Thursday, November 3, 2011

အိဒ် (ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် နွားဈေးကောင်း၍ ရခိုင်တွင် နွားခိုးမှု တိုးပွားနေ

သတင်း-ခိုင်သိန်း(နိရဉ္ဇရာ)
အစ္စလာမ် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် အိဒ်(ကူရ်ဘင်) ပွဲတော်ရက် နီးကပ်လာသဖြင့် ဘင်္ဂလာဒေခ်ျ့တွင် နွားဈေး အထူး ကောင်းနေသဖြင့် ရခိုင်ပြည်နယ်တွင် နွားခိုးမှုများ အထူး တိုးပွားနေသည်ဟု သိရသည်။


Cow-bazar
လွန်ခဲ့သော အောက်တိုဘာလ ၂၉ ရက်နေ့က ရသေ့တောင်မြို့နယ် အငုံမော်၊ ချောင်းရင်း ကုန်တန်းကျေးရွာ အဖ ဦးအင်္ဂါ အောင် သမီး ဒေါ်ကျော့မဖြူတို့ထံမှ နွား ၁၀ ကောင်ကို ခိုးယူသွားကြောင်း နွားပိုင်ရှင် အမျိုးသမီးက နိရဉ္စရာသို့ ပြောသည်။

" လွန်ခဲ့တဲ့လ ၂၉ ရက်နေ့က ကျွန်မတို့မှာ မွေးထားတဲ့ နွား ၁၀ ကောင်ကို ခိုးယူသွားပါတယ်။ အဲဒီ နွားတွေကို ပြည်ထဲမှာ လိုက်လံရှာ ဖွေခဲ့ပါတယ်။ ဘင်္ဂလာကို ရောက်သွားပြီလားဆိုပြီး ဘင်္ဂလာကို လိုက်ပြီး ရှားခိုင်းပါတယ်။ ဒါပေမယ့် မတွေ့ ပါဘူး။ အခု အိဒ်ပွဲတော်နဲ့ နီးနေတဲ့အတွက် ဘင်္ဂလာမှာ နွားဈေးကောင်းနေတဲ့ အတွက် နွားခိုးဂိုဏ်းတွေက အထူး သောင်းကျန်းနေပြီး သူ့ထက်ငါ လက်ဦးမှု ယူပြီး ခိုးနေကြပါတယ်" ဟု ပြောသည်။

နွားပျောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ရဲအဖွဲ့များကို တိုင်ကြားသော်လည်း ငွေမပေးလျှင် အရေးယူ ဆောင်ရွက်ခြင်း မရှိဟု သူမက ဆက် ပြောသည်။

" ကျွန်မတို့ နွားပျောက်ပြီး နောက်တရက်မှာ ညောင်ချောင်းရဲစခန်း၊ မောရ၀တီရဲစခန်းနဲ့ နယ်မြေ ၇ နစက စခန်းတွေမှာ သွားတိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က ငွေမရတော့ အရေးတယူ လိုက်ရှာ မပေးတဲ့အတွက် ခုလို ကျွန်မကိုယ်တိုင် တခြားဆွေမျိုးနဲ့ ၀ိုင်းဝန်း လိုက်ရှာနေရ တာ ဖြစ်ပါတယ်။"

သူမတို့ နေထိုင်သော ဒေသတွင် နာမည်ကြီးနေသော နွားသူခိုးဂိုဏ်း အများအပြားရှိပြီး နွားခိုးဂိုဏ်း ခေါင်းဆောင်များမှာ ချောင်းရင်း ကုန်တန်းကျေးရွာမှ ဦးယဉ်မောင်၊ ပေါက်တောပြင်ရွာမှ ဦးကျော်လှစိန်၊ ဆင်ပိုက်မှ ဦးမောင်ထွန်းတို့ ဖြစ်ကြ ကြောင်းနှင့် သူတို့မှာ ဒေသဆိုင်ရာ ရဲနှင့် နစက အာဏာပိုင်များကို လဒ်ငွေထိုးပြီး နွားများကို ခိုးယူ နေ ကြသည်ဟု တခြား ဒေသခံတဦးက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ပေါက်တော မြို့နယ် များတွင်လည်း နွားများ နေ့စဉ် ရက်ဆက် အခိုး ခံနေရသဖြင့် နေ့ရော ညပါ နွားပိုင်ရှင်များမှာ နွားများကို ထိမ်းသိမ်း စောင့်ရှောက်နေရသည်ဟု ဆင်သေရွာသား တဦးက နိရဉ္စရာသို့ ပြောသည်။

