Wednesday, August 1, 2012

ကင်တာနားနှင့် ဒီမိုကရေစီအင်အားစုအချို့ တွေ့ဆုံ

ရန်ကုန်ကို ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး မစ္စတာ ကင်တာနားဟာ ရန်ကုန်မှာ ဒီမိုကရေစီလှုပ်ရှားသူတွေနဲ့ ဒီနေ့ တွေ့ဆုံပါတယ်။
ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် ရုံးခန်းမှာ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)နဲ့ မျိုးဆက်သစ်လူငယ်များအစည်းအရုံး အဖွဲ့တွေနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးအခြေအနေ၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမြင်တွေကို မေးမြန်းမှတ်တမ်းယူသွားပါတယ်။

ယနေ့တင်သွင်းခဲ့သော ၂၀၁၂ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်း အား ပြည်သူ့လွှတ်တော် မှ ပြန်လည်ပြင်ဆင် ရေးဆွဲသွား မည်


ပြည်သူ့ လွှတ်တော်မှ ၂၀၁၂ ခုနှစ် တက္ကသိုလ်များပညာရေးဥပဒေ ကြမ်းအား ပြန်လည်ပြင်ဆင်ရေးဆွဲ သွား မည်ဖြစ် ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီမှ တင်သွင်းသော ၂၀၁၂ခုနှစ် တက္ကသိုလ်များ ပညာ ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ် တော် ပညာရေးမြှင့်တင်မှုကော်မတီ အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပြည်သူများထဲမှ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ် စားလှယ် များ ပါဝင်ပြီး အဆိုပါဥပဒေ ကို ပြန်လည်ပြင်ဆင်ရေးဆွဲသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်က အတည်ပြု ဆုံးဖြတ်လိုက်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြ

Qintana_009oiuyမြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားကို အင်အား (၅၀၀) မျှရှိသည့် ရခိုင် တိုင်းရင်းသားများက အချက် (၄) ချက်ပါသည့် တောင်းဆိုချက် ပိုစတာဖြင့် ယနေ့နေ့လည်ပိုင်း၌ ဆန္ဒပြခဲ့ သည်ဟု မောင်တောမြို့ ဆန္ဒပြပွဲ၌ ပါဝင်သူ တဦးက ပြောပါသည်။
“ဒီနေ့မနက် မောင်တောကို ကင်တာနား ရဟတ်နဲ့ ရောက်လာတယ်။ မြို့ကိုပတ်ပြီး ဒုက္ခသည် စခန်းကို လာတွေ့တယ်။ ကျနော်တို့က သူရဲ့ ခရီးယာဉ်တန်းကို ဆိုင်းပုဒ်ကိုင်ပြီး ဆန္ဒပြကြတယ်လေ ငြိမ်းငြိမ်းချမ်းချမ်းပါဘဲ” ဟု ဆိုပါသည်။

သဲကုန်းမြို့ လယ်သမားဆန္ဒပြပွဲ ခေါင်းဆောင် ၅ ဦးကို ဖမ်းဆီး

ပဲခူးတိုင်း သဲကုန်းမြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လယ်သမားတွေရဲ့ ဆန္ဒပြပွဲကို ရဲက ဖြိုခွင်းပြီး ဆန္ဒပြခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးလိုက်တယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

သဲကုန်းမြို့နယ်တွင်း ကျေးရွာ ၁၀ ရွာခန့်က လယ်သမားတွေက သူတို့ထံကနေ အာဏာပိုင်တွေက သိမ်းဆည်းယူငင်ထားတဲ့ လယ်ဧက ၃၀၀ ကျော်ကို ပြန်လည်ရယူလိုတဲ့အတွက် ငြိမ်းချမ်းစွာဆန္ဒပြခွင့်ပြုဖို့ ဥပဒေနဲ့ အညီတင်ပြခဲ့ကြပေမယ့်လည်း ခွင့်မပြုတာကြောင့် ဒီမနက် ၉ နာရီမှာ စတင် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုစာရင်း ကောက်ပြီဟုဆို

ဇူလိုင်လ ၃၁ ရက်။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် အမတ် ဦးဝင်းမြင့်က ဇူလိုင်လ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သန့်ရှင်းသော အစိုးရနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ဝင်များအနေနဲ့ ပိုင်ဆိုင်မှု ပစ္စည်းများနဲ့ အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာကြပြီး မှတ်တမ်းတင်ထားရန် အဆိုကို တင်ပြပြီးနောက်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ဝင်များအားလုံး စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပြုစုတင်ပြကြရန် အမိန့်တစ်ရပ် ညွှန်ကြားထားတယ်လို့ ပြောပါတယ်။