အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်သည် နိုဝင်ဘာလ ၃၀ ရက်နေ့
ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံခြားရေးဝန်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး၊ ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ
အစရှိသူများနှင့် တွေ့ဆုံ ခဲ့ပါသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီး မွန်းလွဲ
သုံးနာရီကျော်တွင် ခေတ္တတည်းခိုရာ သင်္ဂဟဟိုတယ်၌ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်
ပြုလုပ်ခဲ့ပါသည်။ သတင်း စာရှင်းလင်းပွဲ၌ ဟီလာရီ ကလင်တန်ပြောကြားခဲ့သော
စကားရပ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

မြန်မာအစိုးရ
အနေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြန်လည်ရေးသားခဲ့တဲ့အပြင် ဥပဒေတွေကိုလည်း
ပြင်ဆင်ခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀ဝကျော် လွှတ်ပေးခဲ့ပါတယ်။
ကျွန်မအနေနဲ့ ပြောခဲ့တာက အခုယူခဲ့တဲ့ ခြေလှမ်းတွေဟာ အစဉ်အလာ မရှိခဲ့ပေမယ့်
အစဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာက
အားရစရာဖြစ်ပေမဲ့လို့ ၁၀ဝ၀ ကျော် ကျန်ရှိနေပါသေးတယ်။ ဒီကိစ္စကို
ကျွန်မအနေနဲ့ သီးခြားပြောခဲ့သလို လူသိရှင်ကြားပြောလိုတာကတော့ ဘယ်
နိုင်ငံမှာမဆို ဘယ်သူကိုမှ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ
စည်းရုံးခွင့် ယုံကြည်ချက်တွေကြောင့် အကျဉ်းချထားခြင်း မရှိခဲ့ပါဘူး။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလွတ်လာပြီးတော့ နိုင်ငံရေးဖော်ဆောင်မှုမှာ
ပါဝင်တာဟာ အား ရစရာဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း နိုင်ငံရေး ပါတီတွေ
အားလုံးဟာ နိုင်ငံတစ်ဝှမ်း ရုံးတွေကို ဖွင့်လှစ်ခွင့် ရပြီးတော့
လွတ်လပ်ပြီး တရားမျှတပြီး ယုံကြည်ကိုးစားမှုရှိတဲ့ ရွေးကောက်ပွဲတွေမှာ
ပါဝင်ခွင့်ရရှိဖို့ လိုအပ်ပါတယ်။
နောက်တစ်ချက်ကတော့ တိုင်းရင်းသား
ဒေသတွေမှာ တင်းမာမှုတွေ လျော့ကျစေဖို့ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြာ
ရှည်ဆုံးဖြစ်တဲ့ ပဋိပက္ခတွေမှာ အကြမ်းဖက်မှုဖြစ်တဲ့အခါ
ဝမ်းနည်းစရာကောင်းပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ
များစွာရှိပြီးတော့ ကိုးကွယ်မှုဆိုင်ရာ ဘာသာရေးအမျိုးမျိုးလည်း ရှိပါတယ်။
မြန်မာသမ္မတကို
ကျွန်မတိုက်တွန်းခဲ့တာကတော့ လူ့အခွင့်အရေး စောင့်ကြည့်သူတွေကို
လာရောက်တာကို ခွင့်ပြုဖို့ ဖြစ် ပါတယ်။ ဒီအချက်တွေဟာ တကယ်တန်းတော့
