Friday, February 10, 2012

ရွှေဝါရောင် ဦးဆောင်ဆရာတော် ဦးဂမ္ဘီရ မဂ္ဂင်ကျောင်းသို့ ပြန်လည် ရောက်ရှိ


ယနေ့နံနက်ပိုင်းက လယ်တီဝိပဿနာကျောင်းမှာ ခေတ္တသီတင်းသုံး နေထိုင်နေတဲ့ ရွှေဝါရောင် ဦးဆောင် ဆရာတော် အရှင်ဂမ္ဘီရအား ယနေ့မနက်ပိုင်းက အာဏာပိုင်များမှ ခေါ်ဆောင် သွားခဲ့ပြီး ယနေ့ည ၈နာရီခွဲအချိန်က ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပြီး ယခုအခါ.. မဂ္ဂင်ကျောင်းတိုက်နဲ့ ပြန်လည် သီတင်းသုံးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်...။ မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားတယ် ဆိုတဲ့သတင်းကိုတော့ သိရှိရခြင်း မရှိသေးပါ..။

ယနေ့နေ့လည်ပိုင်းက ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း ချိတ်ပိတ်ခြင်း ခံထားရတဲ့ ကျောင်းတိုက်လေးခုအနက်မှ မဂ္ဂင်ကျောင်းတိုက်၊ ရွှေတောင်ကျောင်းတိုက်တို့အား သာသနာရေးဦးစီးဋ္ဌာနနဲ့ အာဏာပိုင်များမှ  ပြန်လည်ဖွင့်လှစ် ပေးခဲ့ပြီး သာသနာ့သိပ္ပံ ကျောင်းတိုက်နဲ့ ရတနာဂုဏ်ရည် ကျောင်းတိုက်တို့အား ချိတ်ပိတ်ထးဆဲ ဖြစ်ပါတယ်..။

ချိတ်ပိတ်ခံရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်ဖွင့်ခွင့်ရ

လင်းသန့် on February 10, 2012


၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး ချိတ်ပိတ်ခံခဲ့ရသည့် ရန်ကုန်မြို့ရှိ မဂ္ဂင်ကျောင်းတိုက်နှင့် ပြည်ကျော် ရွှေတောင် ကျောင်းတိုက် တို့ကို ယနေ့နေ့လည်ပိုင်းကတရားဝင် ပြန်လည်ဖွင့်ခွင့် ပေးလိုက်ကြောင်း သတင်းရရှိသည်။

“ဒီနေ့ ဦးဇင်းတို့ရဲ့ မဂ္ဂင်ကျောင်းကို ပြန်ဖွင့်ပေးလိုက်တယ်။ အားလုံးပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းပါပဲ” ဟု မဂ္ဂင်ကျောင်းတိုက် ဆ ရာတော် ဦးဣန္နက ဧရာဝတီသို့ မိန့်ကြားသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ လယ်တီ ဝိပဿနာကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေစဉ် ယနေ့ နံနက်က ခေါ်ဆောင်သွားခြင်းခံရသည့် ဦး ဂမ္ဘီရနှင့်ပတ်သက်၍ CNN သတင်းဌာနနှင့် အင်တာဗျူးနေချိန်၌ သက်ဆိုင်ရာက အကြောင်းကြာလာခြင်း ဖြစ်ကြောင်း၊ မဂ္ဂင်ကျောင်း တိုက်အရှေ့ သွားရောက်ခဲ့ပြီး မကြာခင် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် အာဏာပိုင်များက လာရောက် ဖွင့်လှစ် ပေးသွားခဲ့ခြင်းဖြစ်ကြောင်း ဦးဣန္နက ဆက်လက်မိန့်ကြားသည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည်ဖွင့်ခွင့် လျှောက်ထားပြီး ၅ ရက်အကြာတွင် ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ကျော် ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍ၀ံသက “အခုလေးတင်ပဲ လာဖွင့်ပြီးတော့ ပြန်သွား ကြတယ်။ လူမှုကယ်ဆယ်ရေးဝန်ကြီးဌာန ဒု ၀န်ကြီးနဲ့ ရန်ကုန်တိုင်း သာသနာရေး ညွှန်ကြားရေးမှူးပေါ့နော်။ သူတို့လာဖွင့်သွားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ပေါ့” ဟု ဧရာဝတီသို့ မိန့်ကြားသည်။

