Sunday, October 9, 2011

ဗိုလ်ချုပ်အောင်ဆန်းကြိုးပန်းခဲ့သော ပင်လုံစာချုပ်


ပင်လုံစာချုပ်


သမိုင်းဝင်ပင်လုံကျောက်တိုင်
ပင်လုံစာချုပ်ကိုဗိုလ်ချုပ်အောင်ဆန်းလက်မှတ်ရေးထိုးနေပုံ



သမိုင်းဝင်ပင်လုံစာချုပ်

ပင်လုံစာချုပ်(၁၉၄၇-ခုနှစ် ပင်လုံစာချုပ်)

မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့်စဖများအားလုံးအပြင် ရှမ်းပြည်နယ်များ၊ကချင်
တောင်တန်းဒေသများနှင့်ချင်းတောင်တန်းဒေသများမှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံ
မြို့တွင် ကျင်းပသည့် အစည်းအဝေးကြီး၌ ကြားဖြတ် မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းလိုက်ခြင်းအားဖြင့်
ရှမ်း၊ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကိုပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်
လာ သူအဖွဲ့ဝင်တို့သည် ကန့်ကွက်သူမရှိပဲ အောက်ပါအတိုင်းသဘောတူညီကြလေသည်။

အာဏာပိုင်အဖွဲ့ အစည်းများမှ အကျင့်ပျက်နေသူများကိုထုတ်ပယ်သင့်ပြီ



လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားလုပ်နေသော အကျင့်ပျက်သူများရှိနေခြင်းကြောင့် လက်ရှိလုပ်ဆောင်နေ တိုင်းပြည်ညှိနိုင်းဆောင်ရွက်ရေးလုပ်ငန်များ။စည်းရုံးရေးများကို အနှောက်အယှက်ဖြစ်စေနိုင်ပါသည်။ လက်ရှိတိုင်းပြည်တာဝန်ယူဆောင်ရွက်နေသောသမ္မတကိုယ်တိုင် အပ်နှင်းထားသောအာဏာသည် မိမိအကျိုးစီးပွားရှာရန်မဟုတ်၊ မိမိဆွေမျိုးသားခြင်းကိုကြည့်ရှု့စောက်ရှောက်ရန်၊အခွင့်အရေးယူရန်မဟုတ်ပေ။ ယခုရှမ်းပြည်မြောက်ပိုင်း၊ သီပေါတွင် (လဝက)(ရယက)က သတ်မှတ်ချက်ထက်ပိုမို ပိုက်ဆံတောင်း နေကြောင်းကို ပြည်သူတဦးကအောက်တွင်ဖေါ်ပြပေးပို့လာသော သတင်းတပုဒ်ဖြစ်ပါတယ်။             

(သတင်း)phoo mu to me
show details 7:19 PM (1 hour ago)

ရှမ်းပြည်မြောက်ပိုင်းသီပေါမြို့မှာဒီလိုတွေဖြစ်နေပါတယ်။
အစိုးရ၀န်ထမ်းများ ရယက များ လုပ်သားပြည်သူများဟာပြည်သူ့ရဲတပ်ဖွဲ့များနှင့်ပူးပေါင်းပြီး
မြို့ပေါ်ရပ်ကွက်တွေမှာညစဉ်ညတို
င်းဧည့်စာရင်းစစ်ခြင်းနှင့်လှည့်ကင်းလှည့်ခြင်းများဆောင်ရွက်
နေပါတယ်။
ဒါ့အပြင် နေ့စဉ်ဗဟိုလုံခြုံရေးကင်းအဖြစ်
သတ်မှတ်ထားတဲ့မြို့နယ်အထွေထွေအုပ်ချုပ်ရဲ့နေအိမ်နဲ့မနီးမဝေး
အဆောက်အဦးမှာည(၈)နာရီ မှမနက်(၆)နာရီအထိလုံခြုံရေးကင်းေ
စာင့်ပေးကြရပါတယ်။ဒီကိစ္စကို
ရုံးအမိန့်စာနဲ့ထွက်တာမဟုတ်ဘြဲ
မို့နယ်အုပ်ချုပ်ရေးမှူးရဲ့နှုတ်မိန့်နဲ့စေခိုင်းချက်အရမလွန်ဆန်နိုင်လို့
ဆောင်ရွက်ကြရခြင်းဖြစ်ပါတယ်။

ပြည်တွင်းဖြစ်ကိုအားပေးပါ။တရုတ်ပစ္စည်းများ တရားမဝင်တင်သွင်း

ယခုအချိန်သည် တိုင်းပြည်ထူထောင်လာရန် ပြည်ပသွင်းကုန်များကို ဦးစားမပေးသင့်ပေ၊
သွင်းကုန်လုပ်ငန်းဖြင့်စီးပွားတည်ဆောက်နေသူများသည် ပစ္စည်းအထည်လိုက်ဝယ်ယူတင်သွင်းတာ
ထက် နည်းပညာလုပ်နည်းလုပ်ဟန်များကို ကြံဆောင်သင့်သည်။
တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှု လက်မှုလုပ်ငန်းများ ရပ်နားရသည်အထိ ရှိနေ
Sunday, 09 October 2011 11:55
723
တရုတ်နိုင်ငံမှ တင်သွင်းလာသော လယ်ယာသုံး စက်ကိရိယာ အပိုပစ္စည်းများ
တရုတ်နိုင်ငံမှ နည်းမျိုးစုံဖြင့် ၀င်ရောက်လာသော ကုန်ပစ္စည်းများကြောင့် ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းများ ရပ်နားရသည်အထိ ရှိလာကြောင်း သိရှိရသည်။
“ကျွန်တော်တို့ မန္တလေးစက်မှုဇုန်ထဲမှာ ဆိုရင် တချို့စက်မှုလက်မှု လုပ်ငန်းတွေ အလုပ်ပြောင်းလုပ် ကုန်ကြတယ်။ တချို့လည်း မရပ်တည်နိုင်တော့တဲ့အတွက်  လုပ်ငန်းပိတ်သိမ်းသွားကြတယ်။ အခုဆိုရင် စက်မှုဇုန်ထဲမှာ မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း၊ တစ်စိတ်တစ်ပိုင်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ ကားဝပ်ရှော့လုပ်ငန်းနဲ့ ကားဘော်ဒီလုပ်ငန်းတွေပဲ အလုပ်ဖြစ်တော့တာတွေ့ရတယ်” ဟု မန္တလေးစက်မှုဇုန်ရှိ စက်မှုလက်မှု နှင့် စက်ကိရိယာ တီထွင်မှုလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဂီရိ တနှစ်ပြည့်တော့မည် ဖြစ်သော်လည်း အစိုးရ၏ လျစ်လျူရှု့မူကို မုန်တိုင်းသင့် ပြည်သူများ ခံနေကြရဆဲ