အကဲစမ်းမှုတွေ ဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အခြေခံအကြောင်း တရား တွေကို
ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အားလုံးကို ငြိမ်းချမ်းရေးရရှိစေမှာ
ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဒီအချက် တွေအပြင် အခြားအကဲစမ်းမှုတွေကိုလည်း
ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အပစ်အ
ခတ်ရပ်စဲရေး အကြောင်းတွေကို ဆွေးနွေးဖြစ်ခဲ့ပါတယ်။
အမေရိကန်နဲ့
ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့အတွက် အရေးကြီးတာကတော့အစိုးရတစ်ရပ်လုံးဟာ
နျူကလီးယား လက် နက်မပြန့်ပွားရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့
သဘောတူညီမှုတွေကို လိုက်နာစေဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး
ကောင်စီရဲ့ဆုံးဖြတ်ချက်ကို လေးစားလိုက်နာပြီးတော့ မြောက်ကိုရီးယားနဲ့
စစ်ရေးဆက်ဆံမှု ဖြတ်တောက် ဖို့အတွက် မြန် မာနိုင်ငံရဲ့ သန္ဓိဌာန်
ခိုင်မာမှုကိုလည်း ကျွန်မတို့ ကြိုဆိုပါတယ်။
ဒီတိုးတက်မှုတွေကို
အခုထက်ပိုပြီး ကျယ်ပြန့်အောင် မြှင့်တင်ပြီးတော့ လုပ်ဆောင်သွားလိမ့်မယ်လို့
ကျွန်မယုံကြည် ပါ တယ်။ အမေရိကန်အစိုးရအနေနဲ့ အစိုးရအတွင်းနဲ့
အစိုးရပြင်ပရှိ ခိုင်မာတဲ့ စစ်မှန်တဲ့ စေတနာရှိသူတွေကို ထောက် ခံပါ တယ်။
မြန်မာနိုင်ငံက ခေါင်းဆောင်တွေရဲ့ ရွေးလမ်းမှားတွေကြောင့် လွန်ခဲ့တဲ့
အတိတ်မှာ မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့ နိုင် ငံဖြစ်ခဲ့ပါတယ်။
အမေရိကန်အနေနဲ့
အခုလိုမျိုး တိုးတက်မှုတွေ မြင်လာတာကို အပြုသဘောဆောင်
တုန့်ပြန့်ဖို့ရှိပါတယ်။ အဲဒီတုန့်ပြန် ဆောင်ရွက်မယ့် အရာတွေဟာ မဲခေါင်ဒေသ
အောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုတွေ လေ့လာရာမှာ ပါဝင်နိုင်မှုနဲ့
ကမ္ဘာ့ဘဏ်၊ ADB စရှိတဲ့ အဖွဲ့ အစည်းတွေ မြန်မာနိုင်ငံကို
လာရောက်လေ့လာနိုင်ဖို့တို့ ဖြစ်ကြပါတယ်။ ဒါတွေအပြင် UNDP ရဲ့
အသေးစားငွေချေးလုပ်ငန်းတွေ၊ ပညာရေး ကဏ္ဍတွေမှာ ကူညီနိုင်မယ့်ကိစ္စတွေကိုလည်း
ဆွေးနွေးခဲ့ပါတယ်။
တစ်ချိန်က ဗီယက်နမ်နဲ့ ဆက်ဆံရေးမှာ
ပျောက်ဆုံးနေတဲ့ အမေရိကန် စစ်မှုထမ်းတွေကို ပြန်လည်ရှာဖွေရေးဟာ အကျိုး
ပြုခဲ့သလို မြန်မာနိုင်ငံမှာ ဒုတိယကမ္ဘာစစ်အတွင်းက Burma Road တည်ဆောက်စဉ်က
ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ် သားတွေ ပြန်လည် ရှာဖွေရေးမှာ
ပူးပေါင်းဆောင်ရွက်ဖို့လည်း မြန်မာအစိုးရနဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။
ဒါတွေဟာ ခြေလှမ်းတွေ ဖြစ်ပါတယ်။ ဒီအရှိန်အဟုန်ကို ဆက်လက်
