Monday, February 6, 2012

ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ်



မဲတွေကြိုက်သလောက်ထဲနိုင်တဲ့ ၂၀၁၀ မဲရုံး
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လွှတ်တော်တွင်းလစ်လပ်နေရာအား ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ နာမည်ပျက်ရှိခဲ့သည့် မဲရုံမှူးများကို အသုံးပြုမည်မပာုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ၆ ခုတွင် မဲရုံပေါင်း ၆၃၅ ရုံထားရှိမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲများတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများမှ သမာသမတ်ပြည့်ဝစွာ လုပ်ဆောင်ခဲ့သည့် မဲရုံမှူးများ ကိုသာ ပြန်လည်အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံမှူးခန့်အပ်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက “ခုလို ကြားဖြတ်ရွေးကောက်ပွဲ မှာ တကယ်ကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုရင် မဲရုံမှူးတွေကို ခုလိုပြန်ချိန်းပြီးခန့်အပ်တာ အကောင်းဆုံးပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှမျှတတနဲ့ လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ပာု ပြောကြား သည်။

                ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံစောင့်ကြပ်မည့် မဲရုံမှူးများအား တာဝန်ပေးအပ်ရာတွင် ဥပဒေပါအတိုင်း အစိုးရဝန်ထမ်းများနှင့် အများယုံကြည် ကိုးစားရသည့် ဆရာ၊ ဆရာမ များကိုသာ ခန့်အပ်ပြီး ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲရုံမှူးများ၊ ပါတီများနှင့် မဲပေးပိုင်ခွင့်ရှိသူများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့် အငြင်းပွားဖွယ်ရွေးကောက်ပွဲအဖြစ် ထင်ရှားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ်များမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်း ကုန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် လှည်းကူးမြို့နယ်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၉၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
YC

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ယှဉ်ပြိုင်မည့် Dr စိုးမင်း နှင့် တွေ့ ဆုံခြင်း

ဒေါက်တာစိုးမင်း နှင့် တွေ့ ဆုံခြင်း
မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။
ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာ
ကော့မှူးမြို့ နယ်မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်
တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လို
မျော်လင့်ထားသလဲ။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊
ရိုးသားတဲ့စိတ်ဓာတ်နဲ့ နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲက
ရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုး
အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ 
လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့
ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲ
ပြည်သူတွေကို မလိမ်ဘဲ ပြောကြားစည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြမယ့် ပြည်သူ
တွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။
ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်
ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။
ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စား
တာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ 
ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။
ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရ
ပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ 
မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

Messenger ဂျာနယ်

အဖြစ်အပျက်ကဒီလို တေးလက်သံစုံ

ရွာထိပ်က မုဆိုးမဒေါ်စန်း ဈေးရောင်းပုံက...(ဟာဂျူလီ.ကသာ)

ရွာတစ်ရွာမှာ မစန်းဆိုတဲ့ မုဆိုးမတစ်ယောက် ရှိတ
ယ်တဲ့၊ သူ့ယောက်ျား ကိုတုတ်ကြီးသေတော့ မစန်းက အရွယ်ရှိတုန်း၊ လှပနေတုန်း၊ဒါပေမယ့်ဒေါ်စန်းမှာ ဘာအရင်းအနှီးမှ မကျန်ခဲ့ရှာပါဘူး၊ အရွယ်နဲ့ခန္ဓာကိုယ် အချိုးကျကျ လှနေတာလေးပဲ ကျန်ခဲ့တဲ့ မစန်းဟာ တစ်ရက်တော့ ရွာထိပ်မှာကုန်စုံဆိုင် ထောင်ပါသတဲ့၊ငွေရင်းငွေနှီး မရှိဘူးဆိုပေမယ့် သူ့ရဲ့ကုန်စုံဆိုင်ကြီးဟာ အကြီးကြီးပဲတဲ့၊ အဲဒီမှာ သူ့ရွာကလူတွေက အံ့သြကြတာပေါ့၊ သူကိုလည်းမေးကြတာပေါ့ ဟဲ့မစန်း နင် ဘယ်ကငွေတွေနဲ့ ဆိုင်ထောင်တာလဲဆိုတော့ မစန်းကပြောတယ်တဲ့..ဒါက ပညာပဲတဲ့..တစ်ရွာလုံးအံ့သြနေတာပေါ့..ဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့.မစန်း လင်ကောင်မပေါ်ပဲ ကလေးမွေးတော့မှ ရွာခံတွေက သြော်မစန်းရဲ့ ပညာဆိုတာက အခြေအနေနဲ့ နေရာကိုပြောတာကိုး..တဲ့၊မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာဆိုတာကလည်း.. မုဆိုးမမစန်းဈေးရောင်းသလိုပါပဲ၊ အရင်းအနှီးကလည်း နေရာနဲ့လူပဲရှိတာပါ၊

