ရန်ကုန်မြို့ အောင်မြေဗောဓိဓမ္မာရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်သို့
(21.3.2012)ရက်နေ့ အမျိုးသားဒီမိုကရေစီးအဖွဲ့ချုပ် NLD ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် ကျောက်တော်မြိုနယ် ရှိ ရခိုင့်
ရှေးဟောင်းသမိုင်းဝင်
မဟာမုနိရှပ်ရှင်တော်မြတ်ကြီး၏အထွက်ထိပ်သို့တင်လှူပူဇော်မည့်ရွှေစင်းရွှေသားရွှေထီးတော်အား
(၃း၃၀)နာရီအချိန်တွင် လာရောက်ဖူးမြော်ခဲ့ပါသည်။
ရခိုင့်ရှေးဟောင်းသမိုင်းဝင် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးဟာ
မြတ်စွာဘုရားရင်ငွေတော်ဖြင့်သွန်းလုပ်ခဲ့တဲ့ကိုယ်ပွါးတော်ဖြစ်ပါတယ်။
ထိုသို့လာရောက်ဖူးမြှော်ခဲ့သည့်ဓါတ်ပုံများအားပြန်လည်ဖေါ်ပြလိုက်ပါတယ်။Saturday, March 31, 2012
ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှ ကော့မှူးသို့ ထွက်ခွာပြီ

ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်သည် သူမ ရွေးကောက်ခံ မဲဆန္ဒ နယ်မြေ ဖြစ်သည့် ကော့ မှူး မြို့နယ်သို့ သွားရောက်ရန် ယနေ့ ညနေ လေးနာရီအချိန်တွင် နေအိမ်မှ ထွက်ခွာသွားခဲ့သည်။
တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ မိုင်လေးဆယ်ကျော် ကွာဝေးသည့် ကော့မှူးမြို့နယ်ရှိ ဝါးသိင်္ခကျေးရွာတွင် ယနေ့ (စနေနေ့) ညအိပ်နားခိုမည်ဖြစ်သည်။
တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းရှေ့တွင် ခရီးစဉ်နှင့်အတူ လိုက်ပါသတင်းယူမည့် ပြည်တွင်း ပြည်ပ သတင်း သမားများ တရာကျော်က မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်ခန့်မှ စ၍ စောင့်ဆိုင်းနေခဲ့သည်။
နေအိမ်မှထွက်ခွာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးတွင် တပ်ဆင်ထားသည့် ရွေးကောက်ပွဲ သတင်း အချက် အလက်များ ထုတ်ပြန်ပေးမည့် LED ဆိုင်းဘုတ်တပ်ဆင်ပြီးစီးမှုကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
Envoy ဂျာနယ်မှ အဆိုတော်လေးဖြူသို့ တောင်းပန်ခြင်းအပေါ်ပရိတ်သတ်အချို့မကျေနပ်
အဆိုတော်လေးဖြူသို့ သတင်းတမန်ဂျာနယ်မှ မဟုတ်မမှန်သောသတင်းတပုဒ်ကိုလုပ်ကြံရေးသားခဲ့ပါတယ်။
အဆိုတော်လေးဖြူဟာ ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ကိုမဲပေးခဲ့ပြီး၊ ယခုကြားဖြတ်ရေးကောက်ပွဲတွင် မည်သည့်ပါတီကိုမဲပေးရမည်ကို မစဉ်းစားရသေးကြောင်းဖေါ်ပြသောသတင်းကို ရေးသားဖေါ်ပြခဲ့သည်။
ထိုသတင်းနှင့်ပတ်သက်၍အဆိုတော်လေးဖြူမှ မဟုတ်မမှန်ကြောင်းပြန်လည်ဖြေရှင်းပေးရန်နှင့် အစိုးရပိုင်သတင်းစာများမှပြန်လည်တောင်းပန်ရန် တောင်းဆိုခဲ့သည်။
ထိုပြန်လည်တောင်းပန်စာနှင့် ပတ်သက်ပြီးစာဖတ်ပရိတ်သတ်များနှင့် ကိုလေးဖြူပရိတ်သတ်အချို့ကတောင်းပန်စာရေးသားထားသည်ကို ကြည့်၍ Enovoy ဂျာနယ်ကိုမကျေနပ်နိုင်ချေ။ ရှင်းလင်းစွာတောင်းပန်ရေးသားခြင်းမျိုးမဟုတ်ပဲ၊ မလိမ့်တပတ်နှင့်ရေးသားဖေါ်ပြတောင်းပန်ခြင်းများကြောင့် ဂျာနယ်မီဒီယာများမှမဟုတ်မမှန်သတင်းများကို
ပြီးစလွယ်ရေးသားဖေါ်ပြခြင်း၊ ဖြစ်ပေါ်လာသောပြဿနာများအပေါ် တာဝန်ယူမှု့မရှိခြင်း၊ သတင်းအချက်အလက်များကိုယုံကြည်စိတ်ချနိုင်ရခြင်းမရှိခြင်းများကြောင့် ပြည်တွင်းဂျာနယ်များအပေါ်စိတ်ပျက်
မိကြောင်းပြောဆိုနေကြသည်။စီးပွားရေးလုပ်ငန်းတခု အနေဖြင့်ရေးသားဖေါ်ပြချက်များနှင့် သတင်းဖေါ်ပြရေးသားမှု့များသည် မိမိဂျာနယ်နံမည်ကျော်ကြားရေးကိုသာဦးစားပေးနေသည့် ပြည်တွင်းဂျာနယ်အချို့ကြောင့်မလိုလားသောရှုပ်ထွေးမှု့များ
ဖြစ်ပေါ်လာနိုင်ပေသည်။
ဒေါ်စုတည်းခိုမည့် ၀ါးသင်္ခအိမ်တွင် ကရင်လူငယ်များလုံခြုံရေးတာဝန်ယူ
မတ်လ ၃၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