ထိန်းသိမ်းနိုင်ဖို့ အတွက် ကျွန်မတို့ဘက်က လုပ်ဆောင်သွားမှာ တွေ ရှိပါတယ်။
မြန်မာ-အမေရိကန် သံတမန်ရေးဆက်ဆံမှု တိုးတက်ဖို့နဲ့ သံအမတ်ချင်း
ဖလှယ်ဖို့လည်း ပါဝင်ပါတယ်။ နိုင် ငံတကာက စိုးရိမ်မကင်းဖြစ်မှုတွေကို
တင်ပြနိုင်ဖို့လည်း လမ်းကြောင်းတစ်ရပ် ချမှတ်ထားပါတယ်။ ဒါဟာ
နှစ်နိုင်ငံအပြန် အလှန် ယုံကြည် ကိုးစားမှုရရှိဖို့အတွက် ဖြစ်ပါတယ်။
တစ်ချိန်က
မြန်မာနိုင်ငံဟာ စပါးကျီတစ်ခု ဖြစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့
နှစ်ငါးဆယ်အချိန်မှာ တခြားနိုင်ငံတွေက ဖြတ်ကျော် သွားပြီးတော့
အရှေ့အာရှဒေသမှာ အင်အားကြီးမားတဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ကြပါတယ်။
ဒါကြောင့်မလို့ မြန်မာအစိုး ရအ တွက် အရေးကြီးတဲ့ မေးခွန်းရှိလာပါတယ်။
အခုချိန်မှာ အရေးကြီးတာက အမေရိကန် ဒါမှမဟုတ် အခြားနိုင်ငံတစ်ခုခုနဲ့
ဆက်ဆံရေး မဟုတ်ပါဘူး။ မြန်မာခေါင်းဆောင်တွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့
မွေးရာပါ အခွင့်အရေးကို နိုင်ငံသားတွေ ခံစား နိုင်ဖို့အတွက်
ယုံကြည်ချက်ခိုင်မာစွာနဲ့ ဆောင်ရွက်မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
ဒီလိုလုပ်မှလည်း
အာရှ-ပစိဖိတ်ဒေသမှာ အင်အားကြီးအဖြစ် ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ဒီမေးခွန်းကို ဖြေကြား ရာမှာ ဘယ်လိုထွက်လာမလဲဆိုတာတော့ မသိပါဘူး။
အပြုသဘောဆောင် ဖြေကြားမယ်ဆိုရင်တော့ မြန်မာနိုင် ငံအနေနဲ့
တိုးတက်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကျွန်မတို့အနေနဲ့လည်း အထောက်အကူပေးဖို့
အဆင်သင့်ပါပဲ။
မြန်မာသမ္မတနဲ့တွေ့တုန်းက မိုးရွာတုန်းရေခံ ဆိုတဲ့
မြန်မာစကားပုံတစ်ခုကို သူပြောခဲ့ပါတယ်။ ကျွန်မတို့ အနေနဲ့ မသိပါ ဘူး။
ခေါင်းဆောင်တွေယူတဲ့ ခြေလှမ်းတွေဟာ နောက်ပြန်ဆုတ်လို့ မရတဲ့
ခြေလှမ်းတွေလား၊ စီးပွားရေးကို ဖွင့်ပေးရင် အ ပြုသဘောဆောင်တဲ့
ခြေလှမ်းတွေလား။ ဒီမေးခွန်းတွေဟာ ကျွန်မဖြေဖို့ မဟုတ်ပါဘူး။
ဒီမေးခွန်းတွေကို ဖြေရမယ့်သူတွေ ကနိုင်ငံသားတွေ ဖြစ်ပါတယ်။ အထူးသဖြင့်
ခေါင်းဆောင်တွေ ဖြစ်ပါတယ်။
မြန်မာခေါင်းဆောင်တွေရဲ့ ခြေလှမ်းဟာ
သန်းပေါင်း ၆၀ ရှိတဲ့ မြန်မာနိုင်ငံသားတွေ လွတ်လပ်မှု ဂုဏ်သိက္ခာနဲ့ နေထိုင်
ကြ ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။ သမ္မတအိုဘားမားက မြန်မာနိုင်ငံမှာ
မှိန်ပျပျတိုးတက်မှုတွေ တွေ့ရှိရပြီလို့ ပြောခဲ့ပါတယ်။ သ
မိုင်းကြောင်းအရတော့ မှိန်ပျပျ အလင်းရောင်တွေဟာ ပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီမှိန်ပျပျ အလင်းရောင်တွေဟာ လွတ်လပ်မှုအတွက် ထတောက်နိုင်ဖို့နဲ့ အနာဂတ်