မြန်မာ့ဆက်သွယ်ရေးကြီး အလုပ်လုပ်ပုံက ရွာထိပ်ကမုဆိုးမဒေါ်စန်း.ဈေးရောင်း သလိုပါပဲ....(ဟာဂျူလီ.ကသာ)......မြန်မာဆက်သွယ်ရေးက ပုဂ္ဂိုလ်ကျော်တွေက လုပ်ချလိုက်ပြန်ပါပြီ.သစ်ထူးလွင် ၀က်ဆိုက်ထဲမှာပါ၊ ထုံးစံနဲ့အညီပေါ့ဗျာ၊ တာဝါတိုင်တွေ ဘယ်နှတိုင်ထောင်ထားပါပြီပေါ့ဗျာ၊ ဘယ်နှစ်လောက်ဆို ဈေးကို ဘယ်လောက်ချနိုင်ပါပြီတွေ.အခြေခံပါအဆောက်အဦတွေ ဘယ်လောက်လုပ်ထားပါပြီဆိုတာတွေပေါ့ဗျာ. ကြာတော့ ဆက်သွယ်ရေးက ထောင်ထားတဲ့ တာဝါတိုင်တွေ အကြောင်းမောင်ဂျူတို့လူထုတွေအလွှတ်တောင်ရနေပါပြီ.
မောင်ဂျူမေးချင်တာရှိပါတယ်.မြန်မာ့ဆက်သွယ်ရေးကဒီလောက်ကြီး အလုပ် လုပ်နေတော့ ပြည်သူလူထုတွေ ဖုန်းဆက်သွယ်ရတာအဆင်ပြေသွားပြီလားခင်ဗျာ..NO NO NO ဖြေစရာ မလိုပါဘူးခင်ဗျာ၊( လူထုက ဖြေပါလိမ့်မယ်..)...
.မြန်မာ့ဆက်သွယ်ရေးနဲ့ပါတ်သက်ပြီးမောင်ဂျူထို့ ကသာမြို့ကလူတွေ မိအေး(၅)ခါနာခဲ့ရပုံလေး ကြုံလို့ပြောပြချင်ပါသေးတယ်၊မောင်ဂျူတို့မြို့မှာ အော်တိုတယ်လီဖုန်းတွေစတင် တပ်ဆင်မယ်ဆိုတော့ ဆက်သွယ်ရေးတာဝါတိုင်ထောင်ခတွေ ပစ္စည်းကရိယာဖိုးတွေ.ဘုတ်ခုံဖိုးတွေ မြို့ကပဲကျခံရပါတယ်..၊ဘုတ်ခုံဖိုးက အသစ်ဖိုး ကျခံရတာပါ၊ အဲ ဘုတ်ခုံလာဆင်ပေးတော့ ဘုတ်ခုံက အဟောင်းကြီး..ဒိုင်ခွက်မှာ ၇ှိတဲ့ လက်ကွက်တွေမှာတောင် နံပါတ်တွေ ကမပေါ်တော့ဘူး။စုံစမ်းကြည့်တော့ မိုးညှင်းမြို့က ဘုတ်ခုံအဟောင်းကို ဖြုတ်လာတာတဲ့၊သုံးမကောင်းလို့..သုံးမရလို့ မိုးညှင်းမှာ ကိုယ်ထူကိုယ်ထ ဘုတ်ခုံအသစ်ဝယ်ပြီးတပ်ကြတော့ ဒီအဟောင်းကို ကသာမှာ လာတပ်ပေးတာတဲ့၊အဲဒါနဲ့ မောင်ဂျူက မြို့တာဝန်ရှိသူကို မေးမိပါတယ်၊ကျွန်တော်တို့က ဘုတ်ခုံအသစ်ဖိုးပေးရပြီး ဘာကြောင့် အဟောင်းလာတပ်ပေးရတာလဲဆိုတော့ တာဝန်ရှိသူက ဖြေပါတယ်.. အဲဒါကတော့ ၀န်ကြီးသွားမေးရမှာပါပဲတဲ့၊၀န်ကြီး အမိန့်နဲ့ လုပ်ရတာဆိုပဲ..ဒီတော့ မောင်ဂျူတွေးကြည့်မိပါတယ်၊ငါတို့ပေးလိုက်ရတဲ့ ဘုတ်ခုံအသစ်ဖိုး ဘယ်များရောက်သွားသလဲပေါ့နော့၊အဲ မကြာပါဘူး၊အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်ပါတယ်၊သတင်းစာတွေမှာလည်း ကသာမြို့ အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်တယ်ပေါ့၊နိုင်ငံတော်က အကုန်အကျခံပြီး လုပ်ဆောင်ခဲ့တာပါပေါ့၊ကိုယ့်မြို့က ဖုန်းလိုချင်သူတွေကိုယ့်ငွေနဲ့တပ်ဆင်ရတဲ့ ကိစ္စမှာ အသစ်အစား အဟောင်းလည်း လာတပ်ပေးသေးတယ်၊နိုင်ငံတော်က အကုန်အကျခံရပါတယ်က ပြောသေးတယ်၊
အဲဒါအပြင် အဲဒီ ဘုတ်ခုံမှာ ဖုန်းတပ်ရဖို့ လာတ်ငွေက ပေးရသေးတယ်.. ဒါတွေဟာ ဟိုးး အရင်ခေတ်ကပါ၊ ဒါပေမယ့် ဒါတွေဟာ ဘာကြာသေးလို့လဲ ဗျာ..

