်းပရိတ်သတ်များက ယခုကဲ့သို့တိုင်းပြည်၏အထင်ကရဖြစ်သော တဦးတည်းသောဗိုလ်ချုပ်အောင်ဆန်းအပေါ်"အောင်ဆန်း"ဟု
ပြည်တွင်းစာနယ်ဇင်းလွတ်လပ်လပ်
မြန်မာပြည်ခေါင်းဆောင်တဦးဖြစ်သောဗိုလ်ချုပ်အောင်ဆန်းအပေါ် ဧရာဝတီသတင်းဌာနမှရိုင်းပြစွာ အောင်ဆန်း ဟုသုံးနှုံးရေးသားလိုက်ခြင်းအပေါ် မြန်မာများမခံရပ်နိုင်ဖြစ်လျှက်ဝေဖန်တုန့်ပြန်မှု့များရှိနေသည်။မြန်မာပြည်တွင်
လက်ရှိလွတ်လပ်ရေးရပြီးနောက်ပိုင်းတော်လှန်ရေးကောင်စီတက်လာသည့်၁၉၆၂ခုနှစ်နောက်မှစတင်ကာယနေ့တိုင်
အောင်မြန်မာပြည်သမိုင်းကြောင်းမလှခဲ့ရရှာပါ။ ခေတ်သစ်ယနေ့လူငယ်များသည်ဗိုလ်ချုပ်အောင်ဆန်းသည်မည်သို့
သောမြန်မာပြည်၏ခေါင်းဆောင်တဦးဖြစ်ခဲ့သနည်းကို လွယ်ကူစွာသိပိုင်ခွင့်မရခဲ့ပါ။စစ်အာဏာရှင်များကသိခွင့်မပြုသည့်အတွက်ကျောင်းသုံးပြဌာန်းချက်စာအုပ်များမှထုတ်ပယ်
ခြင်းခံခဲ့ရပါသည်။ဒါကိုပြည်သူ့အသိုင်းအဝိုင်းမှယနေ့လူငယ်များတိုင်းပြည်သမိုင်းဖြစ်စဉ်မှန်နှင့် တိုင်းပြည်ခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကို ဖေါ်ထုတ်လျှက်ရှိပေသည်။ထိုသို့ဖေါ်ထုတ်ပေးမှု့များတွင်
လေးလေးနက်နက်ရှိစေရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင်လူငယ်များတိုင်းပြည်ဂုဏ်ကိုဆောင်နိုင်ရန်၊အားကျစေရန်အလို့ငှာလေးစားထိုက်သော
ခေါင်းဆောင်ဟုခမ်းနားစွာရေးသားဖေါ်ပြကြသည်။သို့ရာတွင်ဧရာဝတီသတင်းဌာနက ဂုဏ်ပုဒ်မတတ်သည့်အပြင် အောင်ဆန်းဟု ခေါ်တွင်လိုက်ခြင်းသည် ယနေ့ သမိုင်းကိုလေ့လာမှတ်သားနေသောလူငယ်များအတွက်၊များစွာပြောင်းလည်းခြင်းနှင့်ယုံကြည်ကိုးစားဂုဏ်ယူလေးစား
ခြင်းများပပျောက်ကာ ၊မြန်မာပြည်သမိုင်းကိုပြောင်းလည်းအောင်ထူထောင်ကြိုးစားခဲ့သူကိုစော်ကားခြင်း။ဗိုလ်ချုပ်အားလေးစားသူတရပ်လုံးအပေါ်
မထီမဲ့မြင်စော်ကားလိုက်ခြင်းများဖြစ်ပေသည်။
ဧရာဝတီဘလောက်တွင်ဤသို့ဖေါ်ပြထားသည်။
အောင်ဆန်းဓါတ်ပုံအရောင်းသွက်ဟု ပေါ့ပျက်စွာေ၇းသားထားသည့်သတင်း |
တိုက်ရိုက်ကြည့်ရှု့ရန်လိပ်စာလင့်http://burma.irrawaddy.org/archives/2186
ယနေ့ မြန်မာပြည်မှပြည်တွင်း အခြေစိုက်စာနယ်ဇင်းသမားတချို့နှင့်အွန်လိုင်းသတင
ခေါ်ဝေါ် သုံးနှုန်းခြင်းအပေါ်အပြင်းအထန် ကန့်ကွက်ကြောင်းTheMessengerဂျာ နယ်သို့ ဖုန်းဖြင့်ဆက်သွယ်ပြော ကြားဝေဖန်လိုက်ပါတယ်။
ပြည်တွင်းစာနယ်ဇင်းလွတ်လပ်လပ် ခွင့်အထိုက်အလျောက်ရလာသည့်နောက်ပိုင်း ပြည်ပအခြေစိုက်မြန်မာသတင်း ဌာ န တချို့အပေါ် ပြည်သူလူထု၏ ယုံကြည်မှုမှာ တစထက်တစကျဆင်းလာကြောင်း ပြည်ပအခြေစိုက်မြန်မာသတင်းဌာနအချို့သည်လွတ်လပ်စွာရေးသာခွင့်ရှိ သော်လည်းသတင်းရေးသားဖော်ပြရာတွင်တဖက်စောင်းနင်းဆန်ကြောင်း ပြည်တွင်း အခြေစိုက် သတင်းအယ်ဒီတာတစ်ဦးကပြောသည်။
မကြာသေးမီကပင်လူရွှင်တော်ဇာဂနာကြ ပည်ပအခြေစိုက်မြန်မာသတင်းဌာနများ၏ မေးမြန်းမှု့များအားဖြေကြားရန်ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြော င်းThe Messenger ဂျာနယ်သို့ပြောသည်ဟုသိရပါတယ်။
မြန်မာလူငယ်နှစ်ဦးရဲ့ယုံကြည်ချက်အပေါ်ဖန်တီးထားမှု့-You are You I am Me - Burma Story
မြန်မာလူငယ်နှစ်ဦးရဲ့ဖန်တီးထားချက်ပါ။youtube မှာတင်ထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀ နီးပါးရှိနေပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
နောက်ခံတေးဂီတကို kaung zone နဲ့ animation ဖန်တီးမှု့ကိုတော့ edo vader ကဖန်တီးထားတာဖြစ်ပါတယ်။
နိုဝင်ဘာ(၃)ရက်နေ့ကတင်ထားတာဖြစ်ပြီးယနေ့ထိကြည့်ရှု့ပြီးသူပေါင်း ၆၀၀၀ နီးပါးရှိနေပါပြီ။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဦးသိန်းစိန် အပါအဝင်လက်ရှိမြန်မာနိုင်ငံရေးအခြေအနေကို သရော်ထားတာဖြစ်ပါတယ်။တရုပ်၊အန္ဒိယနဲ့၊ကမ္ဘာပတ်ဝန်းကျင်နိုင်ငံများက မြန်မာ့အရေးကို ပါဝင်နေပုံကိုတင်ပြထားတာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)