ကောင်းစားရေးအတွက်ဆိုတာ ခေါင်းဆောင်တွေအပေါ်မှာမူတည်တာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ တစ်ကြိမ်တစ်ခါ လာရောက်တဲ့ ခရီးစဉ်အပေါ် အခြေခံပြီးတော့
နှစ်နိုင်ငံ ဆက်ဆံရေး မဟာမိတ် ထားရှိဖို့ ဖြစ်ပါတယ်။ မြန်မာသမ္မတကို စောစောက
ပြောခဲ့တဲ့အတိုင်းပါပဲ။ အမေရိကန်အနေနဲ့ ပြုပြင်ပြောင်းလဲရေး ခြေ
လှမ်းနှင့်အတူ ကူညီဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။
စီးပွားရေးပိတ်ဆို့မှု၊ နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဟီလာရီ၏ ဖြေဆိုမှုများ
စီးပွားရေးပိတ်ဆို့မှု၊
နိုင်ငံရေး အကျဉ်းသားအရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး
သတင်းထောက်များ ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သော ဟီလာရီ၏
ပြောစကားများကို ဆက်လက်ဖော်ပြပါသည်။ မေးခွန်းမေးမြန်း ခြင်း ကို
အမေရိကန်တာဝန်ရှိသူများမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး သတင်းစာရှင်းလင်းပွဲ
မစတင်မီ နာရီပိုင်းအလိုက ကြိုတင်ရယူခဲ့သော မေးခွန်းများကိုး
မေးမြန်းစေခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မေးမြန်းရာတွင် အမေရိကန်နိုင်ငံခြား
သတင်းထောက်နှစ်ဦးနှင့်အတူ မြန်မာတိုင်း(မ်)နှင့် The Voice ဂျာနယ်တို့မှ
မေးမြန်းခွင့်ရရှိခဲ့ပါသည်။ သတင်းထောက်များ မေးမြန်းခဲ့သည်များအနက်
ဖြေကြားမှုအချို့ကို ကောက်နှုတ်ဖော်ပြပါသည်။
စီးပွားရေး ပိတ်ဆို့မှုအတွက် အဆင်သင့်မဖြစ်သေးကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် တိုက်တွန်း
သမ္မတနဲ့နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ကိစ္စနဲ့
စီးပွားရေးပိတ်ဆို့ အရေးယူမှု ကိစ္စနှစ်ရပ်လုံးကို
ကျွန်မတို့ဆွေးနွေးခဲ့ကြပါ တယ်။ ဒါဟာကျွန်မတို့ရဲ့ဆွေးနွေးမှုမှာ
အရေးကြီးတဲ့အချက်တွေဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ နိုင်ငံရေး
အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုတောင်းဆိုပါတယ်။ ဘယ်နိုင်ငံမှာမ ဆို
နိုင်ငံရေး အကျဉ်း သား တစ်ဦးတစ်ယောက်တည်း ရှိတာတောင် လွန်လွန်းလှပြီလို့
ကျွန်မတို့ယူဆပါတယ်။ မြန်မာနိုင်ငံမှာ ယုံကြည်ချက် ကြောင့်
အကျဉ်းကျခံနေရသူတွေရှိတာ တွေ့ရပါတယ်။ နိုင်ငံရေးအကျဉ်းသားနှစ်ရာကို
အောက်တိုဘာထဲမှာ လွှတ်ပေးခဲ့ တာကို ကျွန်မတို့ ကြိုဆိုပါတယ်။
နိုင်ငံရေးအကျဉ်းအားလုံးလွှတ်ပေးဖို့ကို ကျွန်မတို့ထပ်လောင်း
တောင်းဆိုပါတယ်။ ကျွန်မ တို့အနေနဲ့ တစ်ချို့ခြေလှမ်းတွေကို ယူနိုင်ဖို့ရာ
