နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များ ကြိုဆို |
Sunday, 02 October 2011 17:55 | ||
နိုင်ငံတော် သမ္မတကြီး၏ မြစ်ဆုံ စီမံကိန်းရပ်ဆိုင်းထားမည်ဟု ထုတ်ပြန်ချက်အား ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်များက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ စက်တင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံပြီးနောက် မီဒီယာများ၏ မေးမြန်းမှုကိုပြန်လည် ဖြေကြားရာတွင် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “သမ္မတကြီးက ပြည်သူ လူထုရဲ့စိုးရိမ်မှုတွေ၊ ကြောင့်ကြမှုတွေ ထောက်ထားပြီးတော့ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းထားမယ်လို့ ဒီလို မှာကြားလိုက်တယ်လို့ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ တော့ ပြည်သူရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှကောင်းပါတယ်။ ဒီဟာဟာ အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူရဲ့အသံကို နားထောင်ရမယ်။ ပြည်သူရဲ့စိုးရိမ်ကြောင့်ကြမှုတွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ ဖြေရှင်းပေးရမယ်။ အဲဒါကြောင့်မို့ ကျွန်မဒါကို ကြိုဆိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ![]() ဦးတင်ဦး (ဒုတိယဥက္ကဌ၊ NLD) ထို့အပြင် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကလည်း “အခုလို သမ္မတကြီး ကိုယ်တိုင်ကနေပြီး တော့ |
ကေအိုင်အေနဲ့ တိုက်တဲ့ တိုက်ပွဲမှာ.. သေဆုံး/သို့မဟုတ် ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတစ်ဦးရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းပါ..။ ဒီပုံက www.moemakha.com မှာ ဖော်ပြထားတာပါ..။
ဒီပုံကတော့ ကေအိုင်အေကို တပ်မတော်က ထိုးစစ်ဆင်လို့ ထွက်ပြေးကြတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေပါ..။