" အခု အိဒ်ပွဲတော်မှာ နွားတွေ အခိုးခံနေရတာ များတော့ အခိုးမခံရအောင် စောင့်နေရကြရပါတယ်။ အောက်တိုဘာလ ၂၈ ရက် နေ့က ဆိုရင် ကျွန်တော်တို့ ပုဏ္ဏားကျွန်းမြို့နယ် ဆင်သေ သြရမကျေးရွာက ထွန်းသာဘောဆိုသူမှာ နွား ၇ ကောင် အခိုး ခံရပါ တယ်။ အဲဒီ အခိုးခံရတဲ့ နွားတွေကိုတော့ ရသေ့တောင်မြို့နယ် ဂူတောင်ရဲစခန်း ရဲအဖွဲ့က ဘင်္ဂလာဒေ့ခ်ျကို တင်ဖို့လုပ်နေတဲ့ အချိန်မှာ ဖမ်းဆီးမိပါတယ်။ ဒါပေမယ့် နွားပိုင် ရှင်ကို မပေးဘဲ စစ်ဆေးနေပါတယ်။"

ဘင်္ဂလာဒေ့ခ်ျတွင် အိဒ် ပွဲတော် အတွင်း ကျွဲ၊ နွားဈေးမှာ အဆမတန် ဈေးကောင်းရနေသဖြင့် ရခိုင်ပြည်နယ်မှ ကျွဲ၊ နွား၊ ဆိတ်၊ ကြက်များကို မှောင်ခို လမ်းကြောင်းမှ တဆင့် တင်ပို့နေကြသည်။ ထိုအထဲတွင် ခိုးနွားများကိုလည်း ရောသွင်း သယ်ယူလာပြီး ရောင်းချနေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ယခုအခါ ပထမတန်း ကျွဲတကောင်ကို တာကာငွေ ၇၀၀၀၀ (ကျပ် ၇သိန်း) ၊ ဒုတိယတန်း ကျွဲတကောင်ကို ၅၀၀၀၀ (ကျပ် ၅သိန်း)၊ တတိယတန်း ကျွဲတကောင်ကို ၃၀၀၀၀ ( ကျပ် သုံးသိန်း) နှင့် ပထမတန်း နွားတကောင်ကို တာကာငွေ ၆၀၀၀၀ (၆သိန်း) ၊ ဒုတိယတန်းစား တစ်ကောင်ကို ၄၀၀၀၀ (၄ သိန်း ကျပ်) ၊ တတိယတန်း ၂၀၀၀၀ ( ကျပ် ၂ သိန်း) အထိဈေးရှိပြီး၊ ပထမတန်း ဆိတ်တကောင်ကို တာကာငွေ ၁၂၀၀၀ ( တစ်သိန်း နှစ်သောင်း) ၊ ဒုတိယတန်းစား ၇၀၀၀ ( ၇သောင်းကျပ်) ဈေးရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပိုမိုပူးပေါင်းရန်လိုကြောင်း မဟာသီယာ တိုက်တွန်း


  November 3, 2011 by ဒီဗွီဘီ   
မြန်မာဟာ အာဆီယံနဲ့အတူ ပိုမိုတက်ကြွတဲ့ ပူးပေါင်းပါဝင်မှုတွေ လုပ်ဖို့လိုကြောင်း ရန်ကုန် စီးပွားရေးဆွေးနွေးပွဲတခုမှာ မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာက ပြောလိုက်ပါတယ်။
နိုဝင်ဘာလ ၂ ရက်နေ့က ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ စီးပွားရေးဆိုင်ရာ ​ဆွေး​​နွေး​ပွဲ​မှာ​ ​ဒေါက်တာမဟာသီယာက သူ့ရဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမြင်များကို ဆွေးနွေးခဲ့တာပါ။
အာဆီယံအဖွဲ့​ ၀င် နိုင်ငံ​အား​လုံး​အ​နေ​နဲ့​​ ​ဒေ​သ​အ​ကျိုး​စီး​ပွား​အ​တွက်​ ​တ​သံ​တည်း​​ ​အ​တူ​တ​ကွ​ရှိကြမယ်ဆိုရင် အောင်မြင်မှုတွေ ပိုမိုရရှိလာနိုင်မယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံက နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တော်တော်များများ တက်ရောက်လာပါတယ်။
ခရီးစဉ်အတွင်း သူနဲ့အတူ မလေးရှားနိုင်ငံက လုပ်ငန်းရှင်တွေလည်း လိုက်ပါလာပါတယ်။  မြန်မာမလေးရှား    စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ၄ ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
မြန်မာနိုင်ငံကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဒေါက်တာမဟာသီယာဟာ မြန်မာနိုင်ငံမှာ သုံးရက်ကြာနေမှာဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ ညနေပိုင်းမှာ တွေ့ဆုံပါတယ်။
နေပြည်တော်ကို သွားရောက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ ရှိတယ်လို့လည်း မလေးရှား သံအမတ်က သူ့ခရီးစဉ် မစတင်ခင်က ပြောဆိုထားပါတယ်။