ဒီဟာကိုလုပ်ဆောင်ဖို့အရေးကြီးပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးရေးဟာ မြန်မာအစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖော်ဆောင်မှု၊
အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်။
ဒီဖော်ဆောင်မှုဟာ ခက်ခဲတယ်ဆိုတာကို ကျွန်မတို့ နားလည်ပါတယ်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို
နားလည်ပါတယ်။ ဒါကို ကျွန်မတို့ ဒီနေ့ဆွေးနွေးရာမှာလည်း
လွှတ်တော်ဥက္ကဋ္ဌတွေနဲ့အပြင် သမ္မတနဲ့လည်း ဆွေးနွေးခဲ့ပါတယ်။
အခုလိုအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း မကြာမီအနာဂတ်အတွင်းမှာ
ဖော်ဆောင်ပေးနိုင်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ပါတယ်။
ကျွန်မအနေနဲ့
တရားဝင်ပြောကြား လိုတာကတော့ ဒီနေ့ ကျွန်မလာရောက်တဲ့ ခရီးစဉ်ဟာ နှစ်နှစ်
တာကာလအတွင်း ကျွန်မတို့ လုပ်ဆောင်ချက်တွေကို ပြန်ပြောင်းတာ ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်တာ
အနည်းဆုံး အကြိမ်နှစ်ဆယ် ရှိပါတယ်။ သူတို့တွေရဲ့ ကြိုးပမ်းမှုလည်း ပါပါတယ်။
ကျွန်မတို့အနေနဲ့ ၂၀ဝ၉ခုနှစ်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို
ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ အပြောင်းအလဲကို မြင်လိုပါတယ်။
အထူးသဖြင့် လူထုအားလုံးအတွက်ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကိုရောက်ရှိဖို့အတွက်
ကျွန်မတို့ ကြိုးပမ်းနေပါတယ်။ နောက်ဆုံးဒီဆုံးဖြတ်ချက်ရရှိတဲ့အထိ
ရောက်အောင်လည်း ကျွန်မတို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။
မြန်မာသမ္မတနဲ့ဆွေးနွေးခဲ့ရာမှာ
ပြီးခဲ့တဲ့ ခြေလှမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခြေလှမ်းတွေဟာ
စစ်မှန်ဖို့အရေး ကြီးပါ တယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ တိုင်းရင်းသား
လူနည်းစုတွေ၊ နိုင်ငံရဲ့အတိုက်အခံအုပ်စုတွေနဲ့ ဆွေးနွေးပြီးတော့ အား
လုံးအာမခံချက်ရရှိဖို့ကို ကျွန်မတို့ ကြိုးစားမှာဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့
အရေးယူပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့အဆင်သင့် မဖြစ်သေးပါ ဘူး။
လက်ရှိကျင့် သုံးနေတဲ့မူဝါဒ ကို ပြုပြင်ပြောင်းလဲဖို့က လေ့လာရဦးမှာ
ဖြစ်ပါတယ်။ ဒါပေမဲ့လို့ အစိုးရရဲ့ခြေလှမ်းတွေကို သေချာစွာ လေ့လာပြီးတော့
ကျွန်မအနေနဲ့ တုန့်ပြန်မှာဖြစ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို
ကြည့်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို စဉ်း စားပေးမှာ ဖြစ်ပါတယ်။ ဒါဟာ