(သတင်း)မောင်အေး
ယခုလ ၂၂ ရက်နေ့တွင် ဂီရိ မုန်တိုင်း တိုက်ခတ်ခဲ့သည်မှာ တနှစ်ပြည့်မြောက်တော့မည် ဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရ၏ လျစ်လျူရှု့မူကို မုန်တိုင်းသင့် ရခိုင်ပြည်သူများ ခံနေကြရဆဲ ဖြစ်သည်။

Giri-area--in-Maybon-Arakan မုန်တိုင်းသင့်ဒေသ တချို့တွင် သောက်ရေ ရရှိရန် ယခုကဲ့သို့ ချောင်းကို ဖြတ်ပြီး ခက်ခက်ခဲခဲ သယ်ယူကြရသည်။ (ဓါတ်ပုံ - နိရဉ္စရာ)
မုန်တိုင်း အဓိ တိုက်ခတ်ခဲ့ရာ နေရာ ဒေသများ ဖြစ်ကြသည့် ကျောက်ဖြူ၊ မြေပုံ၊ အမ်းနှင့် ပေါက်တောမြို့နယ်များမှ မုန်တိုင်းသင့် ပြည်သူများမှာ ယခု အချိန်ထိ အိမ်ယာများ ဆောက်လုပ် နိုင်ခြင်း မရှိသည့် အပြင် အစားအသောက် မဖူလုံခြင်း၊ သောက်သုံးရေများ မရရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မူ ကင်းမဲ့ခြင်းများနှင့် ရင်ဆိုင်နေကြရသည်။

တရုတ်နှင့်ပတ်သက်သောနောက်ဆက်တွဲများ

အခုအချိန်မှာ မြန်မာနိုင်ငံဘက်က မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းထား လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက် ဘယ်လို တုန့်ပြန် လာနိုင်သလဲ ဆိုတာ အမျိုးမျိုး မှန်းဆနေ ကြပါတယ်။ မြစ်ဆုံကိစ္စကို ဘယ်လို တုန့်ပြန်မလဲ ဆိုတာဟာ နောက်ထပ် မြန်မာနိုင်ငံထဲမှာ တရုတ်အတွက် ဘာအကျိုး စီးပွားတွေ ရှိနေသေးသလဲ၊ အဲဒါတွေက သူ့နိုင်ငံအတွက် ဘယ်လောက် အရေးကြီးသလဲ ဆိုတဲ့ အချက် ပေါ်မှာလည်း မူတည်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံ အပေါ်မှာ ရှိနေတဲ့ တရုတ်ရဲ့ ရည်မှန်းချက်တွေ၊ အကျိုးစီးပွား တွေက ဘာတွေ ဖြစ်နိုင်သလဲ။
စွမ်းအင် ( ရေနံနဲ့ ဓာတ်ငွေ့ပိုက်လိုင်း၊ ရေအားလျှပ်စစ်)
၂၀၁၀ ဇွန်လက စပြီး တရုတ်ဘက်က ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းနဲ့ ဓာတ်ငွေ့ ပိုက်လိုင်းကို စတည်ဆောက် နေပြီ။ ဒီ ပိုက်လိုင်း ပြီးသွားရင် မလက္ကာ ရေလက်ကြားကို မှီခိုနေရတဲ့ တရုတ်အတွက် အတော် စိတ်သက်သာရာ ရမယ်။ အခု တရုတ်အတွက် ရေနံ ၈၀% ကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနေယူနေရပြီး အဲဒါအားလုံးဟာ မလက္ကာ ရေလက်ကြားကို ဖြတ်ပြီး သယ်နေရတာ ဖြစ်တယ်။ မလက္ကာ ရေလက်ကြားက အကြမ်းဖက်မှု၊ ပင်လယ် ဒါးမြတိုက်မှုတွေကြောင့် ပိတ်သွား နိုင်သလို အမေရိကန်နဲ့ ပဋိပက္ခ ပြင်းထန်ချိန်မှာ အမေရိကန်ဘက် ကလည်းအချိန်မရွေး ပိတ်လို့ရတယ်။ နောက်ဆုံး တောင်တရုတ် ပင်လယ် ဋိပက္ခကြောင့် အာဆီယံ နိုင်ငံတွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့ရင်တောင် အာဆီယံ နိုင်ငံတွေက ပိတ်ထားလို့ ရတဲ့နေရာ မျိုး ဖြစ်တယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံက ဖြတ်သွားတဲ့ ရေနံပိုက်လိုင်းဟာ မလက္ကာ ရေလက်ကြားကို လုံးလုံး မှီခိုနေရတဲ့ အခြေအနေကို သက်သာစေမှာ ဖြစ်တယ်။ ဒါဟာ တရုတ်အတွက် မဟာဗျူဟာ စီမံကိန်းပဲ။

တရုပ်ကတုန့်ပြန်လျှင် ပြည်သူများလက်မခံ

 အွန်လိုင်းမှ ရင်ဖွင့်ထားတာ ကိုဖေါ်ပြလိုက်တာပါ။ ပြည်သူတစ်ယောက်ရဲ့ခံစားမှု့အသံပါ။
တိုင်းပြည်မှာညီညွတ်ကြမယ်ဆိုယင် ဘယ်သူကဘာလုပ်ရဲမှာလည်း-

မြန်မာနိုင်ငံအပေါ် တရုပ်အစိုးရနဲ့တရုပ်ကုမ္မဏီအနေနဲ့
အရေးယူမယ်။ သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုရင်  မြန်မာပြည်သူတွေအနေနဲ့ ကျွန်တော်တို့တိုင်းပြည်အတွက် တရုပ်အစိုးရကို ၀ိုင်းဝန်း ဆန့်ကျင်ရပါလိမ့်မယ်။ ရန်ကုန်မြို့မှာရှိတဲ့ တရုပ်သံရုံးကို  စုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်စာပို့ရမှာဖြစ်ပါတယ်။

Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့ 

 

Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့  အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ်အောင်မြင်စွာနဲ့  ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီ င်္အဖြူလေးတွေ တူညီ ၀တ်စုံဝတ်ဆင်ထားတဲ့ လူငယ်အများပြားကိုမြင်တွေ့ ရတဲ့အခါ သူတို့ အဖွဲ့ ရဲ့ အင်အားဟာ
စုစုစည်းစည်းနဲ့  ကျစ်လျစ်စွာ တည်ရှိနေတယ်လို့  ခန့် မှန်းမိပါတယ်။နိုင်ငံရေးအကျဉ်းသား
မိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ ဝင်များ၊၈၈ မျိုးဆက်ကျောင်းသားများနဲ့ နိုင်ငံရေး 
ပါတီတချို့ မှ ပုဂ္ဂိုလ်များ၊စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား ၃၀၀နီးပါး တက်ရောက် အားဖြည့်ကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ဝေဖန်ခံရ

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဝန်ကြီးချုပ်
  ရင့်လတ်ရှင်နာဝတ်  မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မစ္စရင့်လတ်ရှင်နာဝတ် ဟာ သမ္မတကြီး
ဦးသိန်းစိန်၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှမင်း အစရှိသည့် တာဝန်ရှိသူ  အများအပြားနှင့်တွေ့ဆုံခြင်းများ၊ ဆွေးနွေးခြင်းများနှင့် ညစာ အတူ

  စားသုံးခြင်းများ ကို အခမ်းအနားဖြင့် စည်းကားစွာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

  ဆွေးနွေးပွဲများနှင့် ညစာ စားပွဲများ အပြီးမှာ ဝန်ကြီးချုပ်  ရင့်လတ်ရှင်နာဝတ်
  အတွက် အချိန် ပိုနေသေးလို့ နေပြည်တော်တွင်းမှာ လှည့်လည် လျှောက်ပတ်
  ကြည့်ရှုခဲ့ပါတယ်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သို့ ဘုရားဖူး  ထွက်ခဲ့တဲ့
  အပြင် ဆင်ဖြူတော်ကိုပါ သွားရောက် တွေ့ဆုံခဲ့ပါတယ်။
  ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သွားရောက် တွေ့ဆုံခြင်း
  မရှိခဲ့ပါဘူး။  ရင့်လတ်ရှင်နာဝတ် မလာခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုပြီး
  ကောလဟာလတွေ ထွက်လာခဲ့ပေမယ့် တကယ်တမ်းကျတော့ မတွေ့ခဲ့ပါဘူး။
  "ရင့်လတ်ရှင်နာဝတ် မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အချိန်မရှိဘူး" လို့  အတူလိုက်ပါသွားတဲ့ 
  ထိုင်းအစိုးရ အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် အမျိုးသမီး မစ္စ တီတီမာ  ချိုင်စမ်းက RFA  ကို ပြောခဲ့ပါတယ်။
 အခုလိုထိုင်းနိုင်ငံ အမျိုးသမီးဝန်ကြီးချုပ် အသစ်ဟာ မြန်မာနိုင်ငံကိုလာရောက်သော အကြောင်းရင်းကိုနဲ့
နောက်ကွယ်က ရည်ရွယ်ချက်တွေကို ပြည်သူတွေဝေဖန်သုံးသပ်နေကြပါတယ်။
လူအများစုက ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်ကိုမတွေ့ဆုံးခြင်းဟာ
ဆင်ဖြူတော်၊ပြောင်ကြီးနှင့်လာရောက်တွေ့ဆုံသောထိုင်းဝန်ကြီးချုပ်
ရိုင်းပြစော်ကားကြောင်းပြောဆိုဝေဖန်သုံးသပ်ပါတယ်။
တိရစ္ဆာန်နဲ့လာတွေ့သော ထိုင်းဝန်ကြီးချုပ်
     လူနည်းစုတချို့တချို့က အဲလိုဖြစ်ရပ်အပေါ်ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံဘို့ အချိန်မရတာကို တွေ့စရာ မလိုအပ်ဖူးလို့ယူဆတဲ့သူတွေ အွန်လိုင်း မေးလ်ဂရုတွေမှာ အထေ့အငေါ့လေးတွေနဲ့ရေးသားနေကြပါတယ်။ အွန်လိုင်းစာမျက်နှာများမှာ လူငယ်တွေကတော့တွေ့ဖို့မလို
ကြောင်းဝေဖန်ရေးသားတဲ့ စစ်အုပ်စုအောက်ဆွဲများကို ပြတ်ပြတ်သားသားပဲ တိရစ္ဆာန်နဲ့တန်လို့ ဆင်နဲ့လာ
တွေ့တာလို့၊ဒေါ်အောင်ဆန်းစုကြည်နဲ့မတွေ့တာ စိတ်မကောင်းဖြစ်စရာမလိုကြောင်း၊ဒေါ်အောင်ဆန်းစုကြည်
ကိုကမ္ဘာအရပ်ရပ်ခေါင်းဆောင်းတွေကြည်ညိုလေးစားကြောင်း၊တွေ့ဆုံချင်ကြကြောင်း။ထုတ်ဖေါ်ပြော ဆိုကြပါတယ်။
       နောက်ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင့်လတ် လာရောက်ခြင်းသည်မြန်မာပြည်အကျိုးစီးပွားထက် ထိုင်းနိုင်ငံ
အကျိုးစီးပွား၊ အိမ်နီးခြင်းကောင်းမိတ်ဆွေတစ်ယောက်အနေနဲ့ အပြုသဘောဆောင် ချစ်ကြည်ရင်းနှီးမှု့
မဟုတ်သည်မှာ ထင်ရှားကြောင်းလူထုကဝေဖန်သုံးသပ်ပါတယ်။ 
       စစ်တပ်နဲ့ နီးစပ်ရာ အသိုင်းအဝိုင်း အုပ်စုနဲ့ အောက်ဆွဲနောက်လိုက်များက တော့ ပြည်သူနဲ့ အမြဲ
ဆန့်ကျင် ကန့်လန့်လုပ်လျှက်ဆိုတာ မှားမည်မဟုတ်ပါ။
အဲလိုကန့်လန့်လုပ်နေသော သူများရဲ့စော်ကားမော်ကားပြောဆိုနေသူများရဲ့ဘလောက်ကို