ရခိုင်ပြည်-ရသေ့တောင်မြို့နယ်တွင် နကစအရာရှိများအားသတ်ဖြတ်ခြင်းခံရ

နစက ဗိုလ်တစ်ဦးနှင့် တပ်သား တစ်ဦး မြန်မာ အနောက်ဘက် နယ်စပ်တွင် အသတ်ခံရ

 
မြန်မာ-ဘင်္ဂလာဒေခ်ျ့ နယ်စပ် ရသေ့တောင်မြို့နယ်တွင် နယ်စပ်ဒေသ လူဝင်မူကြီးကြပ်ရေး ကွပ်ကဲမူ အဖွဲ့ (နစက)မှ အရာရှိ တစ်ဦးနှင့် တပ်သား တစ်ဦး နိုဝင်္ဘာလ ၁ ရက်နေ့ က အသတ်ခံခဲ့ရကြောင်း သတင်း ရရှိသည်။

အသတ်ခံရသူ နစက အဖွဲ့ဝင်များမှာ ရသေ့တောင် မြို့နယ် အရှေ့တောင်ပိုင်းတွင် တည်ရှိသော အငူမော် တပ်စခန်းမှ ဖြစ်ကြောင်း သရက်ချောင်းကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။

" အငူမော် တပ်စခန်းကပါ။ သူတို့က လောင်ချောင်းကျေးရွာ အနီးမှာ တည်ရှိတဲ့ ကြက်ရိုးကုန်တန်း ကုလားရွာမှာ အင်္ဂါနေ့က အသတ်ခံခဲ့ရပါတယ်။ သူတို့က ဘာကြောင့် အဲဒီရွာကို သွားတယ် ဆိုတာကိုတော့ ကျနော်လည်း မသိပါဘူး" ဟု သူက ပြောသည်။

အဆိုပါ ရွာသို့ သွားရောက်သူများမှာ နစက တပ်ဖွဲ့ဝင် (၃) ဦး ဖြစ်ပြီး အဆိုပါ ကျေးရွာသို့ အရောက်တွင် (၂) ဦး အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

"ရွာသားတွေကတော့ တရွာလုံးက ၀ိုင်းပြီး သတ်လိုက်တယ်ဆိုပြီး ပြောပါတယ်။ ကျွန်တော်က ဆိုင်ကယ် မောင်းတော့ အဲဒီရွာကို လူတွေကို သွားပို့စဉ် နစက တပ်ဖွဲ့ဝင်တွေ အများအပြား ရောက်ရှိနေပြီး ရွာသားတွေကို စစ်ဆေးနေတာကို တွေ့ခဲ့ရတယ်။ သတ်တဲ့ အထဲမှာ ပါတဲ့ ရွာသားတွေကတော့ အကုန်လုံး ထွက်ပြေးသွားကြပြီ ဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ အိုနာခါးကုန်း ကုလားတွေဘဲ ကျန်ပါတယ်" ဟု သူက ပြောသည်။

ယနေ့တွင် နစက တပ်ဖွဲ့ဝင် ရာချီ ရောက်ရှိနေပြီး လူသတ်ရာတွင် ပါဝင်သူများ တဘက်နိုင်ငံ ထွက်မပြေးရအောင် နယ်စပ် တောင်ကျော်လမ်းများကို ပိတ်ဆို့ထားကြောင်း သိရသည်။

သေဆုံးသွားသူ နစက အရာရှိများ၏ အလောင်းကို ယနေ့ (နိုဝင်္ဘာလ ၂ ရက်နေ့) က ရသေ့တောင်သို့ ယူဆောင်သွားကြောင်း သိရသည်။ ယခုအခါ အဆိုပါ ကျေးရွာမှ ကျန်နေခဲ့သူ တချို့ကိုလည်း နစကမှ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

မြန်မာပြည်ရခိုင်ဒေသနယ်စပ်လုံခြုံရေးညံ့မှု့ကြောင့်တဖက်နိုငံမှကျုးကျော်ဝင်ရောက်နေထိုင်မှု့ပြဿနာများတစစပိုမိုကြီးလာ

