Saturday, October 15, 2011

မြန်မာပြည်တွင်း ဖြစ်ပွားနေသောမဆုံးသည့်စစ်ပွဲများ




တိုက်ပွဲဖြစ်ရာမြေပုံအညွန်း
အောက်တိုဘာ ၁၃၊ ယမန်နေ့က ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားအနီး မြန်မာအစိုးရ စစ်ကြောင်း နှင့် KIA ကြား ဖြစ်ပွားသောတိုက်ပွဲတွင် အစိုးရစစ်သား တစ်ဒါဇင် ကျော် ကျဆုံးကြောင်း မြစ်ကြီးဒေသခံများ ပြောသည်။


တိုက်ပွဲမှာ မြစ်ကြီးနားမြို့၏ အနောက်တောင်ဘက် ၁၂ မိုင်ကျော်အကွာ ဖရော်ရွာ အနီးတွင် ဖြစ်ပွားသည်။

အင်အား ၃၀ ကျော်ရှိသော အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၁၁ နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သား ၁၀ ဦးခန့်နှင့်သာ မြစ်ကြီးနားဘက် ပြန်ခေါက်သွားကြောင်း မျက်မြင်သက်သေများ ပြောပါသည်။

သို့သော် ယင်းအစိုးရစစ်ကြောင်းတွင် မည်သည့်တပ်ရင်းများပါကြောင်း မသိရသေးပါ။

တိုက်ပွဲတွင် KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း လိုင်ဇာဌာနချုပ်မှ အရာရှိများ ပြောသည်။

မြစ်ဆုံဆည် စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ရှိနေဆဲ

ချင်းမိုင်(မဇ္ဈိမ) ။ ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားသည်ဟု သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ ပြောကြားခဲ့သော်လည်း စီမံကိန်းတွင် တရုတ်ဝန်ထမ်းများ ဆက်လက်ရှိနေသေးကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က သောကြာနေ့က ထုတ်ပြန်လိုက်သည်။

သူတို့ပြောနေကျစကားလေးရှိတယ်။ မတွေ့တာထက် စာရင် တွေ့ရင်ကောင်းတယ်တဲ့။ ကျွန်တော် နည်းနည်း ထပ်ဖြည့်ချင်တယ်၊ တွေ့ပြီး ဘာမှမလုပ်တာထက်စာရင် မတွေ့ပဲနေတာကောင်းတယ်လို့။

October 15, 2011




မေး - ဦးဇာဂနာ အနုပညာလုပ်ငန်း ဆက်လုပ်ဖို့ ရှိလား။

ဖြေ - အဲဒါကတော့ ကျွန်တော်နဂိုကတည်းက အနုပညာသမားပဲဟာ။ အနုပညာအလုပ်က လုပ်သွား မှာပဲ။ တောက်လျှောက်လုပ်သွားမှာပဲ။ ကိုယ်တိုင် ရှေ့ ထွက်ပြီးတော့ မျက်နှာမပြနိုင်သေးရင်လည်း အနောက် ကနေ အကုန်လုပ်သွားမှာပဲ။ အနုပညာအလုပ်ကတော့ အကုန်လုပ်ဖို့ စဉ်းစားထားတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးတွင် ပြည်သူများသာ အဓိကကျကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော လက်ရှိပြည်ထောင်စု အစိုးရလက်ထက်တွင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည့် သဘောထားနှင့် ပတ်သက်၍ ဖြစ်ပေါ်ရ သော မကျေလည် မှုများကြောင့် ပေါ်ပေါက်လာမည့် မြန်မာ-တရုတ်ဆက်ဆံရေး အခြေအနေများ တွင် နှစ်နိုင်ငံပြည်သူများ၏ သဘောထားများကသာ အဓိကကျ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၁၉၈၉ မှ နိုင်ငံရေးပုဒ်မ များနှင့်ထောင်ဒဏ်၄၉နှစ်ချမှတ်ခံရသောဆရာတော်ဦးသုန္ဓရဝံသ

