အခုတလောမှာ ဧရာဝတီမြစ်နဲ့ ပတ်သက်တဲ့ ဆည်ဆောက်လုပ်ရေးစီမံကိန်းကို လက်ခံဆောက်လုပ်တဲ့ပေးတဲ့ တရုပ်နိုင်ငံအပေါ် တော်တော်လေးကို အမြင်မကြည်မလင်ဖြစ်နေတာကြာပါပြီ။ ကျနော်တို့တိုင်းပြည်က စစ်ဗိုလ်ချုပ်များရဲ့ညံ့ဖျင်းမှု့အပေါ် အခွင့်ကောင်းယူ မြန်မာပြည်ကို တရုပ်ပြည်ကောင်းစားရေးမှာ ခုတုန်းလုပ်တာ ကို မခံချင်တာရော တရုပ်ပြည်ကို အထင်ကြီး လဒ ကိုဟင်္သာ
ထင်နေတဲ့ဗိုလ်ချုပ်များ ကို လက်မခံချင်လို့ပါ။ တရုပ်ပြည်၏ အကျယ်အဝန်းနှင့်လူဦးရေ ပညာရေးစီးပွားရေးများ တိုးတက်လာမှု့ဟာ ကောင်းတာတွေရော မကောင်းတာတွေပါ ရောထွေးနေပါတယ်။ ခပ်ရှင်းရှင်းဝေဖန်ရလျှင်တော့ ဘယ်လောက်ပဲတိုးတက်လာတယ်ပြောပြော အဆင့်အတန်းမရှိသော လူမျိုးများ၊ အများစုနေထိုင်သောတိုင်းပြည်တခုလို့သတ်မှတ်ရမှာပါ။ လူမျိုးကြီးတာအရေအတွက်များ
တာကလွဲရင် လူကြီးလူကောင်းဆန်ဆန် တိုးတက်သောနိုင်ငံအဖြစ် မြင်ကြည့်လို့မရသေးပါဘူး။
တရုပ်အစိုးရကောင်းချင်းမကောင်းချင်းထက် တရုပ်အများစု အောက်ချေပိုင်းပြည်သူလူထုများ ၏အသက်မွေးဝမ်းကြောင်းပြုမူနေထိုင်သော လူနေအဆင့်အတန်းသည် ယခုလက်ရှိမြန်မာပြည်ထက်အဆ
များစွာ အောက်တန်းကျသော၊ ဝိသမလောဘများလွှမ်းမိုးသော၊ဘယ်သူသေသေငတေမာရင်ပြီးရော ဆို
သောစိတ်ဓါတ်များ က တရုပ်လူမျိုးအများစုတွင် ရှိပါတယ်။ဒါဟာ သူတို့လူမျိုးသိက္ခာသည် သူတို့လူမျိုးများ
၏လုပ်ရပ်ပေါ်တွင်မူတည်နေခြင်းကြောင့်ဖြစ်သည်။
မြန်မာပြည်မှ အများပြည်သူများအနေနှင့် လက်ရှိ အင်တာနက်ပေါ်လာချိန်၊ သုံး
စွဲခွင့်ရလာချိန်မှ စတင်ကာ ပြည်ပတိုင်းပြည်များအကြောင်း၊သတင်းများကို လေ့လာခွင့်သိခွင့်ရခဲ့ပါတယ်။
သို့သော်လည်း တိုးတက်နေသော အခြားတိုင်းပြည်များနှင့်ယှဉ်လျှင် ကွာကွယ်သောအနေဖြင့်ရော၊
ဗဟုသုတ အနေဖြင့်ရော ပြည်ပတွင်ဖြစ်ပျက်နေသော အဖြစ်အပျက်များကို အမြဲတစေလက်လှမ်းမမှီသေး
ပေ။
ဥပမာအားဖြင့် တရုပ်တိုင်းပြည်မှ တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများတွင် ကျမ်းမာရေး