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးရဲ့ ဘဝဖြတ်သန်းမှု တွေကို အပတ်စဉ် တနင်္လာနေ့တိုင်း RFA ကတင်ပြနေတဲ့ “ပြည်သူ့ဖက်က ဗိုလ်ချုပ်ကြီး တယောက်” အစီအစဉ်မှာ ရခိုင်ပြည်နယ်ကို သူပြောင်းရွှေ့ရောက်ရှိသွားခဲ့စဉ်က အတွေ့အကြုံတွေကို အောက်တိုဘာ ၃ ရက်နေ့က တင်ပြခဲ့ရာမှာ ပြောကြားချက်တချို့ကို (BRANA) ခေါ် မြောက်အမေရိကဆိုင်ရာ မြန်မာရိုဟင်ဂျာ အစည်းအရုံးက ကန့်ကွက်ခဲ့ပါတယ်။ ၄င်းကန့်ကွက်ပြောဆိုခဲ့သည့်အပေါ်ကိုလည်းမြန်မာနိုင်ငံပြည်သူများလုံးဝလက်မခံပါ။
ဦးတင်ဦးအားစော်ကားပြောဆိုခြင်းနှင့် သမိုင်းအထောက်အထားမရေမရာပြန်လည်ပြောဆိုခြင်းအပေါ်
 ပြည်ထောင်စုတိုင်းရင်းသားအစစ်အမှန်များနှင့်မြန်မာအပါအဝင် ကမည်သို့မှလက်ခံမည်မဟုတ်ပါ။
BBC သတင်းဌာနက Anna Jones ဆိုတဲ့အမျိုးသမီးဟာ သတင်းသမားတစ်ယောက်မှာ ရှိရမယ့် ခွဲခြမ်းစိတ်ဖြာမှုပဲ ညံ့ဖျင်းတာလား၊ အချက်အလက် စုဆောင်းဖို့ ပျင်းတာလားတော့ မသိဘူး။ မြန်မာနိုင်ငံရဲ မြေပုံမှာရခိုင်ဒေသကို သောက်တလွဲ လုပ်ဘင်္ဂလီများ ဓါတ်ကိုထည့်သွင်းဖေါ်ပြထားပါတယ်။ဒါရိုးရိုးသားသားမှားယွင်းဖေါ်ပြချက်မဖြစ်နိုင်ပါ။ မရိုးသားသည်မှာသေချာသလို၊
  ပြည်ပရောက်နိုင်ငံရေးလုပ်စားသူများ၊လူ့အခွင့်အရေးအကြောင်းပြ ငွေရဘို့အကွက်ဖန်တီးသူတစု
ကဘင်္ဂလီများရခိုင်ဒေသတွင်ကျုးကျော်ဝင်ရောက်မှု့များကို ဖုံးကွယ်စေလိုခြင်းငှာ သတင်းလိမ်များထုတ်လွင့်မှု့နှင့် မြန်မာပြည်ထောင်စုတိုင်းရင်းသားများအကြားBBC သတင်းဌာနကို ပြင်းထန်စွာကန့်ကွက်ခဲ့ကြကြောင်းသိရပါတယ်။
ယခုအသံဖိုင်မှာ RFA (မြန်မာ)ရေဒီယို အစီအစဉ်မှ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၊လက်ရှိ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၏ဖြေကြားထားချက်ဖြစ်ပါတယ်။

ARAKAN ဆိုသောအသုံးအနှုန်းနှင့် ရိုဟင်ဂျာပြဿနာ (ဆောင်းပါးရှင် ကြည်ဝင်း)


 ARAKAN ဆိုသောအသုံးအနှုန်းနှင့် ရိုဟင်ဂျာပြဿနာ
(ဆောင်းပါးရှင် ကြည်ဝင်း)
ယခုတလော ရိုဟင်ဂျာဟူသော ကုလားလူမျိုးတစ်စု၏ ပြဿနာသည် တော်တော်လေး ရေပန်းစားနေသော ပြသာနာတစ်ခုဖြစ်ပါသည်။ အကြောင်းမှာ BBC သတင်းဌာနက ၎င်းတို့၏ Website တွင် ရိုဟင်ဂျာလူမျိုးတို့၏ တည်နေရာကို ရခိုင်ပြည်နယ်အတွင်း ထည့်သွင်း ဖော်ပြထားခြင်းမှစပြီး ပြဿနာ ဖြစ်ပွားလာခြင်း ဖြစ်ပါသည်။ (www.bbc.co.uk/news/world-asia-pacific-11595983) အမှန်စင်စစ် ရိုဟင်ဂျာဟူသည် မြန်မာနိုင်ငံနှင့် မည်သို့မှ ပတ်သက်မှုမရှိသော တစ်ဘက်နိုင်ငံမှခိုးဝင် ၀င်ရောက် အခြေချနေကြသော ဘင်္ဂလီကုလားလူမျိုးတစ်စုသာဖြစ်ပါသည်။ သို့သော် BBC သတင်းဌာနသည် အဖြစ်မှန်ကို သေချာမလေ့လာဘဲ ရခိုင်လူမျိုးများနှင့် မြန်မာတစ်မျိုးသားလုံးကို စော်ကားသည့် အပြုအမူများကို ကျုးလွန်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ယခုပြသာနာမဖြစ်ပွားမီ ၂ လခန့်ကပင် ပြည်ပတွင်ရောက်ရှိနေကြသော ရိုဟင်ဂျာပညာတတ်များက ၄င်းတို့၏ Website များတွင် ရခိုင်လူမျိုးတို့၏ ယခင်ဝေါဟာရ အသုံးအနှုန်းဖြစ်သည့် ARAKAN (အာရကန်) ဟူသောအသုံးအနှုန်းကို စတင်ခိုးယူသုံးစွဲခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းပြသာနာကို ရခိုင်လူမျိုး အသိုင်းအ၀ိုင်းများက နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကန့်ကွက်နေသည့်ကြားမှပင် ရိုဟင်ဂျာပြသာနာကို ပြည်ပ အသံလွှင့်ဌာနများက မဟုတ်မမှန် လှုံ့ဆော်ပေးခဲ့ကြသည်ကို တွေ့ရှိရပါသည်။ ယင်းမှာ နဂိုကတည်းက ရိုဟင်ဂျာကုလား လူမျိုးတစ်စုနှင့် ပြည်ပအသံလွှင့်ဌာန BBCတို့ တီးလုံးတိုက်ထား ကြသည်မှာ ထင်ရှား ပေါ်လွင်နေပါသည်။