သင်္ကန်းကျွန်းမြို့နယ်ရှိ ချိတ်ပိတ်ထားသော မဂ္ဂင်ကျောင်းတိုက်ကို အကျဉ်းထောင်မှ မကြာမီက ပြန်လည်လွတ်မြောက်လာသည့် ၂၀၀၇ ခုနှစ် ရွှေဝါရောင် ဦးဆောင်ရဟန်းတပါးဖြစ်သည့် ဦးဂမ္ဘီရက သက်ဆိုင်ရာသို့ အကြောင်းမကြားဘဲ ဖွင့်လှစ်နေထိုင်သည့်အတွက် သာသ နာရေးဝန်ကြီးဌာနမှ ယခင်အပတ်က ပြန်လည် ချိတ်ပိတ်ခဲ့သည်။

မဂ္ဂင်ကျောင်းတိုက် ပြန်လည် ချိတ်ပိတ်ခံရပြီးနောက် မဂ္ဂင်ကျောင်းဆရာတော်နှင့် ဦးဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားဟောင်း ရ ဟန်းတော်များသည် လယ်တီ ၀ိပဿနာကျောင်းတိုက်သို့ ပြောင်းရွှေ့သီတင်းသုံးနေခဲ့ ရသည်။

ယနေ့ နံနက် ၂ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများက ဦးဂမ္ဘီရကို လယ်တီ ဝိပဿနာကျောင်းမှ လာရောက် ခေါ်ဆောင် သွား ခဲ့ကြောင်း၊ ခေါ်ယူသွားစဉ်က ဖမ်းဆီးခြင်း မဟုတ်၊ ခေတ္တမေးမြန်းရန်ဟုသာ ပြောဆိုကြောင်း ဦးဣန္နကက မိန့်သည်။

သို့သော် ခေါ်ဆောင်သွားပြီးနောက် ဦးဂမ္ဘီရ၏ လက်ကိုင်ဖုန်းသို့ ဆက်သွယ်၍ မရဘဲဖြစ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အာဏာစက်နှင့် တရားစွဲ အရေးယူမည့်ကိစ္စကို သံဃမဟာနာယက အဖွဲ့က တားမြစ်ပြီး ဓမ္မစက်ဖြင့် တာ ဝန်ယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီကိုယ်တော်က မဟာနာယက ဆရာတော်ကြီးတွေရဲ့ ပင့်လျှောက်လွှာ ၃ ကြိမ်ရတာတောင်မှ တခါမှ မသွားလို့ ပျက်ကွက်တယ်ဆိုတာ ရှိတယ်။ သို့သော်ငြားလည်း လုပ်ထုံးလုပ်နည်းအရဆိုရင် သက်ဆိုင်ရာ ပင့်လျှောက်မယ့် ရဟန်းတော်ကို တိုင်းရုံးကသော်လည်းကောင်း၊ မဟနကသော်လည်းကောင်း၊ လာရောက်ဖို့ ပင့်ဖိတ်တဲ့နေရာမှာ တပတ် သို့မဟုတ် ၂ ပတ်ခန့် ကြိုပြီး အကြောင်းကြားရပါတယ်။ အခုဟာ အကြောင်းကြားစာကို ညနေခင်းပို့ မနက်ခင်းခေါ် ဆိုတာကြောင့် နှစ်ဖက်စလုံးက လုပ်ဆောင်ချက် အားနည်းချက်တွေ ရှိနေပါတယ်” ဟု ဦးပဏ္ဍ၀ံသက ဆက်လက်မိန့်ကြားသည်။