မန္တလေးခရီးစဉ် ရွှေ့ဆိုင်းခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

2012-02-05
မန္တလေးမြို့ကို သွားရောက်မယ့် ခရီးစဉ်ရက်ရွှေ့ဆိုင်းပြီး အဆင်ပြေအောင် ပြုလုပ်ခဲ့တဲ့အတွက် အာဏာပိုင်တွေဘက်က နားလည်မှုပိုမိုရရှိလာမယ်လို့ မျှော်လင့်ကြောင်း အန်အယ်လ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
DaweiMyoDaw Facebook Page
ဇန်န၀ါရီလ ၂၉ ရက်နေ့က တနင်္သာရီတိုင်း ထားဝယ်မြို့ခရီးစဉ်အတွင်း ထားဝယ်မြို့ခံ ပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေပုံ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ် ရွှေ့ဆိုင်းရတဲ့အတွက် ဒေသခံတွေကလည်း စိတ်မကောင်းဖြစ်ကြတယ်လို့ မန္တလေးကိုရောက်နေတဲ့ ပါတီပြန်ကြားရေးတာဝန်ခံ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။ မန္တလေးနဲ့ စစ်ကိုင်းတိုင်း ပါတီစည်းရုံးရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်ပေးချက်အရ အန်အယ်လ်ဒီသဘာပတိအဖွဲ့ဝင် ဦးဝင်းတင်နဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်ဟာ ၄ ရက်ကြာခရီးစဉ်အဖြစ်မန္တလေးမြို့ကို ရောက်ရှိနေပါတယ်။
ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်ဟာ ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့နယ် အန်အယ်လ်ဒီပါတီနဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးရုံးတွေကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်ကိုင်းမြို့ကိုသွားရောက်ပြီး ပါတီစည်းရုံးရေးနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဦးအုန်းကြိုင်ကပြောပါတယ်။

