Tuesday, July 3, 2012

သူရ ဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားများ ပထမဆုံးအကြိမ် တွေ့ဆုံ


Photo:၈၈ မျိုးဆက်ကျောင်းသားများ (ပြန်ကြားရေး)
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁ ရက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံစဉ်။

မြန်မာနိုင်ငံရေးမှာ ပါဝင်ပတ်သက်သူတွေ အချင်းချင်း ယုံကြည်မှုတွေ ရရှိကြပြီး အထွေထွေ သဟဇာတ ဖြစ်မြောက်ရေးအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နဲ့ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် မြန်မာဘင်္ဂလီများကို လက်ခံရန် အတည်ပြု

 မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံအကြား ဇူလိုင် ၁ ရက်မှ ၂ ရက်နေ့အထိ ဒက္ကားမြို့မှာ ကျင်းပနေသည့် အစည်းအဝေးတွင် မြန်မာ့ ဒု-နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့က မြန်မာ့ဘင်္ဂလီများအား လက်ခံရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ဘင်္ဂလာမှ နိုင်ငံခြားရေးဝန်ကြီး Mijarul Quaves ဦးဆောင်သော အဖွဲ့တို့ ယမန်နေ့က အစည်းအဝေးတွင် မြန်မာ့ဘင်္ဂလီများကို လက်ခံရန် တင်ပြချက်အား ဒု-နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သောအဖွဲ့က လက်ခံအတည်ပြုလိုက်ကြောင်းဖြစ်သည်ဟု Mijarul Quaves ၏ ပြောရဲဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။