စနေထောင့်ပန်းလှုခဲ့တဲ့LPJ-ကိုသိန်းတန်(မြန်မာပြည်)

မြန်မာပြည်သိန်းတန်နှင့်တွေ့ဆုံခြင်း
မြန်မာပြည်မှာ ပြန်လည်နေထိုင်ဖို့အစီအစဉ်တော့ လောလောဆယ် မရှိသေးပါဘူး
Posted on Oct 07 11 - 08:10 PM | Hits : 1451
မြန်မာပြည်သိန်းတန်နှင့်တွေ့ဆုံခြင်း
စနေထောင့်ပန်းလှုခဲ့တဲ့LPJ-ကိုသိန်းတန်(မြန်မာပြည်)
၁၉၈၈ ခုနှစ် စက်တင်ဘာလကုန်ကတည်းက မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့တဲ့ အဆိုတော် မြန်မာပြည်သိန်းတန် နှစ်ပေါင်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် အမိမြေကို အဆိုတော် ဇော်ဝင်းထွဋ်ရဲ့ စီစဉ်မှုနဲ့ ပြန်လည်ရောက်ရှိလာပါတယ်။ အသက်အရွယ်ကြီးရင့်သွားပေမယ့် အသံတော့ မပျက်စီးသေးတဲ့ ၄င်းရဲ့ဖျော်ဖြေပွဲတွေကို ရန်ကုန်နဲ့ မန္တလေးမြို့မှာ အောက်တိုဘာလအတွင်း ကြည့်ရတော့မှာဖြစ်လို့ မြန်မာပရိသတ်နဲ့ ဝေးကွာနေချိန်အတွင်း သိန်းတန်(မြန်မာပြည်)ရဲ့ အပြောင်းအလဲတွေကို မေးမြန်းခဲ့ပါတယ်။


ညီနောင်ဘွား တိုင်းရင်းသားများ သို့ မိုးသီးဇွန်ပေးစာ 10/08/2011

 
မင်းကိုနိုင်၊( ဥက္ကဋ္ဌ ) မိုးသီးဇွန်(အထွေထွေအတွင်းရေးမှူး) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်-၁၉၈၈
Pictureညီနောင်ဘွား တိုင်းရင်းသားများ သို့  မိုးသီးဇွန်ပေးစာ
  လေးစားအပ်ပါသော ညီနောင်တိုင်းရင်းသားများခင်ဗျား

ကချင်နဲ့  မြန်မာ စစ်တပ်ခေါင်းဆောင်နဲ့ စကားပြောနေတာကိုကြည့်ပြီး ကျနော်စိတ်မကောင်းဖြစ်မိတယ်။

၁- အစိုးရသစ်ပြောရမှာ ဘာကြောင့် စစ်ဗိုလ်တယောက်က ဦးဆောင်ပြောနေတာလဲ။ စစ်တပ်က အရေးကြီးတဲ
့ဆုံးဖြတ်ချက်တွေမှာ လက်ဝါးကြီးအုပ်နေတုံးဖြစ်တယ်ဆိုတာကို ပြနေတယ်။

၂-မြန်မာ ပဒေသရာဇ်ခေတ် တုံးကမှာ တိုင်းရင်းသားတွေဟာ ကိုယ်မင်းကိုယ်ပြည်နယ်နေခဲ့ရသေးတယ်။ 
သမိုင်းမှာပြန်ကြည့်ပါ။အနော်ရထာခေတ်၊ တပင်ရွှေထီးခေတ်၊ ဘုရင့်နောင်ခေတ်၊ အလောင်းဘုရားခေတ်တွေမှာ မြန်မာနဲ့ တိုင်းရင်းသား တွေစစ်ပွဲတွေဖြစ်ခဲ့တယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဟာ ပဒေသရာဇတ်ကို ပဏ္ဏာဆက်သ ရသော်ငြား၊ ကိုယ်မင်းကိုယ်ချင်းနေရတယ်။
ကိုယ်နယ်ကိုယ်အုပ်ချုပ်ရတယ်။ ကိုယ်ယျဉ်ကျေးမှုတွေကိုကိုယ်ကျင့်သုံးခွင့်ရခဲ့တယ်။ 

ဟိုပင်ဘူတာအနီး ဗုံးကွဲ၊ သံလမ်းပျက်စီး

2011-10-08  (သတင်း)RFA
ပြီးခဲ့တဲ့သောကြာနေ့ ညဦးပိုင်းက ဟိုပင်မြို့ ဘူတာရုံအနီးမှာ ဗုံးပေါက်ကွဲတဲ့အတွက် ရထားလမ်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့ နေရာကို ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ မြို့ခံတယောက်က သံလမ်းတချို့ ပျက်စီးနေတာ မြင်ခဲ့ရတယ်လို့ RFA ကို ပြောပြပါတယ်။