အမှန်စင်စစ် ARAKAN ဟူသော အသုံးအနှုန်းသည် ရခိုင်လူမျိုးများတွင် ယခင်ကတည်းက ခေါ်ဝေါ်သုံးစွဲ ခဲ့သည့် အသုံးအနှုန်းသာ ဖြစ်ပါသည်။ ပြည်ပနိုင်ငံများမှ သမိုင်းပညာရှင်များသည် ရခိုင်လူမျိုးကို Rakhine ဟုမသိရှိကြဘဲ ARAKAN ဟုသာ လူသိများကြပါသည်။ ၄င်းကို ရိုဟင်ဂျာကုလားများက ရခိုင်လူမျိုးနှင့် ARAKAN ဟူသောဝေါဟာရကိုအသုံးချရန်ကြိုးပမ်းလာခြင်းဖြစ်ပါသည်။ (ဥပမာ- Burma ကို Myanmar ဟုခေါ်ဝေါ် သုံးစွဲခြင်းသာ ဖြစ်ပါသည်) ARAKAN ဆိုသော အသုံးအနှုန်းများကို အောက်ဖော်ပြပါ ရခိုင်သမိုင်း စာအုပ်များတွင် အထင်အရှားတွေ့ ရှိနိုင်ပါသည်။

၁) သြစတြေးလျ သမိုင်းသုတေသီ Dr. PAMELA GUTMAN ရေးသားသော BURMA’S LOST KINGDOMS’ SPLENDOURS OF ARAKAN

၂) ပြင်သစ်သမိုင်းပညာရှင် Dr.JACQUES P.LEIDER ရေးသားသော ARAKAN’S ASCENT DURING THE MRAUK-U PERIOD

၃) ရခိုင်သမိုင်းပညာရှင် U SAN THA AUNG ရေးသားသော THE BUDDHIST AET OF ANCIENT ARAKAN စတဲ့စာအုပ်တွေမှာ သေချာစွာ လေ့လာနိုင်ပါတယ်။

(၁၇ ရာစုခေတ် ပေါ်တူဂီကုန်သည် တစ်ဦးရေးဆွဲခဲ့သည့် မြောက်ဦးမြို့ မြင်ကွင်းဓါတ်ပုံကိုပါ ပူးတွဲဖော်ပြ ပေးထားပါသည်။ ၄င်းဓါတ်ပုံတွင် ARAKAN ဟူသောအသုံးအနှုန်းကို ထင်ရှားစွာတွေ့ မြင်နိုင်ပါသည်။)

ဧရာဝတီ သတင်းဌာနကလည်း ရိုဟင်ဂျာနှင့် ARAKAN ဟူသောအသုံးအနှုန်းကို ဆက်စပ် သုံးစွဲထားသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။ အမှန်စင်စစ် BBC၊ ဧရာဝတီစသော သတင်းဌာနများသည် မြန်မာနိုင်ငံအစိုးရကို နိုင်ငံရေးအရ ထိုးနှက်ရန် ရည်ရွယ်ချက်နှင့် ယခုလို ရိုဟင်ဂျာပြသာနာကို ဖန်တီးလာသည်ဟု သုံးသပ်ရပါသည်။ နိုင်ငံခြား အသံလွင့်ဌာနများသည် ဒီလိုမဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်ဇာတ်လမ်းများကို ဖန်တီးခြင်းသည် အဆန်းတော့ မဟုတ်တော့ပေ။ (ကန့်ကွက်မှုများကြောင့် အခုအခါ ဧရာဝတီသတင်းဌာနက ၎င်းဆောင်းပါးကို ဖယ်ရှားခဲ့ပြီးဖြစ်ပါတယ်)