အပြောပဲ မဟုတ်ဘဲနဲ့ လက်တွေ့ ဖော်ဆောင်ဖို့ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုတွေကို အကဲဖြတ်လေ့လာပြီးတော့ ကျွန်မတို့အနေနဲ့
ဘက်စုံကနေပြီးတော့ ကြိုးပမ်းပြီးတော့ ဒီပြုပြင်ပြောင်းလဲမှုများကို လေ့လာ
မှာဖြစ်ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် အကောင်းမြင်
ကျွန်မတို့
အစိုးရသစ်နဲ့ ဆွေးနွေးညှိနှိုင်းမှု တစ်လျှောက်လုံး အပြုသဘောဆောင်တဲ့
အပြောင်းအလဲ တွေမြင်ဖို့ပါ။ ဆယ်စု နှစ်တစ်ခု ကြာလောက်ကစပြီး နိုင်ငံရေး
ကုလားဖန်ထိုးသူတွေရဲ့ ပုံဖော်မှုကြောင့် အမေရိကန်နဲ့ တရုတ်နိုင်ငံရဲ့
ဝမ်းနည်း စရာ ကောင်းလှတဲ့ ဆက်ဆံရေး သမိုင်းကိုလည်း နိုင်ငံတကာကများစွာ
စိတ်ဝင်စားစေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာ တော့ အပြောင်းအလဲတွေ
ဖြစ်နေခဲ့ပြီးဖြစ်သလို ပြောင်းလဲမှုတွေ ဖြစ်နေတယ်လို့လဲ ပြောလို့ရတယ်။
ကျွန်မတို့ဟာ နိုင်ငံ တိုင်းကို ပဋိပက္ခတွေကိုသာ ဖြစ်ပွားစေတဲ့နိုင်ငံတော့
မဟုတ်ပါဘူး။ ထောက်ပံ့မှုကိုသာ ပေးရုံသက်သက်ပါ။ အမြဲတမ်း လိုလို တရုတ်နဲ့
အာရှ-ပစိဖိတ်ဒေသအရေး ဆွေးနွေးတိုင်းလည်း မြန်မာ့အရေးကို အမြဲပါဝင်
ထည့်သွင်းပြောကြားမြဲပါ။ အခုအစိုးရသစ်နဲ့ သီခြားတွေ့ဆုံဆွေးနွေးတဲ့
အခါမှာလည်း မြန်မာ့အရေးကို အပြုသဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ တည် ဆောက်နေကြတဲ့
တရုတ်အပါအဝင် အခြားအိမ်နီးချင်းနိုင်ငံတွေက စိတ်ဝင်စားတယ်ဆိုတာ
အများကြီးကို ကြိုဆိုပါတယ်။ ကျွန်မတို့ စဉ်စားတယ်။ တရုတ်နိုင်ငံက
စိတ်ဝင်စားရင် ကျန်တဲ့ နိုင်ငံတွေလည်း စိတ်ဝင်စားမှာပဲ။ ကျွန်မထင်ပါတယ်။
တစ် ဦးတည်းနဲ့ သူငယ်ချင်း ဖြစ်တာထက် သူငယ်ချင်း မိတ်ဆွေ
အများကြီးရှိနေတဲ့အခါ ဘယ်လိုပဲ ယှဉ်ပြိုင်မှုတွေရှိနေပါစေ အ
ကျိုးဖြစ်ထွန်းတာ ဒီနိုင်ငံပါပဲလို့ မြင်ပါတယ်။
ရလဒ်ကောင်းမျှော်လင့်
ဒီနေ့လို
အစိုးရသစ်နဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုအရ ကောင်းမွန်တဲ့ အခွင့်အရေးတွေ
ရှိနေပြီ ဆိုတာတွေ့ခဲ့တယ်။ ပြီး တော့ နိုင်ငံမှာ
ပြုပြင်ပြောင်းလဲမှုတွေအတွက် လိုအပ်တဲ့အဆင့်တွေကို ဆောင်ရွက်နိုင်ဖို့
အမေရိကန်နိုင်ငံကိုယ်စား ကျွန်မ က မျှော်လင့်ပါတယ်။ ဒီမှာ
ထပ်ပြီးဖြေရှင်းရမယ့် အဆင့်တွေဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးကိစ္စ
နိုင်ငံရေး အကျဉ်းသား ထောင်ကျော် ကျန်ရှိနေသေးတဲ့ကိစ္စ၊
တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကိစ္စတွေမှာ
ဘယ်လောက်အထိဖြစ်လာမလဲဆိုတာ ကျွန်မတို့မျှော်လင့်ထားပါတယ်။