ကိုကျော်သူ၏စိတ်ခံစားမှု့ဖြစ်လာလျှင်

လူမှု့ရေးကိစ္စတွေဆောင်ရွက်နေတဲ့ကိုကျော်သူ၊ရုပ်ရှင်လောက ကနေအနားယူခဲ့ကတည်းက
မုတ်ဆိတ်တွေအရှည်၊ဆံပင်တွေအရှည်ကို ထားပြီးသူ့ခံယူချက်နဲ့ ရပ်တည်ရှင်သန်နေဆဲကိုကျော်သူ
က ဧရာဝတီမြစ်ဆုံ စီမံကိန်းကို နိုင်ငံတော်သမ္မတမှ ရပ်ဆိုင်းလိုက်ခြင်းနဲ့လွှတ်တော်ကိုသဝဏ်လွှာပေးပို့ဖတ်ကြားသည့်နေ့တွင် ၄င်း၏နှုတ်ခမ်းမွှေး၊မုတ်ဆိတ်မွှေး
များရှင်းလင်းလိုက်ခြင်းဟာ တိုက်ဆိုင်မှု့တခုသာ ဖြစ်ပါတယ်လို့ ထုတ်ဖေါ်ရှင်းပြပါတယ်။ တိုင်းပြည်မှာပြည်သူ
တွေကောင်းကျိုးချမ်းသာရဖို့ကို ရည်ရွယ်ပြီးအဓိဌာန် ကိုးရက်ဝင်ခဲ့ပြီးနောက်နေ့မှာ စိတ်ထဲကထူးထူးခြားခြား
ဖြစ်လာလို့ ရိတ်လိုက်ခြင်းသာဖြစ်ပါတယ်။ဒီစီမံကိန်းရပ်နားလိုက်လို့ မဟုတ်ကြောင်းနဲ့ တိုက်ဆိုင်မှု့တခုသာလို့
ကိုကျော်သူကဆိုပါတယ်။  သို့သော်လည်း အကျဉ်းသားများလွတ်မြောက်လာလို့ စိတ်ခံစားမှု့တခုဖြစ်လာရင်
ဆံပင်ပါ ညှပ်ဖို့ အစီအစဉ်ရှိကြောင်းကိုထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ထူးခြားမှုမရှိရင် နှုတ်ထွက်မယ်လို့ ရခိုင်ဝန်ကြီး ပြောဆို

2011-10-08   (သတင်း) RFA
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နှုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
ဦးဇော်အေးမောင်(ဓါတ်ပုံ-ပြည်သူ့အော်သံ)
ဒီအခြေအနေတွေကြောင့် သူ့အနေနဲ့ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးရာထူးကနေ နှုတ်ထွက်မှာဖြစ်ပေမယ့် လွှတ်တော်အမတ်တဦး အနေနဲ့တော့ ဆက်လက် ရပ်တည်မယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

“ကျနော် အခု ၆ လရှိပြီ၊ ကျနော် ခံစားရတာ မခံစားနိုင်တော့ဘူး။ နောက် ၆ လ မထူးရင် နှုတ်ထွက်တော့မယ်။ ဖွဲ့စည်းပုံကိုင်ပြီး ကျမ်းကျိန်ပြီး လုပ်တဲ့ အစိုးရအဖွဲ့က ဖွဲ့စည်းပုံကို မလိုက်နာတော့ ကျနော်က နစ်နာနေရတယ်။ အဲဒီတော့ ကျနော်လည်း ကြာကြာမခံနိုင်ဘူးလေ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို လေးစား လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ မလေးစား မလိုက်နာရင်တော့ ကျနော်လည်း မလုပ်ချင်တော့ဘူး”

ဦးဇော်အေးမောင်ဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ကနေ ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးချယ်ခံခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။

စစ်တပ်က လူမဆန်သောအုပ်ချုပ်မှု့များ

တိုင်းပြည်မှာစားဝတ်နေရေးကျပ်တည်းတယ်။ပညာရေးကလည်း ခက်ခဲတယ်။
ငွေမရှိယင် အစဉ်မပြေဘူး။ကျောင်းတက်တော့လည်း စာအုပ်ဖိုး၊ဆရာ၊ဆရာမကြေး၊ ဘာကျေးညာကျေး
တွေ ပေးရတော့ မပေးနိုင် ကျောင်းမှာ မျက်နှာငယ်ရ၊ ကျောင်းစာသင်မနေတော့ပါဘူး။
ကြုံရာကျဗမ်းလုပ်ပြီး မိဘကို ရှာကျွေးမယ်စိတ်ကူးလိုက်တယ်။ ဒါနဲ့ အုတ်သယ်တာလေးလုပ်လိုက်၊
အငှားထမ်းတာလေးလုပ်လိုက်။ မိဘကို ရှာကျွေးလိုက်။ ညီအငယ်။ည်ီမငယ်တွေက ရှိသေးတယ်။
ငါကျောင်းမနေနိုင်ပေမဲ့ ညီ၊ညီမလေးတွေကို ရင်ထဲမှာကျောင်းစာသင်စေချင်နေမိတယ်။
      ငါလုပ်နေတဲ့ အလုပ်ကလည်း လုပ်ရလိုက်မလုပ်ရလိုက် ၊ ရတော့လည်း မိသားစု အရွက်ပြုတ်ပြီး
ငါးပိရည်လေး ကောင်းကောင်းတောင် သိပ်စားမလောက်တဲ့ဝင်ငွေ နဲ့ ဘယ်လိုအငယ်တွေကို ကျောင်းထား
ပေးနိုင်မှာလည်း။ ဒီလိုနဲ့ တရက် သင်အားတပ်မတော်မှ အလိုရှိတယ်တဲ့။ စစ်တပ်ထဲမှာ စစ်ယူနီဖေါင်းနဲ့
ထမင်းလည်းစား အဝတ်လည်းပူစရာမလို ၊ လစာလည်းရအုံးမယ်။ ရိက္ခာလည်းရအုံးမယ်။ ဆိုယင်ရတဲ့လစာ
ကိုမိဘတွေပြန်ထောက်ပန့်နိုင်မှာပေါ့ ။ ငါကတကိုယ်ရည်သမားပဲ စစ်တပ်ကထမင်းစားနေပြီး၊စစ်ယူနီဖေါင်း
နဲ့လည်းပြီးတာပဲလို့တွေးလိုက်မိတယ်။ငါကြိုးစားရင်ရာထူးလည်းတက်နိုင်တာပဲ၊ ပညာလည်းသိပ်တတ်စရာ
မလိုဘူး။ရေးနိုင်ဖတ်နိုင်ဆိုယင်ရတာပဲ။
      တိုင်းပြည်မှာ လူငယ်ဘဝပေါင်းများစွာ ဘဝတွေကိုခါးသီးစွာဖြတ်သန်းရတဲ့အခါ။ ကူညီမှု့ပန့်ပိုးမှု့
ဖေးမမှု့တွေမရှိတဲ့ အခါ မှာ စစ်တပ်ဟာ ထိုလို ဘဝပေါင်းများစွာကို သိမ်းယူလိုက်ပါတယ်။
စစ်တပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ရည်ရွယ်ချက်တွေလည်း ကြီးမားမှု့မရှိတော့ပါဘူး။ အသေခံတပ်သားတွေအဖြစ်
လွယ်ကူစွာ ရွေးချယ်လိုက်ခြင်းပါ။ကိုမင်ဒို လို့ခေါ်ရလောက်သောစစ်သားကောင်း၊ပညာအရည်အခြင်း၊စစ်စွမ်း
ရည်မြင့် ရွေးချယ်ခြင်းမဟုတ်ပဲ အရည်အတွက်ကိုရွေးချယ်ယူလိုက်ပြီး တိုင်းရင်းသားစစ်ပွဲတွေမှာ အသုံးချခံ
စစ်သားဘဝကိုရောက်သွားတော့တာပါ။စည်းကမ်းမဲ့ စနစ်၊ အုပ်ချုပ်ရေး၊နည်းမရှိ ဖြစ်ချင်တိုင်းဖြစ်နေ၊
တရားဥပဒေဆိုတာ ဘာတခုမရှိ၊မသိ တဲ့ လူလူခြင်းအင်းအား၊အာဏာနဲ့အုပ်ချုပ်အနိုင်ကျင့်နေကြတဲ့
အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို လှစ်လျှုရှု့ထားတဲ့ အပေါ်က အရာရှိတွေ၊ မသိချင်ယောင်ဆောင်
နေကြပါလား၊မြင်တွေ့နေတဲ့သူတွေလည်းမကယ်နိုင်၊အဖြေရှင်းပေးနိုင်နဲ့ တိုင်းပြည်ရဲ့ဖြစ်နေပုံကိုအောက်
ကဗီဒီယို ဖိုင်ကိုကြည့်ပြီးသုံးသပ်ကြပါ။
(ပြည်သူ့အော်သံ)