ယခင်က BBC၊ ဧရာဝတီစသော အသံလွှင့်ဌာနများသည် ကျွန်တော်အပါဝင် မြန်မာပြည်သူ အားလုံးအတွက် အားထားရာ မီဒီယာများ အဖြစ် ရပ်တည်ခဲ့ ကြပါသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ မြန်မာပြည်သူ တစ်ရပ်လုံး၏ မုန်းတီးမှုကို ခံလိုက်ကြရပြီ။

မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူ တစ်ရပ်လုံး၏ ဆန္ဒမပါဘဲနဲ့တော့ ရိုဟင်ဂျာပြသာနာ မဆိုထားနှင့်၊ မည်သည့် ပြသာနာကိုမဆို လုပ်ကြံဖန်တီး၍ ရနိုင်မည်မဟုတ်ကြောင်း BBC၊ ဧရာဝတီအပါအ၀င် နိုင်ငံခြားမီဒီယာများ သိရှိစေရန် တင်ပြလိုက်ရပါတယ် ခင်ဗျား…..

(ကြည်ဝင်း)
ယခင် သမိုင်းလိမ် ရိုဟင်ဂျာဆိုသူများနဲ့ ပတ်သက်၍ ဖြေရှင်းချက် (အောင်သာနီ) ပြန်ဖတ်ချင်ရင်
Rohinja

BBC နှင့်အသားထဲကလောက်ကောင်များပူးပေါင်းကြံစီမှု့ အားပြတ်သားစွာဆန့်ကျင်ရန်လို

ဘီဘီစီကို နားမထောင်-ကမ်ပိမ်းကို ရန်ကုန်နှင့် အခြားမြို့ နယ်တွေမှာ စတင်နေပြီ..
BY ရဲရင့်http://www.yeyintnge.com/2011/11/blog-post_215.html