၁၉၈၈ မြန်မာနိုင်ငံလုံးဆိုင်ရာအာဏာရှင် လက်အောက်လွတ်မြောက်ရေးတွင်မြင်းခြံမြို့နယ်မှ ဆရာတော်ဦးသုန္ဓရဝံသ မှာ၁၉၈၉ မတ်လ၁၅ ရက်နေ့မှစတင်ကာ ထောင်ဒဏ် ၄၉နှစ်ချမှတ်ခြင်းခံခဲ့ရပြီးနောက် ထောင်ဒဏ်ကို ၂၂ နှစ်ကျော်ကျခံကာယခု ဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့် တွင်ပြန်လည်လွတ်မြောက်လာခဲ့သည်။
    ဆရာတော်၏ လက်ရှိ အစိုးရအပေါ်အမြင်သဘောထားများကိုမေးမြန်းစုံစမ်းရာတွင်တော်တော်သတိထားစောင့်ကြည့်ရအုံးမှာဖြစ်ကြောင်း
ပြောဆိုခဲ့ပါတယ်။
    ဆရာတော်သည် ထောင်ပြောင်းရွေ့ချုပ်နှောင်ခြင်းကို သုံးကြိမ်ခံခဲ့ရပြီး ထောင်တွင်းအခြေအနေနှင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ဆရာတော်၏ ပြန်လည်လုပ်ဆောင်လိုသောဆန္ဒများကို ဆက်သွယ်မေးမြန်ထားသော ဗီဒီယိုအင်တာဗျုးတခု
ကိုတင်ပြလိုက်ရပါတယ်။(ပြည်သူ့အော်သံ)

စစ်ခေါင်းဆောင်ဟောင်း(တိုးတိုးတိတ်တိတ်ကုလားကာနောက်ကွယ်ဝင်သွားသော)သန်းရွှေ နှိပ်ကွပ်မှု့များအောက်တွင်ယနေ့လူငယ်များစွာ၏ အကျိုးရှိသောအချိန်များ

နံရံလေးဘက်ကြားတွင်ဆုံးရှုံးခံနေရခြင်းသည် တိုင်းပြည်အတွက်များစွာဆုံးရှုံးနှစ်နာရပါတယ်။ သက်ဦးဆံပိုင်ဘုရင်များလိုပင် မိမိအားစော်ကားပြောဆိုသည် ဝေဖန်သည်ဟု ယူဆခံရလျှင်မတရားပြစ်ဒဏ်ကိုယနေ့တိုင်ခံနေရဆဲပင်။(ပြည်သူ့အော်သံ)



သူငယ်ချင်း နေဘုန်းလတ်
ဂျစ်တူး
ဧပြီ ၉၊ ၂၀၁၁

ဘလော်ဂါနေဘုန်းလတ် ထောင်ဒဏ် အနှစ် ၂၀ နှင့် ၆ လ ချမှတ်ခံရသည့် ၂၀၀၈ ခုနှစ်က ရေးသားခဲ့ခြင်း ဖြစ်သည်။ ၂၀၀၉ တွင် ထောင်ဒဏ် ၁၂ နှစ်သို့ ပြောင်းလဲသွားသည်။ (photo: minnyoonthit)

နေဘုန်းလတ်ကို ထောင်ချပြီးတည်းက သူ့သတင်းတွေကို အင်တာနက်မှာ တွေ့နေရတယ်။ တချို့က မှန်တယ်၊ တချို့က မမှန်ဘူး။ မမှန်တာတွေ ရေးထားတာကို ဖတ်ရတိုင်း ... အနှစ် ၂၀ စွန်း ဆိုတာကို ရင်ဆိုင်နေရသူအတွက် အချက်အလက် အမှန်တွေ ရေးဖို့ အားထုတ်သင့်တယ်။ တကယ်တော့ ခုလို ထောင်ချခံရလိမ့်မယ်လို့ ကျွန်မတို့ အားလုံး လုံးဝ မထင်မှတ်ခဲ့မိဘူး။ နေဘုန်းလတ် ကိုယ်တိုင်တောင် ထင်မိခဲ့လိမ့်မယ် မဟုတ်ဘူး။





