စာရေးဆရာမောင်စိန်ဝင်း(ပုတီးကုန်း)
" မြစ်ပျောက်ရင်တိုင်းပြည်ပျောက်မယ် "
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် အတွင်း ဧရာဝတီမြစ်၏ အစ မေခနှင့် မလိခ မြစ်ဆုံဒေသတွင် မြန်မာ အစိုးရနှင့် တရုပ်အစိုးရပိုင် CPI ကုမ္ပဏီတို့ ပူးပေါင်းပြီး မြစ်ဆုံဆည် စီမံကိန်း တည်ဆောက်နေသည်။ အဆိုပါ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်၍ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ ဧရာဝတီမြစ် တိမ်ကော ပပျောက်နိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေ ရှိနေကြောင်းကို ထင်ရှားသူများက ပြောဆိုနေကြရာ ပြည်သူအများ စိတ်ဝင်စားမှု များပြားလျှက်ရှိသည်။