ထင်ကျန်နေသော အမာရွတ်များ

ထင်ကျန်နေသောအမာရွတ်များလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ အတိုချုပ်ပြောရယင် ၁၉၈၈ မှာအရွယ်ရောက်နေသူတိုင်း မှတ်မိကြသော အဖြစ်အပျက်များဟာ ယနေ့တိုင်မေ့ပျောက်မရဘူးဆိုတာငြင်းမရပါဘူး။ ၁၉၈၈ အရှေ့ ပိုင်း-၁၉၆၂ ကနေ စစ်တပ်ဟာအာဏာသိမ်းခဲ့ပြီး ဦးနေဝင်းဟာတိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။၁၉၈၈ ခုကိုရောက်လာတော့
တိုင်းပြည်မှာ လူထုအုံကြွမှု့ဖြစ်လာခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အမျိုးမျိုးသောပြည်သူတွေ ရဲ့ခံစားမှု့တွေဟာ
တိုက်ဆိုင်သောအခွင့်ရေးရချိန်မှာ လူထုအားလုံးပါဝင်ခဲ့တဲ့ လူထုဆန့်ကျင်မှု့ကြီးဟာ တိုင်းပြည်တခုလုံးမှာ
ပြီတော့ရမ်းကားသူတွေက တိုင်းပြည်ဆူအောင်လုပ်တယ်လို့ယုတ်မာစွာစွတ်စွဲခဲ့တယ်။
တပြိုင်တည်းဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီအချိန်မှာ ပြည်သူတွေအားလုံးကို လက်နက်နဲ့ကိုင်တွယ်ဖြေရှင်းခဲ့တဲ့
၁၉၈၈.၈.၈ မှာပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ခဲ့တယ်


အဆက်ဆက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ပြည်သူများဟာဒီနေ့ထိ ခဲမှန်ထားတဲ့ စာငှက်လို လေးသံကို လန့်နေတုန်းပါပဲ။
         ဒါကြောင့် တိုင်းပြည်မှာ လက်ရှိ တာဝန်ယူနေသော သိန်းစိန် သမ္မတ လက်ထက်မရောက်ခင်လေး
သန်းရွှေ ဟာ ယခု မကြာခင်လေးတွင် တိုင်းပြည်အပေါ်လုပ်ချင်တာတွေ လုပ်ပြီး အသံတိတ်နေနေပါတယ်။ရွှေဝါရောင်တော်လှန်ရေးကို သန်းရွှေ နှိမ်နင်းပစ်သတ် ခွင့်ပေးခဲ့တာပါ။
သတင်းစာမှာ ဆောင်းပါရေးသူတွေဟာ သံဃာတုတွေပါလို့စွတ်စွဲရေးသားတယ်။