စနေနေ့၊ အောက်တိုဘာလ ၁၅၊ ၂၀၁၁



အညတြသူရဲကောင်း ကိုသန်းဇော် ခေါ်- သန့်ဇော် -



မှတ်တမ်းပြုစုသူ- ခွန်ဆိုင်း
























Name: Thant Zaw aka Than Zaw • Occupation: National League for Democracy (NLD) - Youth Member • Address: Tanyin Township, Rangoon Division • Sentenced: 30 Years photo -credit to AAPP
ကိုသန်းဇော်ကျနော်အနားကပ်လာတယ်။အတူတူအကြာကြီးနေလာပြီးရုတ်တရက်ခွဲကြရမယ်။



ဘယ်တော့မှပြန်တွေ့ရမယ်ဆိုတာမသိ၊အားလုံးနားလည်တဲ့ကိစ္စ။ကျနော်ဘာမှစကားမပြောနိုင်ဘူး။



သူ့ကိုကျနော်ကျစ်ကျစ်ပါအောင်ဖက်ထားတယ်။နောက်ပါးစပ်ကအကို-..ကျနော့်အမှု့ကို ကမ္ဘာသိအောင်လုပ်ပေးပါ။အထပ်ထပ်မှာတယ်-အထပ်ထပ်မှာလိုက်တယ်။
ကြိုးတိုက်ထဲမှာ၂၃နှစ်ကြာ

(အပိုင်း-၁)

အညတြ သူရဲကောင်းဆု စာရင်းမှာ ကိုသန်းဇော် ပါတယ်ကြားလို့ ကျွန်တော် အတိုင်းမသိ ၀မ်းသာမိတယ်။ ခုအချိန်ဗမာပြည်မှာ ၈၈က စရေတွက်လိုက်ကြ လို့ ထောင်ကျသက်အကြာဆုံး နိုင်ငံရေးအကျဉ်းသား ၃ယောက်ကို ပြပါဆိုရင် ကိုသန်းဇော် ဟာ အဲဒီထဲကတယောက်ပါ။အခုဆိုသူ့ ထောင်သက် ၂၃နှစ် ရှိပြီပေါ့ဗျာ။ ရင်နာစရာကောင်းတဲ့ကိစ္စကသူဟာ နိုင်ငံရေးနဲ့ အမှုအလုပ်မခံရပဲ မဆီမဆိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလုပ်ကြံမှုတွေဖန်တီး- ဖေါက်ခွဲရေးကိစ္စတွေနဲ့ အတင်းဆွဲဆက်စပ်ခဲ့တဲ့ ၈၈-၈၉ ကာလတ၀ိုက် မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် တန်ဆာဝင်ခံခဲ့ရ၊ တစ်တရားခံအလုပ်ခံခဲ့ရလို့ပါပဲ။

လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူပြန်လည်လွတ်မြောက်လာသူများ၏မိသားစုများနှင့်ပြန်လည်တွေ့ဆုံပုံကို

TheNewYorkTimes သတင်းဌာနမှ ဗီဒီယို မှတ်တမ်းသတင်းမှာအခုလိုဖေါ်ပြထားပါတယ်။
ဒီကိုနှိပ်ကြည့်ရန်

Saturday, October 15, 2011


ဗိုလ်ချုပ် ဆေထင်ကို စစ်တွေတွင် နိုင်ငံရေး သမားများ သွားရောက်ကြိုဆို



စစ်တွေထောင်ထဲမှ လွတ်လာသူ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်း SSA အဖွဲ့ နာယကနှင့် ရှမ်းပြည် အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်ဖြစ်သော ဗိုလ်ချုပ် ဆေထင်အား လွတ်လာသည့်နေ့က စစ်တွေမြို့တွင် နိုင်ငံရေး သမားများနှင့် ပြည်သူများက သွားရောက်ကြို ဆိုခဲ့ကြသည်။

ဒီပဲယင်း လူသတ်မှုကို ဖွင့်ချခဲ့လို့

 မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော ကလေးစစ်သား
အရေး၊ အဓမ္မ လုပ်အားပေးမှုများ၊ ဒီပဲယင်းအရေးအခင်းကို ဖေါ်ထုတ်ခဲ့၍ ဖမ်းဆီးခံခဲ့ရသူ စာရေးဆရာ ဦလှစိုး  ဗုဒ္ဓဟူးနေ့က လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာခဲ့သည်။

