Thursday, September 22, 2011

ပြည်သူ့လွှတ်တော်တွင် ဆန္ဒမဲပေးရာ၌ မတ်တပ်ရပ်သော စနစ်ကို ဦးစားပေးကျင့်သုံးမည်

နေပြည်တော်၊ စက်တင်ဘာ ၅ - ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးအတွင်း ရွေးကောက်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အချို့သော လွှတ်တော် ကိုယ်စားလှယ်များသည် ဆန္ဒမဲပေးရသည့် စက်ခလုတ်အား အယုံအကြည်မရှိကြောင်း သိရသည့်အတွက် ရှေ့ဆက်ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆန္ဒမဲပေးရာ၌ စက်ခလုတ်အား အဓိက အားထားစရာမလိုဘဲ ဗြောင်ကျကျ မတ်တပ်ရပ်၍ ဆန္ဒမဲပေးခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။
ဦးရွှေမန်း

သူရရွှေမန်း
           လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့် ရှိသည့်အတွက် မိမိ၏ဆန္ဒကို ထုတ်ဖော်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်စရာ၊ ရွံ့စရာ မလိုကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောကြားသွားသည်။
“မိမိရဲ့ ယုံကြည်ချက်၊ မိမိရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ခွင့်ရှိပါတယ်။ အဲဒီလိုထုတ်ဖော်လို့လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဒုက္ခပေးလိမ့်မည်မဟုတ်၊ ဒုက္ခပေးနိုင်သည့် အခွင့်အရေးလည်း မရှိကြောင်းကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တင်ပြလိုပါတယ်”ဟု သူရဦးရွှေမန်းကပြောကြားသည်။
သူရဦးရွှေမန်းက ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
စက်ခလုတ်နှိပ်၍ မဲပေးခြင်းအား လွှတ်တော်များတွင် ခေတ်မီသည့် အခြေအနေတစ်ရပ်၌သာ ထားရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် သေချာရေရာသည့် ဗြောင်မဲပေးစနစ်ကိုသာ အများဆုံး ကျင့်သုံးသွားမည်ဟု သိရသည်။
Ref : 7 Day News

လေးဖြူ နှင့်ဇော်ဝင်းထွဋ္ဋ် တို့ သီဆိုမဲ့သီချင်းနှစ်ပုဒ်

သွေးခြင်းညီအကိုများစည်းလုံး ညီညွတ်ဘို့အတွက် တစ်မြေတည်းနေတစ်ရေတည်းသောက် ဆိုရိုးစကား
ဟာဧရာဝတီပေါ် အခြေခံပြောဆိုခဲ့တယ်လို့ ထင်ပါတယ်။မြန်မာပြည်မြောက်ဖျားမှ တောင်ဖက်ထိစီးဆင်း
လာတဲ့ဧရာဝတီကို တစ်ရေတည်းသောက်လို့ဆိုထားပုံရပါတယ်။ သွေးချင်းညီအကိုများ စည်းလုံးရေး
အတွက် ပအိုဝ်းအမျိုးသားပွဲတော်ကို သွားရောက်ဖျော်ဖြေခဲ့တဲ့ ကိုညီ(ဇော်ဝင်းထွဋ္ဋ်)သီချင်းကို ကျနော့်
စာဖတ်ပရိတ်သတ်အတွက်ကျနော်ဘလောက်လေးမှာ တင်ပေးလိုက်ပါတယ်။အထူးအနေနဲ့ကတော့ ဧရာဝတီ ဆည်စီမံကိန်းကို
တားမြစ်ဘို့အတွက် လေးဖြူနဲ့၊ ဇော်ဝင်းထွဋ္ဋ် တို့ သီးချင်းဖြင့် ခံစားမှု့တွေဖေါ်ထုတ်ကြမယ်လို့သိရပါတယ်။
အဲဒီမှာ ကိုဇော်ဝင်းထွဋ္ဋ် ကမျော်လင့်ချက်ကမ်းခြေ ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ ဧရာဝတီ ကိုရေးဖွဲ့ထားတဲ့
သီချင်းကိုသီဆိုမယ်လို့သိရပါတယ်။အဲဒီအတွက်မို့လို့ မျော်လင့်ချက်ကမ်းခြေကိုလည်း တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့လိုဘဲ ဧရာဝတီအတွက် စိတ်မကောင်းခြင်းများစွာတွင် ပါဝင်သော Rock တေးသံရှင်နောက်
 (လေးဖြူ) ဖြစ်ပါတယ် ။ ဆရာမြင့်မိုးအောင်
စီစဉ်ထားသော သက်ရှိမြစ်ဧရာဝတီ သီချင်းအက်ဆေး  ထဲမှ သီချင်းနှစ်ပုဒ်လည်း ပါဝင်ပါတယ် ။
မျှော်လင့်ချက်ကမ်းခြေ  ကို ကိုဇော်ဝင်းထွဋ် ကသီဆိုပြီး သက်ရှိမြစ် ကိုတော့ ကိုလေးဖြူ  ကသီဆိုမှာပါ။
ဘယ်လိုနေရာမှာ ဘယ်လိုပုံစံနဲ့သီဆိုမှာကိုတော့ မသိ၇သေးပါဘူး။ လောလောဆယ်ဒါလေးကိုကြည့်လိုက်ပါ။

                                                                
 

                         ဇော်ဝင်းထွဋ္ဋ်-
                                             စည်းလုံးခြင်းနှင့်အင်အား
                                      

                                        
                                     


          ဇော်ဝင်းထွဋ္ဋ် 
        -မျှော်လင့်ချက်ကမ်းခြေ


                                                 
 





                                                                                                                                                                                       
 
                                                

                                        



                                          လေးဖြူ- 
                                                သက်ရှိမြစ်      

သမ္မတမှတာဝန်မထမ်းဆောင်နိုင်သောဝန်ကြီးများကိုရာထူးမှနုတ်ထွက်ရန်ညွှန်ကြားနိုင်။

နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှရပ်စဲရမည်ဟု သိရ

Tuesday, 20 September 2011 16:57
bi2103
 နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်ပြီး ညွှန်ကြားသည့်အတိုင်း မလိုက်နာပါက တာဝန်မှ ရပ်စဲရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားချက်များအရ သိရသည်။ နိုင်ငံတော်သမ္မတသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော

သံရုံးရှေ့  တစ်ကိုယ်တော်ဆန္ဒပြသမားနဲ့  နောက်ဆက်တွဲများ



     ရန်ကုန်တရုတ်သံရုံးရှေ့ မှာ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းပေးဖို့  ဆန္ဒပြကြမယ် ဆိုတဲ့သတင်းဟာ
ကောလဟာလ မဟုတ်ဘဲ အမှန်တကယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။
     မနေ့ ( ၂၀- ၉- ၂၀၁၁ )၊ နေ့ လည် ၁း ၃၀ နာရီ ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့ နယ်၊ အမှတ် (၉၄)၊
ခရေပင်လမ်းမှာ ရုံးစိုက်ထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြန်ကြားရေးရုံးရှေ့ မှာ တစ်ကိုယ်တော်
ဆန္ဒပြမှုတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။
     ဆန္ဒပြသူဟာ ရိုးရိုးသာမန်ရှပ်အင်္ကျီ ၀တ်ဆင်ထားပြီး လက်ထဲမှာ ၂ ပေ ပတ်လည်ခန့် ရှိတဲ့ ဆိုင်းဘုတ်ကို
ကိုင်ဆောင်ပြီး နိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ဖော်ထုတ်ခဲ့ပါတယ်။