စွမ်းအားရှင်များပြည်သူကိုလိမ်ရန် ကြိုးစားနေခြင်း

  မကြာသေးခင်က ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများက ပြည်ထဲရေးဝန်ကြီးဌာန၏မြို့ပြဥပဒေကြောင့်စွမ်းအားရှင်အမည်တပ်ခံရကာ

ပြည်သူလူထုကြားတွင်ဆက်ဆံရေးနစ်နာဆုံးရသည်ဟုအသံကောင်းဟစ်ကာကြံ့ဖွံ့ ဒုဥက္ကဌသူရရွှေမန်းထံစာပေးပို့ခဲ့ကြောင်းသိရပါတယ်။

ကြံ့ဖွံ့ပဲခေါ်ခေါ်စွမ်းအားရှင်ပဲပြောင်းပြောင်း ပြည်သူ့ချဉ်ဖတ်ဟာပြည်သူ့ချဉ်ဖတ်ပါပဲ။ဘာကြောင့်ဒီလိုဖြစ်ရသလဲ။

ကိုယ့်ဟာကိုယ်သုံးသပ်ဖိုလိုပါတယ်။ပြည်သူလူထုဟာ ဆင်းရဲကျပ်တည်းလာမှု့တွေ၊ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိသင့်တယ်။ထိုပြောဆိုခွင့်တွေကို သက်ဆိုင်ရာဌာနတွေကို ယခင်ကရောယခုရောတင်ပြတောင်းဆိုတယ်။ ဥပမာ။   ။ မိမိအိမ် လျှပ်စစ်မီးဝါတွေဟောင်နွမ်းနေတယ်။သက်ဆိုင်ရာ ရပ်ကွက်၊မြို့နယ်တွေကို စာရေးတင်ပြတယ်။ရပ်ကွက်တွင်းရေမလာ၊မီးမလာ တင်ပြတောင်းဆိုတယ်။ နှစ်တွေသာပြောင်းအချိန်တွေကုန်သွားတယ် ဘာမှဖြစ်မလာဘူး။စားသောက်ကုန်ဈေးနှုံးတွေ တက်လာတယ်။အခြေခံလစာတွေနဲ့ဘယ်လိုမှမလုံလောက်ဘူး။ကုန်ဈေးနှုံးကျဆင်းရေးတင်ပြတယ်။ဘာမှဖြစ်မလာဘူး။ကြာတော့ပြည်သူလူထုက ဘယ်သူကိုအဖေခေါ်ရမှန်းမသိတော့ လမ်းမပေါ်ထွက်အော်လာရတယ်။ဒါကိုထွက်အော်ရကောင်းလား ဆိုဖမ်းဆီးရိုက်နှက်တယ်။ အာဏာပိုင်အဖွဲ့အစည်းဝတ်စုံနဲ့၊ ရဲဝတ်စုံ ဆိုယင်ရဲအပြစ်ဖြစ်မှာစိုးတော့ ဘာကောင်မှန်းမသိတဲ့ကောင်တွေကို လွယ်အိတ်တလုံးပေး၊ထမင်းတနပ်ကြွေးခိုင်းတယ်။၊ထောက်လှမ်းရေးယောင်ယောင်၊ နယ်ထိမ်းရဲယောင်ယောင် လုပ်တယ်။ပြည်သူတွေကို ဟောက်စားလုပ်တယ်။အကြမ်းဖက်တယ်။နောက်တော့ အခြေအနေတွေဆိုးသထက်ဆိုးလာတယ်။လုပ်လို့ရမလားလို့လုပ်ခဲ့တယ်။ အခုနောက်ဆုံးလုပ်လို့မရမှန်းသိတော့ ပြည်သူလူထုကို လိမ်ဖို့ကြိုးစားနေပြန်ပြီ။လူမှု့ရေးလုပ်ငန်းတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို အားတက်သရောလုပ်ခဲ့ပါတယ်တဲ့။မရှက်မကြောက်နဲ့ ရီစရာပြော၊တတ်လည်းတတ်နိုင်ပါပေတယ်။ပြည်ထဲရေးဝန်ကြီးဌာနက အထင်လွဲအောင်လုပ်ခဲ့တာပါတဲ့။စွမ်းအားရှင်အမည်ပြောင်းလိုက်လို့ ပြည်သူကအထင်လွဲမှားရပါတယ်။ပြည်သူကိုနားလှည့်ပါးရိုက်လုပ်ဖို့ ကြိုးစားနေပြန်ပြီ။အမှားကိုအမှားပြည်သူကို ဝန်ခံဖို့မကြိုးစား။ပြည်သူကိုတောင်းပန်ဖို့မစဉ်းစား။အပြစ်အကြွေးတွေကိုချွေးနဲ့ပြန်ဆပ်မယ်ဆိုတာမျိုးတွေ မရှိတဲ့ သာယာကူးတွေ၊စိတ်ဓါတ်တွေပြောင်းလည်းဖို့လိုအပ်ပြီ။ဒါတွေကိုမပြုပြင်သေးသ၍ လူ့အသိုင်းအဝိုင်းအပြင်ကိုရောက်နေရအုန်းမှာပဲ။အပြစ်တွေလည်းကြေနိုင်မယ်မထင်ဘူး။