ထို့ပြင် ၂ဝဝ၃ ဒီပဲယင်း အရေးအခင်းတွင် သတ်ဖြတ်ခံခဲ့ရသည့် သတင်းအချက်အလက်များကို ဖော်ထုတ်ရန်
ပြည်ပ အဖွဲ့များထံသို့ သတင်းအချက်အလက်များကို ပေးပို့ရန် ကြိုးပမ်းခဲ့စဉ် စစ်ဘက်ထောက်လှမ်းရေးများက သူနှင့်အတူ ၁၁ ဦးကို ထိုနှစ် ဒီဇင်ဘာလ ၂ဝ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်  ၁၂ နှစ်မှ အများဆုံး ၂၇
နှစ်ထိ ချမှတ်ခဲ့သည်။

ခန္ဓာကိုယ် ညာဘက်ခြမ်း လေဖြတ်နေသော်လည်း မြန်မာပြည် လူ့အခွင့်အရေး ထွန်းကားရေး ဆောင်ရွက်ခဲ့သူ ဦးလှစိုး ကို စစ်အစိုးရမှ အရေးပေါ်စီမံချက်ဥပဒေ ၅(ည)၊ ကြိုးမဲ့ကြေးနန်း ဥပဒေ ၆/၁နှင့် သွင်းကုန် ထုတ်ကုန် အက်ဥပဒေ  ပုဒ်မ ၅/၁ တို့ဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံစေခဲပြီး ရှစ် နှစ်ခန့် အကျဉ်းကျခံခဲ့ရာမှ ပြန်လည် လွှတ်မြောက်လာခဲ့သည်။

သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မန္တလေးတိုင်း အရှေ့တောင်မြို့နယ် စည်းရုံးရေးကော်မတီဝင် တဦးလည်း
ဖြစ်သည်။ အမရပူရ ကျန်တန်းရပ် နေအိမ်မှ အသက် ၅၈ နှစ် ဦးလှစိုးကို   မဇ္စျိမက ဆက်သွယ်မေးမြန်း ထားသည်။

အ၀င်ရှိရင်အထွက်ရှိမှာပေါ့

  Friday, October 14, 2011 at 11:52am
ကျိုင်းတုံထောင်မှာ အကျဉ်းကျခံနေရတဲ့ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင် ကို ကျိုင်းတုံထောင်မှာ  ထောင်ဝင်စာလာတွေ့တဲ့ ကိုမင်းကိုနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွှန့်နဲ့ကျိုင်းတုံမှာ သတင်းရယူရန်ရောက်ရှိနေတဲ့ The Messenger ရဲ့ အယ်ဒီတာက အခုလို
တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

M-အခု ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုရှိလဲ။
Dkkn- သူ့မှာ ဇက် ကျီးပေါင်း၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းတာ ဖြစ်နေတယ်။ နှလုံးခုန်နှုန်းကလည်း ပုံမှန်မဟုတ်ဘူး၊ အရမ်းမြန်တယ်။

M- လွတ်ငြိမ်းချမ်းသာခွင့် သတင်းထုတ်ပြန်တော့ ကိုမင်းကိုနိုင် ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားလား။
Dkkn- ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ အများကြီးတော့ မမျှော်လင့်ထားဘူး။

M- ထောင်ဝင်စာက တစ်လတစ်ကြိမ်တွေ့တာလား။
Dkkn- တစ်လတစ်ကြိမ်တော့ မဟုတ်ဘူး။ ခါတိုင်းဆို သုံးလတစ်ကြိမ်လာတွေ့တယ်။ ဇန်န၀ါရီ၊ ဧပြီ၊ ဇူလိုင်၊ အောက်တိုဘာ သုံးလတစ်ကြိမ်၊ အရင်နှစ်တွေက တွေ့တယ်။ ဒီနှစ်ကျတော့ ရာသီဥတုကလည်း ဆိုးတယ်။ သူကလည်း ရာသီဥတုအခြေအနေကြောင့်
လာမတွေ့စေချင်ဘူး။ ပါဆယ်ပဲ ပို့ဖြစ်တယ်။ ဇန်န၀ါရီ၊ ဧပြီလ လာပြီးတော့ အခုမှ လာဖြစ်တယ်။ ကြားထဲမှာ ခြောက်လကြာသွားပြီပေါ့။

