၂၀၁၂ ခုနှစ် မတ်လ ၂၇ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော ၆၇ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားတွင် သူရဦးတင်ဦး စကားပြောကြားနေစဉ်။( သတင်း-အာအက်ဖ်အေ)
မြန်မာနိုင်ငံ အေးချမ်းသာယာရေးနဲ့ ပြည်သူအများ လိုလားနေတဲ့
ဒီမိုကရေစီပြည်ထောင်စုကြီး ထူထောင်နိုင်ရေးအတွက် အဓိက
ဆောင်ရွက်ပေးနိုင်မယ့် အင်အားစုတွေဟာ ပြည်သူတွေသာ ဖြစ်တယ်လို့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ဒီကနေ့ကျင်းပတဲ့ ၆၇ နှစ်မြောက်
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က
သ၀ဏ်လွှာပေးပို့ ပြောကြားလိုက်တာပါ။