စွမ်းအားရှင် စာရင်း ရှင်းမယ်


ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ အဖွဲ့ ဝင်ဟောင်းများကနေ သူရဦးရွှေမန်းသို့ ”စွမ်းအားရှင်” ကိစ္စဖြေရှင်းရန် စာပေးပို့ ။

သို့ 

သူရဦးရွှေမန်း
ဒုတိယဥက္ကဌ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ
နေပြည်တော်၊ ဌာနချုပ် ။

ရက်စွဲ ။ ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၊ ( ၁၅ ) ရက်။

အကြောင်းအရာ။ ။ စွမ်းအားရှင်ဟု ပြည်သူလူထု အမြင်လွဲမှားအောင် ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန်။

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း လက်ထက်ကတည်းက လူမှုရေးလုပ်ငန်းများ နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ခဲ့ကြသည့် လူငယ်များမှ ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့  ပြဥပဒေကြောင့် “စွမ်းအားရှင်” အမည်တပ်ခံရပြီး လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးတွင် နစ်နာဆုံးရှုံးနေမှုများအား ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

၂။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အရေးအခင်းတွင် မြို့ ပြဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင် (တိုင်း/ခရိုင်/မြို့ နယ်) များက ဒေသအတွင်းရှိ မည်သူ့ ကို မဆို စွမ်းအားရှင်အဖြစ် ခေါ်ယူအသုံးပြုနိုင်သည်ဟု ပြဌာန်းချက်ပါအတိုင်း ဆောင်ရွက်ရာတွင် အစိုးရ၀န်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် အရ ဆောင်ရွက်သည်ကို ဖုံးကွယ်နိုင်ရန်အတွက် ပြည်ခိုင်ဖြိုး အသင်းဝင်များကို စွမ်းအားရှင်များဟု ၀ါဒဖြန့် ခဲ့ကြသည်။

၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး အသင်းဝင် လူငယ်များကလည်း ငါတော့ မဟုတ်ဘူး / သူ့ မြို့ နယ် ဟုတ်နိုးနိုးများဖြင့် ဖြေရှင်းခြင်း မရှိခဲ့ကြပဲ ပြည်သူလူထုစွပ်စွဲသော ဘုန်းကြီးရိုက်တယ်/ သံဃာရိုက်တယ် ပြောဆိုမှုများကို ရေငုံနုတ်ပိတ် နေထိုင်ခဲ့ကြသည်။

၎။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်း ဖြန့် ဝေသည့် ဗီစီဒီအခွေများတွင်၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်း နှိမ်နင်းမှုပြကွက်များမှ ဘုန်းကြီး/သံဃာကို ရိုက်သည်ဆိုသော ပြကွက်များတွင် ပြည်ခိုင်ဖြိုး တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ ရပဲ စစ်သား/ ရဲ / ဆိုသည်များကို သာတွေ့ ရသည့်အတွက် ပြည်ခိုင်ဖြိုး လူငယ်များ စွပ်စွဲခံနေရသည့် သံဃာရိုက်/ ဘုန်းကြီး ရိုက် သူများ မဟုတ်ကြောင်း သက်သေခံလျှက်ရှိပါသည်။