ပြီးတော့ ချက်ခြင်းဖြေရှင်းချက်မပေးပါဘူး။ တိုင်းပြည်ကလူတွေသွေးဆူနေတုန်း စစ်တပ်ဟာ လုပ်ချင်တာ
လုပ်ပြီးဖြေရှင်းချက်မပေးပါဘူး။နှစ်အတန်လေး ကြာပြီးယင် သတင်းစာ၊ဆောင်းပါး၊ မသိမသာ-နောက်သိသိသာသာ ဝါဒဖြန့်လေ့ရှိပါတယ်။ သံဃာတုယောင်၊ကျောင်းသားအယောင်ဆောင်၊တို့ဆိုတာတွေနဲ့ ရောနှောပြီး ပြည်သူတွေအပေါ် အမြဲတမ်း လှည့်စား၊လိမ်ညာ ပြောဆိုပြီး မတရား ကြံဆောင်ခဲ့ပါတယ်။ အဲလိုအချိန်တွေမှာတဆက်တည်း
တိုင်းပြည်က အသက်၊ဝါတော်ကြီးကြီးဆရာတော်တွေကို ဘွဲ့တော်ချီးမြှင့်တာတွေ၊ အလှုအတန်းလုပ်တာ
တွေ သတင်းစာတွေ၊ တီဗီသတင်းတွေမှာ နေ့စဉ်လိုဖေါ်ပြပြီး ပြည်သူကို လှည့်စားခဲ့ပါတယ်။
ဒါတွေဟာ လူမဆန်အောက်တန်းကျပြီး ယုတ်မာလွန်းလှသော အဆက်ဆက် နေဝင်း၊သန်းရွှေ တို့အကြီး
 သံဃာတုတွေလို့ပြောထွက်တယ်။ဒါဟာသံဃာတော်အစစ်တွေပါ။
မားဆုံးတိုင်းပြည်အပေါ် အနိုင်ကျင့်ခဲ့ခြင်းပါ။ဒါတွေကိုပြည်သူတွေမမေ့ပါ။ မေ့အောင် နှစ်သုံးဆယ်၊လေးဆယ် စစ်တပ်ဟာ ပုံစံ
တွေပြောင်းလည်း ပြည်သူတွေအပေါ် တရားဝင်ထုတ်ဖေါ်ပြီး စစ်တပ်ဟာ မှားခဲ့ပါတယ်။ ဘယ်ခေါင်းဆောင်
တွေလက်ထက်မှာ တိုင်းပြည်လူထု အပေါ် စော်ကားမိခဲ့ပါတယ် လို့ထုတ်ဖေါ် မပြောမချင်း ပြည်သူတွေ
နေဝင်းဟာတိုင်းပြည်လူထုကို သေနပ်နဲ့ အနိုင်ကျင့်သူဖြစ်တယ်။
ဒဏ်ရာဟာပြေပျောက်နိုင်မယ် မထင်ပါ။
  ခလေးလိုပဲပြောပြော လူကြီးဆန်ဆန်ပြောပြော ယောကျာ်းမဆန်လှလွန်းတယ်လို့မြင်ပါတယ်။အသက်အရွယ်အားဖြင့်လည်း စစ်တပ်ယူနီဖောင်းဝတ်ထားလို့သာ ကျားကျားယားယားပုံသဏ္ဍန် မြင်နေရပေမဲ့ သေရမှကိုအင်မတန်မှ
သန်းရွှေဟာသူ့ဖအေ ထက်သာအောင်ဘုန်းကြီးပါမကျန်သတ်တယ်။
ထိတ်လန့်နေပုံပါ။ မကောင်းတာလုပ်ပြီး သေတဲ့ထိ အိမ်တွင်းပုံးနေရသော ဘဝပါ။
         ယခု ဦးသိန်းစိန် အလှည့်မှာ ဧရာဝတီ မြစ်ဆုံ ကိစ္စကို တိုင်းပြည်နဲ့အဝှန်းက လက်မခံတာကိုသိနေ
ပါတယ်။ ဒီမှာ ဦးသိန်းစိန်ဟာ ပြည်သူများလိုအင်ကို လိုက်လျှောလိုက်တဲ့အတွက် ယခု ပြည်သူများအနေ
နဲ့ လက်ရှိမှာ အပြောင်းအလည်းတခုကို စိတ်ကျေနပ်စရာ တခုကို ရလိုက်တဲ့အတွက် အတိုင်းတာတခု
ပြည်သူများနဲ့ ဆက်ဆံရေး ညှိနှိုင်းရေးလေးတွေ မီးစိမ်းပြသောသဘောသက်ရောက်ခဲ့ပါတယ်။
        စွမ်းအင်ဝန်ကြီးဇော်မင်းပြောဆိုမှု့နဲ့ဆိုလျှင် ဧရာဝတီ ကိစ္စသည် ဘယ်အတိုင်းတာထိ သက်ရောက်
သွားမည်ဆိုတာ ပြောမရနိုင်ပါ။ ၈၈၈၈ ရဲ့ အဆပေါင်းများစွာ ပိုအင်အားကြီးမားသောအခြေအနေကိုရောက်
သွားနိုင်ပါတယ်။ ယနေ့ထိတိုင်ပြည်သူများအသံ၊ ပြည်သူများအသည်းမှာ ဒဏ်ရာတွေ၊ အမာရွတ်ဟောင်း
တွေ ထင်ကျန်နေတယ်ဆိုတာအောက်မှာ ကိုမိုးကြီးရေးသားထားတဲ့ emil ထဲကပါ။ ယနေ့လူငယ်တွေ
ဖြစ်စဉ်တွေကို ကိုယ်တိုင်မကြုံလိုက်ရတော့ အဖြစ်မှန်တွေ ဘယ်လိုဆိုတာ ရေးသားထားတာတွေ၊ပြန်လည်
ပြောဆိုသံတွေကြားမှာ ၊ လက်ရှိအစိုးရ ကလုပ်ပေးကိုင်ပေးနေတာတွေ ကို ကောင်းနေတာပဲလို့ အကျွင်းမဲ့
ယုံစားမှာ ဘယ်လိုတိုင်းပြည်ကို အုပ်ချုပ်ခဲ့တယ်။ဆိုတာတွေကို နောက်တက်လာမဲ့လူငယ်တွေကို နား
လည်စေချင်၊သိစေချင်၊ တိုင်းပြည်ကို တိုးတက်ပြောင်းလည်းပြီး သူများတိုင်းပြည်တွေနည်းတူ ကောင်းမွန်
တဲ့စနစ် တခုကို ရောက်စေချင်တာ မျိုးဆက်ဟောင်းလို့ ပြောတဲ့ အရွယ်လွန်တွေရဲ့ ရင်ထဲကစေတနာ
တွေလို့မြင်စေချင်ပါတယ်။(ပြည်သူ့အော်သံ)