ရန်ကုန်မြို့ရှိ ခြောက်ထပ်ကြီး ဘုရားကြီးတိုက်ဝင်းအတွင်းရှိ သာသနာ့သိပ္ပံကျောင်းနှင့် သာသနာ့ဂုဏ်ရည် ကျောင်းတိုက်တို့ကိုလည်း တံ ခါးသော့များ ရိုက်ဖွင့်ထားသည့်အတွက် ယနေ့ နေ့လယ်ပိုင်းတွင် သာသနာရေးဦးစီးဌာနက ပြန်လည် ချိတ်ပိတ်လိုက်ကြောင်း၊ ကျောင်း ပြန် လည် ဖွင့်လှစ်ရန်အတွက် သက်ဆိုင်ရာ ရဟန်းတော်များက လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒပျက်စေရန် ပြုမူမှုများတွင် အသက် ၁၅ နှစ်အောက်ပါဝင်



Wednesday, 08 February 2012 14:45

ယခုနောက်ပိုင်းတွင် ခရီးသည်တင် ယာဉ်လိုင်းများပေါ်၌ အမျိုးသမီးများအား ကာယိနြေ္ဒ ပျက်ပြားအောင် ပြုမူခံရမှုများတွင် အသက် ၁၅ နှစ်အောက် အမျိုးသမီးငယ်များလည်း ပါဝင်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ များထံမှ သိရှိရပါသည်။ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ အနေဖြင့် လိင်မှုဆိုင်ရာ ထိကပါးရိကပါးပြုမူခြင်း (Sexual Harasment) ကိစ္စများကို နားလည်မှုအားနည်းခြင်း၊ အခြားသူများသို့ အသိပေးတိုင်ကြားမပြုခြင်းနှင့် ရှက်ကြောက်မှုကြီးခြင်း စသည့် အချက်များကြောင့် ကာယိနြေ္ဒပျက်ပြားအောင် ပြုမူခံရမှုများ ပိုမိုများပြားလာခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“အရင်တုန်းက လူလတ်ပိုင်း အမျိုးသမီးတွေကိုပဲ လုပ်ကြတာ။ အခုနောက်ပိုင်း ကလေးငယ် တွေနဲ့ ဆယ်ကျော်သက် အမျိုးသမီးတွေကို ဦးတည်လာကြတယ်။ ဒီလို အသက်အရွယ်တွေဆိုတာ ရှက်စိတ်သိပ်ကြီးပြီး ကြောက်တတ်တော့ ပြန်မပြောရဲဘူး။ သူတို့ ကြုံတွေ့ခဲ့ရတာကို တခြားသူတွေသိသွားမှာ သိပ်စိုးရိမ်တတ်တာကို အသုံးချပြီးတော့ လုပ်လာကြတာ။ ဒီလိုလုပ်ရပ်တွေကို အမျိုးသမီးအများစုက သိပေမယ့် ထုတ်ဖော်ပြောပြဖို့ ၀န်လေးပါတယ်။ ဒါတွေမဖြစ်အောင် ကျွန်မတို့ပညာပေးရမယ်။ တိုင်ကြားရမယ့် နေရာတွေကိုလည်း သိအောင် လုပ်ရမယ်။ စကားနဲ့မဟုတ်ဘဲ တခြား နည်းလမ်းနဲ့ တခြားလူတွေ ကို အသိပေးနိုင်တဲ့ နည်းလမ်းတစ်ခုလည်း စီစဉ်ပေးနိုင်ရင် ပိုကောင်းပါမယ်။ တကယ်လို့ တိုင်ကြားခဲ့ရင် ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့လည်း လိုပါတယ်”ဟု အမျိုးသမီး အရေးကိစ္စများတွင် ဆောင်ရွက်ပေးနေသည့် လူမှုရေးအဖွဲ့တစ်ခုမှ ဒေါ်ထားထားက ဆိုပါသည်။

မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ   .  .  .
အမျိုးသမီးများအနေဖြင့် မိမိ ပြုမူခံလိုက်ရချိန်တွင် ပတ်ဝန်းကျင်ရှိသူများကို ချက်ချင်းအသိပေး တိုင်ကြားမှု အားနည်းသည့်အတွက် အရေးယူဆောင်ရွက်ရန် ဥပဒေများရှိသော်လည်း လုပ်ဆောင်ရန် ခက်ခဲလျက်ကြောင်းလည်း သိရသည်။
“ကျွန်မ စံပြကနေ လှည်းတန်း ကို ၅၁ ယာဉ်လိုင်းကို စီးပြီးသွားတယ်။ မြေနီကုန်းရောက်တော့ ဘေးနားမှာ အသက် ၄၀ နှစ် အရွယ် အမျိုးသားတစ်ယောက် လာထိုင်တယ်။ ဘေးကို လှည့်ကြည့်လိုက် တာ အဲဒီအမျိုးသားက မဖွယ်မရာ လုပ်ပြနေတာကို မြင်လိုက်တော့ စပယ်ယာကိုလှမ်းခေါ်ဖို့ လုပ်လိုက်မှ အဲဒီ ကျမှသူ့လုပ်ရပ်ကိုရ ပ်လိုက်တယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အသက် ၁၆ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထိုသို့ အမျိုးသမီးများ ကာယိနြေ္ဒပျက်ပြားအောင် ပြုလုပ်ခံရမှုများမှာ ယာဉ်လိုင်းများပေါ်တွင် လူအများ ပြည့်ကျပ်စွာ စီးနင်းနေရခြင်းကြောင့်လည်း ဖြစ်ကြောင်း အမျိုးသမီးများက ဆိုပါသည်။
“ကျွန်မက တောင်ဥက္ကလာပ ကနေ ရန်ကင်းကို နေ့တိုင်းဘတ်စကားစီးပြီး ကျောင်းတက်တယ်။ ကျွန်မ ဆင်းဖို့အပေါက်ဝကို သွားရပ်နေတဲ့ အချိန်ကျွန်မနောက်က ဦးလေးကြီး က ကျွန်မခါးကိုကိုင်လျက်သား တွေ့လိုက်ရတယ်။ စပယ်ယာကိုပြောမယ် လုပ်တော့ သူက နောက်ပြန်ဆုတ်ပြီး မသိသလို မျက်နှာလွှဲသွားတယ်” ဟု အသက် ၁၂ နှစ် အရွယ် ကျောင်းသူ က ပြောပြသည်။
“ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ၃၃ ကားစီးပြီးသွားတယ်။ ကားရဲ့ နောက်ဆုံးခုံမှာ နေရာရတယ်။ ဘေး မှာ အသက် ၄၅ နှစ် လောက်ရှိတဲ့ ကုလားကြီးတစ်ယောက်။ သူ့လက် က ကျွန်မပေါင်ပေါ်ရောက်နေတယ်။ ဘယ်အချိန်ကရောက်နေတာလဲ မသိလိုက်ဘူး။ ကျွန်မလည်း ကြောက်ကြောက်နဲ့ သူ့လက်ကြီးကိုဆွဲဖယ် လိုက်တယ်။ ကျွန်မတို့လည်း တော်တော်ကြောက်သွားတယ်။ တိုင်ဖို့လည်း သတိမရခဲ့ပါဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးက ပြောပါသည်။
မိန်းကလေးတစ်ဦး၏ ကာယိနြေ္ဒပျက်စီးစေရန် အကြံဖြင့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင့်ထက်ပြုမှု တစ်စုံတစ်ရာပြုမူလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် စေချမှတ်အရေးယူနိုင်ကြောင်း ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၅၄ အရ သိရသည်။
ထို့အပြင်မိန်းမတို့၏ ကာယိဣနြေ္ဒကို စော်ကားရန် ရည်ရွယ်သော စကားပြောခြင်း၊ ကိုယ်အမူအရာ ပြသခြင်းများ ပြုလုပ်ခဲ့လျှင် ထောင်ဒဏ်တစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြစ်မှု ဆိုင်ရာပုဒ်မ ၅၀၉ အရသိရသည်။