၅။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာအရေးအခင်းကာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်ဦးမှ မြို့ ပြအက်ဥပဒေအရ “စွမ်းအားရှင်” လူတန်းစား သတ်မှတ်ချက်ကို ဖေါ်ထုတ်ပြောကြားပေးနိုင်ပါရန်နှင့် ပြည်ခိုင်ဖြိုးအသင်းတွင် တာဝန်မရှိခဲ့ကြောင်း သက်သေထူပေးစေလိုပါသည်။

၆။ ယင်းသို့ သက်သေထူပြောဆိုပေးခြင်းများမရှိပါက ၁၉၉၆ ခုနှစ်က ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးများမှ တစ်ဆင့် အနိုင်ကျင့် အမိန့် ပေး အကြပ်ကိုင် စေခိုင်းခဲ့မှုများကို ဆက်လက်ဖေါ်ထုတ်သွားမည်။

ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများ

ရန်ကုန်တိုင်းဒေသကြီး

Laynuaye Mya
ဖေ့စ်ဘွခ်မှ...





ကချင်ပြည်နယ်တွင် စစ်တပ်များ ရုပ်သိမ်းခြင်းမရှိ

ကို​ထွေး

အရင် ရက်ပိုင်း အတွင်း ကချင် ပြည်နယ် ဘက်မှာ အစိုးရ စစ်တပ်တွေ ရုပ်သိမ်း သွားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေပေမယ့် အမှန် တကယ် ရုပ်သိမ်းခြင်း မရှိ သေးဘူး လို့ ကချင် လွတ်မြောက်ရေး တပ်မတော်က ပြောပါ တယ်။

ကချင်ပြည် နယ်မှာ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ်တွေ အရင် နေရာ တွေမှာပဲ ရှိနေ တယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

“ကချင်ပြည် နယ်ကနေ ဆုတ်သွား တာတော့ မရှိ သးဘူးဗျ။ အဲဒါက သတင်း မှားတာပဲ ဖြစ်ပါ လိမ့်မယ်။ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ် တွေက အရင် နေရာ မှာပဲ အကုန်ရှိ နေတုန်း ပါပဲ။ ဆုတ် သွားတာ မရှိ သေးပါဘူး။ ၉၉ က နည်းဗျူဟာ တခုက အစ ကတည်းက ပြန်ဖို့ လုပ်နေ တာလေ။ အရင် သူတို့ လဲတဲ့ တပ်တွေ ရှိနေပြီး သားဆိုတော့ အရင်က ၉၉ တပ်တွေ ပြန်သွား တာပဲ ရှိတယ်။ တခြား သီးသန့်ပြန် သွားတဲ့ တပ်တွေ မရှိ သေးဘူး။”

ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း လာမယ့် ၁၀ ရက်နေ့ တွေ့ဆုံဖို့ ရှိပေမယ့် တိကျတဲ့ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။

“၁၀ ရက်နေ့မှာ စပြီး တွေ့ကြဖို့ အချင်းချင်း အပြန်အလှန် ရက်ကို ညှိနေတုန်းပါပဲ။ ၁၀ ရက်နေ့မှာ စတွေ့ဖို့ တိုင်ပင်နေကြပါတယ်။ ဒီတ ခါတော့ ပြည်တွင်းနေရာမှာ ဖြစ်ပါလိမ့်မယ်။ နေရာကိုလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ပြည်တွင်းဘက်မှာ တွေ့ဖို့ ကျနော်တို့ ဘက်က နေ ဘယ်နေရာမှာ တွေ့ချင်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းဆီကို စာနဲ့ တင်ပြထားတာ ရှိပါတယ်။”

ကချင်မှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် အစိုးရတပ်တွေက အမြဲတမ်း ပုံမှန် လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိက္ခာ ထောက်တွေ၊ ကားတွေကတော့ ပုံမှန်ရောက်နေတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည် နယ်မှာ ဇွန်လ ကတည်းက အစိုးရ တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာကြောင့် ဒုက္ခသည် ၇ သောင်းလောက် တရုတ် - မြန်မာနယ်စပ်တွေမှာ ခိုလှုံနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