နှင့်ပတ်သက်သော လုံခြုံစိတ်ချမှု့ မရှိခြင်း၊ တင်းသွင်းလာသော ပစ္စည်းများသည် အစပိုင်းတွင် ဟုတ်သော်
လည်းနောက်ပိုင်းတွင် မဟုတ်မမှန်သောကုန်ပစ္စည်းများရောထွေးပါဝင်လာခြင်းနှင့် စီးပွားရေးကို မသမာသော
နည်းလမ်းများကို များစွာလုပ်ကိုင်သောနိုင်ငံ အဖြစ် ကမ္ဘာတွင် တရုပ်နိုင်ငံသည်များစွာ နံမည်ပျက်လျှက်ရှိပါ
တယ်။ တိုးတက်ဖွံဖြိုးသော တိုင်းပြည်များမှ တရုပ်ကုန်ပစ္စည်းများစွာကို စစ်ဆေးနိုင်သောနည်းလမ်းများ၊
ရှိသဖြင့် အချိန်မှီ တားဆီးနိုင်လိုက်ခြင်း၊ အရေးယူမှု့များ ဆောင်ရွက်နိုင်သော်လည်း၊ မြန်မာပြည်မှာ တရုပ်
ကပြောသမျှ အားလုံးကောင်းရုံတင်မက တရုပ်ကို အထင်ကြီးထောက်ခံသော နိုင်ငံအဖြစ်ဟု အခြားတိုင်း
ပြည်များမှ နားလည်နေကြပြီဖြစ်သည်။
ယခင်က တရုပ်ပြည်တွင်းတွင် ထုတ်လုပ်သော နို့မှုန့်ကိုသောက်သုံး၍ ခလေးများစွာသေဆုံးခဲ့သည်ဟု
ဖေါ်ပြခဲ့ဘူးပါတယ်။ထိုသတင်းကို ကျနော်ဂျပန်နိုင်ငံတွင်နေထိုင်နေစဉ် တီဗီ သတင်းမှထုတ်လွှင့်သော
ကြောင့်သိခဲ့ရခြင်းဖြစ်ပါတယ်။ထိုသတင်းကို ဂျပန်အစိုးရသည်ချက်ချင်းဆိုသလို သူ့နိုင်ငံသို့ တရုပ်မှဝင်
ရောက်လာသော စားသောက်ကုန်များကို စစ်ဆေးစေခဲ့တယ်။စစ်ဆေးချက်အရ တရုပ်မှတင်သွင်းလာ
သောစားသောကုန်များတွင် အစာအဆိပ်ဖြစ်စေသော(စားမိလျှင်အသက်အန္တာရယ်ဖြစ်စေမှု့) ကိုစစ်ဆေး
တွေ့ရှိသဖြင့် တင်ပို့သော တရုပ်ကုန်စက်ရုံသို့သွားရောက်စစ်ဆေးကာ အရေးယူမှု့များ၊ ကုန်ပစ္စည်းတင်
သွင်းခွင့်များကို ချက်ချင်းဆိုသလို ပိတ်ပင်တားဆီးခဲ့သည်။
မြန်မာနိုင်ငံသည် တရုပ်ပြည်နှင့်တိုင်းပြည်ချင်းထိစပ်နေသည့်အလျှောက် တရုပ်မှ နည်းလမ်းမကျ
သောလုပ်ကိုင်မှု့များကို အတုယူလုပ်ကိုင်လျှက်ရှိသည်။ကိုယ့်တဝမ်းတခါးအတွက်နဲ့ အများရဲ့အသက်ကို
မလဲသင့်ပေ။ များစွာစဉ်းစားသင့်သည်။
တရုပ်ပြည်တွင် စားသောက်ဆိုင်တခုတွင် အစားအသောက်တခုကို မွေးကင်းစခလေးအသေကိုလား
အရှင်ကိုပဲလားတော့ မသိ စွတ်ပြုတ်အဖြစ်ချက်ပြုတ်ရောင်းချတယ်လို့ မြန်မာ