မြန်မာနိုင်ငံကို လာမယ့် ဆယ်စုနှစ်မှာ အခုထက်သာစေချင်

မြန်မာနိုင်ငံကို အခုထက်သာတဲ့ အာဆီယံ အသင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် လာမယ့် ဆယ်စုနှစ်မှာ တွေ့ချင်တယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
NLD
၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွှေဂုံတိုင် ဌာနချုပ်တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့က ကျင်းပနေစဉ်။
ဒီလိုဖြစ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ စီးပွားရေး အပြောင်းအလဲထက် နိုင်ငံရေး အပြောင်းအလဲက ပိုပြီး အရေးကြီးနေတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က Asean Business Club အာဆီယံ စီးပွားရေးအသင်း ABC အဖွဲ့က ကိုယ်စားလှယ်တွေကို ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်တော့မယ်ဆိုရင် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ မလုပ်ခင်မှာ စောင့်ကြည့်ဖို့ကိုလည်း အကြံပြု လိုက်တယ်လို့ သိရပါတယ်။ Asean Business Club က ကိုယ်စားလှယ် ၁၂ ဦးပါ အဖွဲတစ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ ရက်နဲ့ ၇ ရက်မှာ နေပြည်တော်ကိုသွားပြီး အာဏာပိုင် အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ အခုလို ပြောလိုက်ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ဖော်ပြ လိုက်တာပါ။
RFA

ယူနက်စကိုဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံယူ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို  (UNESCO) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီးက ယူနက်စကို မဒမ်ဂျတ်ဆင်းဂ်ဆု
(UNESCO-Madanjeet Singh Prize) လာရောက် ချီးမြှင့်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆုလက်ခံရယူနေစဉ် (ဓာတ်ပုံ - ရိုက်တာ)
ပြင်သစ်အခြေစိုက် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ရုံးက အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာ ယူဟေးဟိုဆိုယာနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ မနက်ပိုင်းမှာ သွားရောက်ပြီး ဆုပေးအပ်လိုက်တာပါ။
ဒီဆုဟာ စိတ်ရှည်သည်းခံမှုနဲ့ အကြမ်းမဖက်မှုကို ကိုယ်စားပြုတဲ့အကြောင်း၊ ယူနက်စကိုဟာ မြန်မာနိုင်ငံရဲ့  လက်ရှိ ပြုပြင် ပြောင်းလဲမှုတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်မှာ အကူအညီပေးဖို့ အသင့်ရှိတဲ့အကြောင်းနဲ့ ယူနက်စကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံ ဘက်က ရပ်တည်တယ်လို့  မစ္စတာ ယူဟေးဟိုဆိုယာက  ဆုပေးအပ်ပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း  ဆုချီးမြှင့်တဲ့အတွက်ရယ် ယူနက်စ်စကိုက မြန်မာနိုင်ငံအပေါ် ဆယ်စုနှစ်ပေါင်းများစွာ အစဉ်တစိုက်အမြဲ စိတ်ဝင်တစားရှိခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း၊ ဆုပေးဖို့ အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့အတွက် တောင်းပန်တဲ့ အကြောင်းနဲ့  ယူနက်စကိုနဲ့ မြန်မာ အရင်ကထက် ပိုပြီး နီးနီးကပ်စွာ အတူတကွ လက်တွဲ အလုပ်လုပ်မယ့် အချိန်ကို မျှော်လင့်နေပါတယ်လို့ ပြောကြားသွားပါတယ်။
ဒီဆုဟာ  ယူနက်စကိုရဲ့ ချစ်ကြည်ရေးသံတမန် အိန္ဒိယ ပန်းချီနှင့်စာရေးဆရာ မဒမ်ဂျတ်ဆင်းဂ်ကို  ဂုဏ်ပြုတဲ့အနေနဲ့  ၁၉၉၆ ကစပြီး ၂ နှစ်တကြိမ် ချီးမြင့်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၂ ခုနှစ် ကတည်းက ပေးအပ်ထားတာ ဖြစ်ပြီး၊ ယခု ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ကိုယ်တိုင်လာရောက် ပေးအပ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဆုအနေနဲ့ ရုပ်တုတခု အပါအ၀င် ငွေသား အမေရိကန်ဒေါ်လာ ၁သိန်း ရရှိတာ ဖြစ်ပါတယ်။ 
ဒီဗွီဘီ