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) ရှိတယ်လို့  မကြာသေးခင်ကလဲဘဲ မြန်မာနိုင်ငံအစိုးရက ထုတ်ဖေါ်ပြောဆိုသွားတာရှိပါတယ်။ ဒါပေမဲ့  မြန်မာနိုင်ငံရဲ့  အချုပ်အချာ အာဏာပိုင်နယ်မြေကို မဖွယ်မရာ ပြုလုပ်လာတဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်ဋ္ဌါနကနေပြီး
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးမဟုတ်တဲ့ ဘင်္ဂလီလူမျိုးတွေရဲ့  ဓါတ်ပုံကို ရခိုင်ပြည်နယ် ( ARAKAN ) မှာ တင်ပြထားတဲ့  အတွက် ဒါဟာ မြန်မာနိုင်ငံရဲ့  အချုပ်အချာအာဏာပိုင်နယ်မြေနဲ့  ပြည်သူလူထုတရပ်လုံးကို စော်ကားမော်ကား ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကို စာရေးဆရာ ချိုတူးဇော်၊ စာရေးဆရာသွန်းနေစိုးတို့  အပါအ၀င် ရခိုင်စာရေးဆရာတွေ ၊နဲ့  သမိုင်းသုတေသီတွေ ၊ ရခိုင်အဆိုကျော်တွေက ဒီလို ဓါတ်ပုံတင်ထားတာကို ဖြုတ်ချပြီး တောင်းပန်ပေးရမယ်လို့  မေတ္တာရပ်ခံစားပေးပို့  ကြပါသေးတယ်၊ ဒါပေမဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီစဉ်က ဖြေရှင်းရာမှာ အနောက်နိုင်ငံသားတွေရဲ့  ဓလေ့ထုံးစံအတိုင်း အဲဒီသမိုင်းလိမ်ဘင်္ဂလီ လူမျိုးတွေရဲ့  ဓါတ်ပုံကို မဖြုတ်ချဘဲ အပြင် ရခိုင်မိန်းခလေးတွေရဲ့  သင်္ကြန်ခါ နံသာသွေးတဲ့  ပုံကိုပါ ပူးတွဲ ဖေါ်ပြလိုက်ပါသေးတယ်။ ရခိုင်လူမျိုးတွေနဲ့  တိုင်းရင်းသား လူမျိုးတွေအပါဝင် စာရေးဆရာတွေက တောင်းဆိုတာဟာ အဲဒီမြန်မာနိုင်ငံကို ထိပါးတဲ့  ဓါတ်ပုံတခုလုံးကို ဖြုတ်ချဖို့  မေတ္တာရပ်ခံခြင်းသာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ ရှိနေတယ်ဆိုတာကို ဖေါ်ပြဖို့  ခိုင်းနေတာမဟုတ်ပါဘူး။ ပြီးတော့ ဖြေရှင်းရာမှာလဲ တကယ်ပဋိပက္ခဖြစ်နေတဲ့  လူမျိုးတွေကို ဖေါ်ပြခြင်းသာဖြစ်ပါတယ်လို့  ပြောဆိုတာဟာ အနောက်နိုင်ငံသားတွေရဲ့  ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့  စော်ကားမော်ကား ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုမြန်မာနိုင်ငံရဲ့  တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးစုမှာ အသိအမှတ်မပြုတဲ့  သမိုင်းလိမ်ဘင်္ဂလီလူမျိုးတွေပြသနာကို ပဋိပက္ခဖြစ်အောင် ဘယ်သူများ ပြုလုပ်နေတာလဲ ဆိုတာနဲ့  ပါတ်သက်လို့ အနောက်နိုင်ငံသားတွေဖြစ်တဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းဋ္ဌါနက ပုဂ္ဂိုလ်တွေ မသိဘဲ ရှိနေနိုင်ပါ့မလား။ သမိုင်းအထောက်အထားမရှိ၊ စာပေယဉ်ကျေးမှုမရှိ ၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦး မရှိ၊ နောက်ဆုံး နှစ်ပေါင်းထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေပြီလို့  ပြောတဲ့  သူတွေက ခုထက်ထိ ဒေသခံ စကား မပြောတတ်ကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအစိုးရက ဒီလူမျိုးဟာ ရှေးဦးရခိုင်ပြည်မှာ နေထိုင်တဲ့  လူမျိုး မဟုတ်တာကြောင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးဖြစ်လို့ အသိအမှတ် မပြုခြင်းသာ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တကယ်လို့  ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်က ဒီလို မြန်မာနိုင်ငံမြေပုံမှာ ဓါတ်ပုံတွေ ဖေါ်ပြချင်တယ်ဆိုရင် ဒီလူမျိုးတွေဟာ တကယ်များ ရှိနေလေသလားဆိုတာကို ရခိုင်သမိုင်းဆရာ သုတေသီတွေ ၊ ဗမာသမိုင်းဆရာသုတေသီတွေ ၊ ရှေးဟောင်းယဉ်ကျေးမှု သုတေသီတွေနဲ့  ရှေးဟောင်းယဉ်ကျေးမှုတွေကို လေ့လာပြီး ပြုလုပ်သင့်တယ်လို့  ပြည်တွင်းက ပုဂ္ဂိုလ်တွေက သဘောထားရှိနေကြပါတယ်။ ဒါကြောင့်မို့ လို့  ရန်ကုန်ုနဲ့  အခြားမြို့ နယ်တွေ ၊ ရခိုင်ပြည်နယ်တွေမှာ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို နားမထောင်ကြတော့ဘူးလို့  ဆိုတဲ့  ကမ်ပိမ်းကို နိုင်ဝင်ဘာလ-၁-ရက်နေ့ က စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ တချိန်က မြန်မာနိုင်င်ရဲ့ -၈၈-ကာလမှာ လူထုအသဲစွဲ အသံလွှင့်ဋ္ဌါန တခုဖြစ်တဲ့  ဘီဘီစီ မြန်မာပိုင်းဟာ ခုဆိုရင် လူထုတွေရဲ့  တံထွေးခွက်မှာ ပက်လက်မျောသွားပြီဖြစ်သလို ဒီလိုမဆင်မခြင် လုပ်မှုကြောင့် နောင်ကို လူမျိုးရေးအဓိကရုဏ်းတွေအထိ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့  ရခိုင်သမိုင်းသုတေသီတွေက ခန့် မှန်း ပြောဆိုကြသလို ဒီလို ဖြစ်ပေါ်လာရင်လဲဘဲ အဓိက တရားခံဟာ ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ် အသံလွှင့်ဋ္ဌါနသာဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။

ခိုင်အောင်ကျော် ( နယူးယောက် )

လူထုခေါင်းဆောင်ဒေါ်စု ရွေးကောက်ပွဲဝင်မ၀င် NPR နဲ့ The Economist သတင်းထောက်တို့ရဲ့အင်တာဗျူး