M- ကိုမင်းကိုနိုင်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ထောင်ကဘယ်လို ကုသမှုပေးသလဲ။
Dkkn- သူတို့ ဆေးမှူးရှိတယ်။ ဖြစ်တယ်ဆိုရင်တော့  စမ်းပေးတယ်။ ခေါင်းတွေဘာတွေမူးတယ်၊ နေမကောင်းဘူးဆိုရင် ချက်ချင်းလုပ်ပေးပါတယ်။ ထောင်မှာလည်း ပုံမှန်ဆေးမှူးရှိတယ်။

M- ကိုမင်းကိုနိုင် မလွတ်မြောက်သေးတဲ့ အပေါ်မှာ မိသားစုဝင်တစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။
Dkkn- အ၀င်ရှိရင် အထွက်တော့ရှိမှာပေါ့။

M- အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
ဒေါ်ကြည်ကြည်ညွန့်  ( မင်းကိုနိင်အမ)

အ၀င်ရှိရင်အထွက်ရှိမှာပေါ့

 

မြန်မာ့ပြုပြင် ပြောင်းလဲရေး အိန္ဒိယ အသိအမှတ်ပြု

 
မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ရှုနေမှုကို အိန္ဒိယက အသိအမှတ်ပြု ကြိုဆိုကြောင်း သမ္မတ  ဦးသိန်းစိန်၏ ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ပူးပေါင်းထုတ်ပြန်ချက်တွင် အိန္ဒိယ ၀န်ကြီးချုပ် မာမိုဟမ်ဆင်းက ပြောဆိုထားသည်။
သမ္မတ ဦးသိန်းစိန်နှင့် ဇနီးတို့ကို မဟတ္တမ ဂန္ဒီ အထိမ်းအမှတ်နေရာတွင် ဤသို့တွေ့ရသည် (ဓာတ်ပုံ - AP)
မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် လိုအပ်သည်များကို အိန္ဒိယဘက်မှ ကူညီထောက်ပံ့ရန် အသင့်ရှိကြောင်း၊ လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက် မှုများအတွက်လည်း ဂုဏ်ပြုကြိုဆိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။
 ပြည်သူ့အော်သံမှ လာရောက်သောမိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းများအတွက်

ပြန်လည်လွတ်မြောက်လာသော ကိုဇာဂနာ အမှတ်တရ ဗီစီဒီ တေးသီချင်းကိုနားဆင်ခံစားနိုင်ပါစေ။
ပြည်သူများအရမ်းကိုချစ်ခင်ကြိုက်နှစ်သက်ခဲ့ရတဲ့ ကိုဇာဂနာအမှတ်တရ...

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းမည့်အရိပ်အယောင်မမြင်သေးဟု KDNG ပြော

October 14th, 2011 ရိုင်မရော့ – ဧရာဝတီမြစ်ဆုံကိစ္စ ဆိုင်းငံ့ထားမည်ဟု သမ္မတဦးသိန်းစိန်သဝဏ်လွှာထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင်စီမံကိန်းရပ်ဆိုင်းသည့် အရိပ်အယောင်မမြင်သေးဟု ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့က ပြောသည်။
စီမံကိန်း ရပ်တန့်မှုမရှိသေးသည့်အတွက် ဒေသခံများ ၄င်းတို့၏ အနာဂတ်အတွက် မသေချာမရေရာမှုနှင့် စိုးရိမ်ကြောက်လန့်မှုများ ရှိနေဆဲဖြစ်ကြောင်း KDNG က ယနေ့ အရေးပေါ်ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။
“ဆောက်လုပ်ရေး လုပ်ငန်းတွေကတော့ မိုးတွင်းဖြစ်လို့ တချို့ ရပ်ထားတာရှိတယ်၊ ဒါပေမယ့် တချို့ဟာတွေကျတော့ ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်နေဆောင်နေတာကို ကျမတို့ မြင်နေရဆဲပဲ” ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့မှ အနန်က ပြောသည်။

