Thursday, May 10, 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိတိုင်းပြည်၏ အခြေခံဥပဒေကိုလေးစားလိုက်နာဆောင်ရွက်သည့်အပြင်
တိကျစွာ ရွေးကောက်ပွဲ နှင့်ဆိုင်ရာသုံးစွဲကုန်ကျငွေစာရင်းရှင်းတမ်းကို သတ်မှတ်ထားသည့်အချိန်အတွင်း အုပ်ချုပ်ရေးခရိုင်ရုံးသို့သွားရာက်ရှင်းလင်းခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများနှင့် အခြားရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ကုန်ကျစာရိတ် တင်ပြမှု့ကိုမူ ပြည်သူများ ထံတိတိကျကျဖေါ်ထုတ်တင်ပြခြင်းမရှိပါ။
အောက်မှာဖေါ်ပြထားတာကတော့ပြည်သူတစ်ဦးရဲ့ ကွန်မင့်ရေးသားထားတာဖြစ်ပါတယ်။

သီဟသူရ ဦးတင်အောင်မြင့်ဦး သတင်း ပုံနှိပ်ထုတ်ဝေလျှင် အရေးယူခံရမည်

ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်သွင်းတယ်ဆိုတဲ့ သတင်းကို ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ရေးသားဖော်ပြခြင်း မပြုဖို့ သက်ဆိုင်ရာက ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။
အခုတစ်ပတ် ထုတ်ဝေမယ့် Venus ဂျာနယ်မှာ ရေးသားထားတဲ့ ဒီသတင်းကို ပုံနှိပ်ထုတ်ဝေရင် အရေးယူခံရမယ်ဆိုပြီး စာပေစိစစ်ရေးဌာနက ဆက်သွယ်အကြောင်းကြားပြီး ပိတ်ပင် ဟန့်တားလိုက်တာ ဖြစ်တယ်လို့ Venus ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ကိုသာလွန်ဇောင်းထက်က RFA ကို ဒီကနေ့ အတည်ပြု ပြောကြား ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည်ဇွန်လ ဒုတိယ ပတ်တွင် ပြည်ပ ခရီးစဉ်စတင်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ် အောင်ဆန်းစုကြည် သည် နှစ်ပေါင်း ၂၄ နှစ် အတွင်း ပထမ ဆုံး
ကို ဇွန်လ ဒုတိယ ပတ်တွင် စတင်မည်ဖြစ်ကြောင်း အဆိုပါ ပါတီ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦး အုန်းကြိုင်က The Voice Weekly သို့ ပြောကြားသည်။ အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ထိုင်ခုံအမှတ် G 22 ပိုင်ရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ဒုတိယ ပတ်တွင် နော်ဝေ နိုင်ငံသို့ စတင်သွားရောက်မည် ဖြစ်ပြီး ထိုမှ တစ်ဆင့် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားသည်။

 “ ပြည်ပ ခရီးစဉ်ကို ဇွန်လမှာစမယ် ဂျပန်သွားဖို့တော့မပါသေးဘူး။” ဟု ဦးအုန်းကြိုင်က ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ် ထွက်ခွာရန် နိုင်ငံကူး လက်မှတ် ပတ်စ်ပို့စ် ကို ယခု လ ၇ ရက်နေ့တွင် ပြည်ထဲရေး ၀န်ကြီး ဌာန မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့မှ ထုတ်ပေးလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာများနှင့် NLD အသိုင်းအ၀ိုင်းက ပြောဆိုသည်။

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။

 မေလ ၉ ရက်နေ့ ၂၀၁၂

မေလ ၉ ရက်နေ့ ညနေပိုင်းတွင် လုံခြုံရေးကားများ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အနီးတွေ့ ရစဉ်။
  ယနေ့ ညနေ ၃း ၃၀ နာရီ အချိန်တွင် ကမ္ဘာအေး ဘုရားလမ်း နှင့် တက္ကသိုလ်ရိပ်သာ
လမ်း မီးပွိုင့် မှ စပြီး အင်းလျှား မီးပွိုင့် အထိ ပေ -၄၀ ခန့် အကွာ တွင် ရဲ ၃ - ယောက် 

တပ်သား ၂ယောက် အရာရှိ ၁-ယောက် နေယူထားပါသည်။

ဒေါ်အောင်ဆန်းစုကြည် အိမ် နှင့် မလှမ်း မကန်းတွင်လည်း  ရဲကား- ၃ -စီး ရပ်ထားသည်ကို မျက်မြင်တွေ့ရှိခဲ့သူ ဦးညွန့် ဝင်း က Myanmar News Now ကိုပြောပါသည်။  

ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) နှစ်ပတ်လည် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) နှစ်ပတ်လည် အခမ်းအနားပွဲ(ရုပ်သံ) ကိုအောက်တွင်ဖေါ်ပြထားပါသည်။
ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ)ရဲ့စတုတ္တအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ မသန်စွမ်း သူများအတွက် ဂုဏ်ပြုပွဲကို လမ်းမတော်မြို့နယ်က

မသိတရား လွှမ်းမိုးမှု အကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော(ရုပ်သံ)

လမ်းမတော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ
ပြည်သူတွေကို မသိတရား လွှမ်းမိုးအောင် လုပ်တာဟာ မြန်မာနိုင်ငံကို နွံထဲနစ်အောင် လုပ်နေတာ ဖြစ်တယ်လို့ သူ့အနေနဲ့ မြင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ မေလ ၇ ရက်နေ့က ရန်ကုန်မြို့လမ်းမတော်မြို့နယ် NLD ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က