မနေ့က အမေရိကန်အခြေစိုက် NPR အသံလွှင့်ဌါနက အသံလွှင့်သူနဲ့ ဘန်ကောက်ကိုရောက်နေတဲ့ သူတို့ဌါနက သတင်းထောက်တစ်ဦးနဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းကြတာ ဖတ်ရပါတယ်။ အမေရိကန်က မြန်မာ့အရေးစိတ်ဝင်စားသူတစ်ချို့လည်း ဒီ program ကိုဝင်လာပြီး ဖုန်းနဲ့သိလိုတာ မေးကြပါတယ်။ ဖြေပေးတဲ့လူကိုတော့ privacy ကြောင့် နာမည်ဖေါ်ပြမထားပါဘူး။


အဓိကမေးကြတာက ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲပြန်ဝင်မယ့်အကြောင်းနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စီးပွားရေးပိတ်ဆို့မှုကိစ္စ၊ တရုတ်နိုင်ငံရဲ့ မြန်မာပြည်အပေါ် စီးပွားရေးလွှမ်းမိုးမှု အစရှိတာတွေပါ။ ဖြေပေးတဲ့သူအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ဝင်ကောင်းဝင်လိမ့်မယ်။


စစ်အစိုးရဘက်တော့နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလိုချင်တာကြောင့်နဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြေလျော့စေဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲဝင်စေချင်ပါတယ်။ သူ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ကဒီအခြေအနေကိုအသုံးချပြီး တောင်းဆိုမှုတွေလုပ်ကောင်းလုပ်လိမ့်မယ်တဲ့။ ဘာတွေဖြစ်မလဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အာရုံစိုက်ဖို့တဲ့။ Reuters သတင်းအရ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အတည်ဖြစ်ပြီးရင် CEC နဲ့တိုင်ပင်ပြီး ရွေးကောက်ပွဲဝင်သင့်၊ မဝင်သင့်ဆုံးဖြတ်မယ်လို့ သိရတယ်။


Singapore က The Economist သတင်းထောက်နဲ့ အင်တာဗျူးတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့မှုတွေအကြောင်းကို နည်းနည်းလျှော့ပြောလာတာ တွေ့ရပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဟာ အရေးကြီးဆုံးမဟုတ်ဘူးဆိုရင်တောင် အရေးအကြီးဆုံးတွေထဲက တစ်ခုဆိုတာကို ပြောခဲ့ပါတယ်။ မေးသူက ၂၀၁၅ မှာ သမ္မတဖြစ်ဖို့ လုံးဝဖြစ်နိုင်ပါသလားဆိုတော့ ဖြစ်နိုင်တာတွေကတော့ အများကြီးပါတဲ့၊ ဒါပေမယ့် လုံးဝဖြစ်နိုင်မလားဆိုတာကတော့ တစ်ခြားအကြောင်းအရာဖြစ်သွားပြီလို့ ရယ်ရယ်မောမောနဲ့ ပြန်ဖြေပါတယ်။ နောက်ပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အောင်မြင်ပြီဆိုတာ ဘယ်လိုအချိန်မှာ သိနိုင်မလဲဆိုတော့ ဒါက ချက်ချင်းကြီး အားလုံးညီညွတ်လာကြဖို့မမျှော်လင့်ပါဘူးတဲ့။ ဖြည်းဖြည်းချင်းနဲ့ တစ်ခုပြီးပြီးတစ်ခု ညီညွတ်တိုးတက်လာအောင် လုပ်ယူရမှာပါတဲ့။


ဆိုတော့ကား အထက်ကမေးမြန်းမှုတွေ၊ အင်တာဗျူးမှုတွေကိုကြည့်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရက အလွန်လိုလားတောင့်တနေတဲ့ ရွေးကောက်ပွဲဝင်ရေးဆိုတာကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်မှုတို့၊ အပစ်အခတ်ရပ်စဲရေးတို့ အစရှိတာတွေ တောင်းဆိုအကောင်အထည်ဖေါ်နိုင်မယ်ဆိုရင်တော့ သားရွှေအိုးထမ်းမယ့်ကိန်း (သို့) win-win situation ဘက်ဆီကို မြန်မာပြည်သွားနေပြီလို့ ကျွန်တော်မြင်ပါတယ်။ သတိထားရမယ့်အချက်ကတော့ ပြုပြင်ထားတယ်ဆိုတဲ့ ရွေးကောက်ပွဲဥပဒေမှာ ရိုးသားမှုဘယ်လောက်ပါသလဲဆိုတာ သိဖို့လိုမယ်ထင်ပါတယ်။ ၂၀ဝ၈ အခြေခံဥပဒေလို ချည်ထား၊ တုပ်ထားတာမျိုးဆိုရင်တော့ CECကလည်း လက်ခံမယ်မထင်ပါ။မူလသတင်းဌာန အင်တာဗျုးဗီဒီယိုကိုကြည့်လိုလျှင်