Monday, April 9, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်လက်နက်ကိုင် အဖွဲ့

                     ရန်ကုန်ရောက်ရှိနေသည့်ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(အေအယ်လ်ပီ)ကိုယ်စားလှယ်အဖွဲ့နှင့်
အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်တို့ လာမယ့်  ဧပြီ၁၁ရက်နေ့မှာတွေ့ဆုံမယ်လို့သိရပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့သောအပတ်ကစစ်တွေမှာပြည်နယ်အစိုးရအဖွဲ့ နဲ့တွေ့ဆုံခဲ့ပြီးအပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဧပြီ ၂၃ လွှတ်တော်တက်မည်

metpaliman1
ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြော (ဓါတ်ပုံ မဇ္ဈိမ)
ရန်ကုန် (မဇ္ဈိမ) ။      ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဧပြီလ ၂၃ ရက်နေ့တွင် ပြန်လည် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ စတင် တက်ရောက်ရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ပဲခူးက အိမ်ဖော်မိန်းကလေးအမှု အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေ

2012-04-08
အိမ်ရှင်က မီးပူနဲ့အထိုးခံရပြီး ဒဏ်ရာအနာတရဖြစ်ခဲ့တဲ့ ပဲခူးမြို့က အိမ်အကူ မိန်းကလေးငယ်အမှုနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေက လာရောက် စစ်ဆေးသလို အမှုကို သတင်းမထုတ်ဖော်ဖို့ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေကို တားဆီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်တင်ခဲ့ကြောင်း ဦးခင်ညွန့် ပြောဆို

2012-04-07

 ဝန်ကြီးချုပ်ဟောင်း ဥိးခင်ညွန့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပြီး တွေ့ရပုံ။
 မကြာခင်က နေအိမ် အကျယ်ချုပ်ကနေ ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင်နအဖ စစ်အစိုးရ ၀န်ကြီးချုပ်ဟောင်းဦးခင်ညွန့်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အသက်အန္တရာယ်က လွတ်မြောက်အောင် မိမိကိုယ်တိုင် ကြားဝင် ကယ်တင်ခဲ့ရကြောင်း တနင်္ဂနွေနေ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက တွေ့ဆုံမေးမြန်းရာ