သိန်းစိန်နဲ့  ဖိနပ်။

  friday 14th OCT2011


အိန္ဒိယနိုင်ငံကို လက်ရှိ အလည်အပတ်သွားတဲ့ သိန်းစိန်တစ်ယောက် နောက်ပါတွေကတော့ ဖိနပ်ချွတ်လျှောက်နေချိန်မှာ ဘုရားကျောင်းကန်နေရာအတွင်း ဖိနပ်စီးလျှောက်နေတာ မြင်တွေ့ ရတော့ ယခင်တုန်းက နအဖ သန်းရွှေတို့ လည်း ဖိနပ်စီးထားတာကိုပါ အသွင်တူအဖြစ် ပြန်လည်ဖေါ်ပြလိုက်ပါတယ်။

သိန်းစိန်တစ်ယောက် ဒီနေ့ မနက်က မဟတ္တမဂန္ဒီကြီးရဲ့  အောက်မေ့ဖွယ်အဆောက်အဦးနေရာကို မသွားရောက်ခင်မှာ သူ့ ရဲ့  ဖိနပ်ကို စီးခိုင်းနေတဲ့ပုံကို ကြည့်ရင်း ယခင်တုန်းက စစ်တပ်အရာရှိငယ်တစ်ယောက်ကို ဖိနပ်ပြောင်အောင် တိုက်ခိုင်းနေတဲ့ပုံကိုပါ လုပ်ရပ်တူအဖြစ် ပြန်လည် ဖေါ်ပြလိုက်ရပါတယ်။






















သိန်းစိန်ရဲ့  အတွင်းစိတ်သဏ္ဍန်ကို ဖေါ်ပြနေတဲ့ ယခုလို ဘုရားကျောင်းကန်နေရာအတွင်းမှာ ဖိနပ်စီး လမ်းလျှောက်တဲ့ အပြူအမူတွေ၊ လူအချင်းချင်း ဖိနပ်စီးခိုင်း ဖိနပ်တိုက်ခိုင်းလိုတဲ့ စိတ်တွေကို ဖြောက်ဖျက်ပစ်ဖို့  လိုအပ်သလို၊ ၂၀၀ရ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအချိန်ကာလတုန်းက သံဃာတော်ရှင်သူမြတ်တွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့မှုတွေကို ၀န်ချတောင်းပန်သင့်ပါတယ်။

ထောင်တကာလှည့်​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​ပေး​မည့်​အလုပ် ဒီ​နေ့​စလုပ်ပြီဟု ဇာဂနာ​ပြော

  October 14, 2011 by ရွှေအောင်
အကျဉ်း ​ထောင်အသီး​သီး​မှာကျန်​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိတ်​ဆွေ​တွေကို လိုက်လံအား​ပေး​တဲ့​အလုပ်ကို ဒီ​နေ့​ပဲ စလုပ်​နေပြီလို့​ ကိုဇာဂနာက ​ပြောပါတယ်။
ပြီး​ခဲ့​တဲ့​ သီတင်း​ကျွတ်လပြည့်​နေ့​မှာ မြစ်ကြီး​နား​ထောင်က ပြန်လွတ်လာတဲ့​ နိုင်ငံ​ကျော် ဟာသသရုပ်​ဆောင် ကိုဇာဂနာက ​ထောင်ကလွတ်ပြီး​တဲ့​နောက် အခုလို ​ထောင်အသီး​သီး​ကိုလှည့်​ပြီး​ အား​ပေး​တာ​တွေ လုပ်မယ့်​အ​ကြောင်း​နဲ့​ အခု ပစ္စည်း​တွေ လာ​ရောက်လှူဒါန်း​ထား​တာ​တွေ ရှိ​နေပြီလို့​ ​ပြောပါတယ်။
“ကျ​ နော်ကိုယ်တိုင် လှူမယ့်​ ပစ္စည်း​တွေယူပြီး​ လား​ရှိုး​၊​ ​တောင်ကြီး​ စသည်ဖြင့်​ သွား​ပါမယ်။ ​ထောင်ဝင်စာက​တော့​ ​တွေ့​လို့​မရ​ပေမယ့်​ ပါဆယ်​ပေး​လို့​ရပါတယ်။ သူတို့​ကို အား​ပေး​တဲ့​သ​ဘောပါ။ သူတို့​နောက်မှာ အမြဲရှိတယ်ဆိုတာ သိ​စေချင်လို့​ အား​ပေး​တဲ့​သ​ဘောပါ။ သူတို့​စိတ်အား​ငယ်သွား​မှာစိုး​တာလည်း​ပါတယ်။”