တိုင်တော့တိုင်... အရင်ဟာတွေမပါကြေး

သူငယ်ချင်းတို့ ရေ

ပြောရင် အပြစ်ရှာတယ် ဖြစ်ဦးမယ်။ ကြံ့ ဖွံ့ ခေါင်းဆောင်
၊ဗိုလ်ချုပ်လူထွက်၊အရပ်သားယောင်
ဆောင်နေတဲ့ ဦးသိန်းစိန်ကြီးကိုမြင်ရတာ
ဒေါက်တာမောင်မောင် ကြီးနဲ့ တောင်ပိုတူလာသလိုလို။ ခုမှ ၁၉၈၈ ကိုရောက်သေးတယ်။
တောက်။။ကွာတာဆိုလို့  ငါကတော့ ၂၃ နှစ်ပြန်မဖြစ်တော့တာတခုဘဲ။၈၈
တွေလည်းတရားရုံးကချပြီးသား။လွတ်
လာတဲ့သူတွေလည်းတရားရုံးက
ချပြီးသာ။သေကုန်တဲသူတွေလည်းတရား
ရုံးကချပြီးသား။ ဦးတင်အောင်ဟိန်းတို့  ၈၈ မှာ
ကော်မရှင်ဖွဲ့ တုန်းက ကိုဇာဂနာ တို့ ၊မဌေး (ဦးသန့် အရေးအခင့်းတုံး က နို့ ကို
စီးကရက်မီးနဲ့ တို့ ပြီးအစစ်ခံခဲ့ရသူ) တို့ တိုင်ခဲ့တာတွေ
ဘယ်များရောက်ကုန်ပါလိမ့်နော်။
အော တစ်ခုထပ်မှတ်မိပြန်ဘီ။ အဲဒီလိုဘဲ။ တဇောက်ကန်းစိန်လွင် ငါတို့ ရဲဘော်တွေကို
ရက်ရက်စက်စက် ပစ်သတ်ပြီးအမေရိကန် ရေတပ်တွေ ဝင်တော့မယ်ဆိုတဲ့ အချိန်မှာ
ဒေါက်တာမောင်မောင် ကို အာဏါလွှဲပေးသွားတာဘဲ။မှတ်မှတ်ရရ
ဒေါ်အောင်ဆန်းစုကြည်ထွက်လာတဲ့အချ
ိန်ပေါ့။
တခုဘဲကွာတယ် ၊နဖူးပြောင်ပြောင် ဦးမောင်မောင် အရူးထောင်ကို ပို့ လိုက် ၊ပို
့လိုက် ၊လို့ အော်သလိုမျိုး ၊ခုတော့ နဖူးပြောင်ဖင်လိန် မောင်သိန်းစိန်။တာဝတိ
န်သာကို ပို့ လိုက်ပို့ လိုက် အော်ပေးရမလိုဖြစ်နေဘီ။သူငယ်ချင်
းတို
့အားလုံးသူတို့ ဆော့တဲ့အကွက်ကို မြင်အောင်ကြည့်စေချင်တယ်။“ရေမန်
းမန်းလိုက်
၊ဓါတ်ကြမ်းတိုက်လိုက် ” လုပ်ခဲ့တာ ၈၈ ကတည်းကဘဲ။ ဖေါ်လက်စနဲ့ ဖေါ်လိုက်ဦးမယ်ဗျာ။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံရေးထဲပါလာအောင် လုပ်ခဲ့ တာ
ဦးထွေးမြင့်ဘဲ။တော်ဝင်နှင်းဆီ ဦးစိုးညွန့်  ရယ်။ဦးဝမ်းတင် (ဦးဝင်းတင် မဟုတ်ပါ။)
ဦးထွေးမြင့် တို့ နဲ့ အချို့  ရယ် ။တော်ဝင်နှင်းဆီခြံထဲက ဦးစိုးညွန့်အိမ်မှာ
တွေ့ ဆုံဆွေးနွေး၊ ဦးထွေးမြင့်ကိုယ်တိုင် ဒေါ်စုအိမ်ကို လမ်းလျောက်သွားပြီး
(အဲဒီတုန်းက ကားလိုင်းတွေပိတ်ထားတယ်။) အကြီမ်များစွာဆွေးနွေး၊ ပြီးမှ နောက်ဆုံး
ဖူးစကက်စက္ကူ အပိုင်းလေးပေါ်မှာ အံတီစု ပါမယ် လို
့အကြောင်းပြန်ချက်ရခဲ့တာပါ။ရွှေ
တိဂုံ အနောက်မုဒ်ပွဲ အတွက်
တကယ်တမ်းစာလိုက်ကြဲခဲ့တဲ့ အထဲမှာ ထိပ်ဆုံးကပါခဲ့တာ ချိုချိုကျော်ငြိမ်း နဲ့ သူ
့သမီးနှစ်ယောက်ဖြစ်တဲ့ ဥမ္မာနဲ့  စန္ဒာ တို့ ပါ။
“ဂူတဂူထဲမှာခြင်္သေ့ ၂ ကောင်အောင်းလို့ မဖြစ်ပါဘူး အမရယ် ” ဆိုတဲ့ 
စကားတစ်ခွန်းရဲ့ နောက်မှာ ဘာတွေနစ်နာဆုံးရှုံးခဲ့ ရသလဲ၊စင်ပြိုင် အစိုးရဖွဲ
့ထားတဲ့ ဦးနုကို “သို့  ဦးနု ၊ဥက္ကဌ ၊ပိဋကတ် မြန်မာပြန်အသင်း ” လို့ 
လိပ်တတ်ပြီး သရော်ခဲ့တဲ့ ရလာဒ်ကဘာတွေလည်း။ အဲဒါတွေကို မသေ သေးတဲ့
အဖိုးကြီးတွေ၊အဖွားကြီးတွေ ပြောပြသွားသင့်တယ်။ဦးနု ထမင်းကို
စားပြီးနိုင်ငံရေးလုပ်ခဲ့တဲ့ ကိုယ်ရေးအရာရှိ
ဆိုတဲ့သူတွေလည်းပြောသင့်တယ်။ခုေ
တာ့လည်းကျွန်တော်အချစ်ဆုံးက ဒေါ်စုပါ ဆိုတဲ့
အပေါက်မျိုးလုပ်နေပြန်ပြီ။ဒါတွေ
ကို ဘာလို့ ပြောနေတာလည်း၊သို့ မဟုတ်
မြင်းမိုတောင်ကို ဘာလို့ ခေါင်းနဲ့ တိုက်နေတာလည်းဆိုတော့
သိမှီလိုက်သူတွေကိုယ်နှိုက် က အမှားအမှန်ကို ဝေဖန်ထောက်ပြခြင်းမပြုဘဲ
နာမည်အကြီးဆုံးသူနောက်ကို“ ဓါတ်ပုံ ပါ လိုင်စင်ရ ”မူနဲ့  လျောက်လိုက်နေကြရင်
တို့ ပြည်သူတွေ မွဲသထက်မွဲမှာစိုးလို့ ဘဲ။
မင်းတီု့ ချစ်တာလောက် က လာမပြောနဲ့ ။ နိုင်ငံရေးမပါရင်
ထမိန်တောင်လျှော်ပေးလိုက်ဦးမယ်။
တော်လှန်ေ၇းသစ္စာဖြင့်

ကိုမိုးကြီး