“အန်တီနေမကောင်းလို့ နောက်ပြီး သူတည်းမယ့် အိမ်တစ်ခုထဲအတွက်မဟုတ်ဘူး။ သူသွားတဲ့နေရာမှာ နှုတ် ဆက်သူ တွေ လမ်းတစ်လျှောက်လုံး လမ်းမပိတ်အောင် မီဒီယာတွေက ပိတ်ပြီး ဓါတ်ပုံရိုက်တာတွေ မရှိအောင် တာဝန်ပေးထားတာလို့ သိရတယ် ” ဟု ရွေးကောက်ပွဲစောင့်ကြည့်မည့် သတင်းထောက်တစ်ဦးက ပြောသည်။
ပြည်ပရောက် မြန်မာ သန်းချီ မဲပေးခွင့်မရှိ
ဧပြီလ
၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ပရောက်
မြန်မာနိုင်ငံသားတွေကို မဲပေးနိုင်အောင် အစိုးရက မစီစဉ်ပေးဘူးလို့
ပြည်ပရောက် မြန်မာပြည်သားတွေက ပြောပါတယ်။

၂၀၀၈
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲတုန်းက မဲပေးရပေမယ့် ၂၀၁၀
ရွေးကောက်ပွဲတုန်းကလည်း မဲမပေးခဲ့ရဘူးလို့ သူတို့က ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံတွေကြား ကျီးလန့်စာစား ဒုက္ခရောက်နေ
ကချင်နေ့စဉ်သတင်းမှ-ပြန်လည်ဖေါ်ပြသည်။
ပြီးခဲ့တဲ့
မတ်လ (၂၉) ရက်နေ့ မနက်က မိုးညှင်းမြို့နယ်၊ နမ္မားကျေးရွာ၊
ရန်အောင်ရပ်ကွက်မှာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ
နမ္မားကျေးရွာနေ ဦးကံကောင်းဆိုသူ ရွှေကျင်လုပ်သား
တစ်ဦးသည် ဆွမ်ပရာဘွမ်မြို့နယ်၊ ဆွတ်ခါးကျေးရွာ မြောက်ဘက်ရှိ ရွှေမှော်မှ
ပြန်လာစဉ် ချောင်းစပ်အနီး မှာ ထောင်ထားတဲ့ ကေအိုင်အေအဖွဲ့ရဲ့
မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့ကာ မိုင်းစများထိမှန် ခဲ့ပြီး
မြစ်ကြီးနား ပြည်သူ့ဆေးရုံ မှာ တက်ရောက် ဆေးဝါး ကူသမှု ခံနေရကြောင်း
သိရှိရပါတယ်။နေအိမ်အတွင်း ဗလီဆောက်ဖို့ ကြိုးပမ်းသည့်အတွက် ကျောက်ပန်းတောင်းမြို့ခံများ ဝိုင်းဝန်းဖြိုဖျက်
သတင်း-ဘားမားဗီဂျေ
ကျောက်ပန်းတောင်းမြို့

အခုလိုဖြစ်ပွားနေသည့် ပြဿနာအပေါ် ကျောက်ပန်းတောင်းမြို့နယ် နိုင်ငံရေးအသိုင်းအဝိုင်းက ပြောနေကြတာကတော့ “ အရင်တုန်းကတည်းက ကျောက်ပန်းတောင်းက လူမျိုးခြားကုလား လက်မခံတဲ့ မြို့ ဖြစ်တယ်၊ ညအိပ်ညနေတောင် လက်မခံဘူး။ အပြင်ဘက်မှာ ထွက်နေတဲ့အသံက ကျောက်ပန်းတောင်းမှာ ကုလားတွေ ဗလီ ဆောက်တယ်ဆိုပြီး သတင်းရလို့ မြို့ခံတွေ စုပေါင်းပြီး ဝင်ဖျက်နေတာ၊ လူထုက တသောင်းခွဲလောက် ရှိတယ်၊ ကားအစီး ၁၀၀ လောက် ရှိသွားပြီ၊ တကယ်က ကုလားနဲ့ ဘုန်းကြီးနဲ့ ပြဿနာဖြစ်တယ်ဆိုပြီးတော့ အသံထွက်နေတာ” ဟု မြို့ခံ တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။
ဧရာဝတီမြစ်ဆုံစီမံကိန်းအမှန်တကယ် ရပ်တန့်ပါပြီလော.။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်လွှတ်တော်သို့ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် အချက်(၁၀)ပါရှိသော
သဏ်လွှာကိုအောက်ပါအတိုင်းစာအမှတ်နေ့စွဲဖြင့်ပေးပို့ခဲ့သည်။
( ပြည်ထောင်စုသမ္မတနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး စာအမှတ် ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့
ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်........)
သို့သော်ယနေ့ထိတိုင် ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းနှင့်ပတ်သက်နောက်ဆက်တွဲသတင်းများသေချာစွာ
အစိုးရအဖွဲ့အစည်းများမှ ဆက်လက်ထုတ်ပြန်ကြေငြာခြင်းမရှိချေ။ သတင်းမီဒီယာများတွင်လည်းရေးသားဖေါ်ပြခြင်းမရှိချေ။ လောလောဆယ်အများ၏ အာရုံသည်
ဧပြီလတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောလှုပ်ရှားမှု့များတွင် အာရုံစိုက်နေကြရသည်။
Subscribe to:
Posts (Atom)