အစိုးရ၏ ထိရောက်စွာဆောင်ရွက်ခြင်းမရှိသော ပေါ့ပျက်၊အသိဥဏ်နဲပါးသောဆောင်ရွက်မှု့များ


မင်္ဂလာဒုံမြို့နယ်၌ မြေကြီးထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေ၍ သတိပေးစာ ကပ်ထားရ

Wednesday, 01 February 2012 14:13
4445 အနံ့ထွက်နေသည့် နေရာအား ရေဖြန်းပြီး သတိပေးစာ ကပ်ထားသည်ကို တွေ့ရစဉ်
မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့ သစ်ရပ်ကွက် သစ္စာလမ်းသွယ် အတွင်း၌မြေထဲမှ ဂတ်စ်အနံ့များ ထွက်ပေါ်နေကြောင်း သိရသည်။ အဆိုပါ ဂတ်စ်အနံ့များမှာ ဇန်န၀ါရီလ ၂၇ ရက်နေ့မှစ၍ ထွက်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ၌လည်း ထွက်ပေါ်နေသေးကြောင်းလည်း သိရသည်။
“အိမ်ထဲမှာ ဂတ်စ်အနံ့တွေ ရနေလို့ အိမ်မှာမီးခြစ်တွေလိုက်စစ် တယ်။ ဒါပေမယ့် မီးခြစ်တွေက ဘာမှမဖြစ်ဘူး။ ဘေးအိမ်တွေကို လည်းလိုက်မေးကြည့်တော့ ဘယ်သူ မှဂတ်စ်မီးဖိုသုံးတာမျိုး၊ ဂတ်စ်နဲ့ပတ် သက်တဲ့ဟာမျိုးသုံးတာ မရှိဘူး။ လိုက်စစ်ရင်းနဲ့ မြေထဲက အနံ့တွေ ထွက်နေတာကိုတွေ့ရတယ်။ အဲဒါ နဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အ ကြောင်းကြားလိုက်တယ်။ နောက် တော့ အုပ်ချုပ်ရေးမှူးရော၊ ရဲတပ် ဖွဲ့က တာဝန်ရှိသူတွေနဲ့ မီးသတ်က တာဝန်ရှိသူတွေရောက်လာပြီး အနံ့ ထွက်နေတဲ့နေရာကိုရေဖြန်းပြီး သတိ ပေးစာတွေကပ်ထားလိုက်တယ်။ ဒါ ပေမယ့် ဓာတ်ငွေ့နဲ့ပတ်သက်ပြီး နား လည်တာဝန်ရှိသူတွေကတော့ရောက် မလာဘူး။ အခုကျွန်တော်တို့မှာ ဂတ်စ်အနံ့ကိုလည်း အချိန်တိုင်းရှူ နေရပြီး ဘယ်အချိန်ဘာဖြစ်မလဲ ဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရ တယ်”ဟု အဆိုပါလမ်းအတွင်း တွင်နေထိုင်သူက ဆိုသည်။
လက်ရှိတွင် အဆိုပါဂတ်စ် အနံ့များ ထွက်ပေါ်နေသည့် လမ်းသွယ်ကို ခေတ္တပိတ်ထားပြီး မီးခြစ် မခြစ်ရ၊ ဆေးလိပ်မသောက်ရ အန္တရာယ်ရှိသည်ဟူ၍ သတိပေးထားကြောင်းလည်း သိရသည်။

လွှတ်တော်တွင်းအချိန်ဖြုန်းနေသည့် တရုတ်အားကိုး ပုစိန်ရိုး

မြန်မာတရုတ်ရုပ်သံဇာတ်လမ်းတွဲ ကိစ္စ လွှတ်တော်တွင်တင်ပြ

မြန်မာ့ရုပ်ရှင် ဗီဒီယို ဇာတ်ကားများ ပြည်တွင်းပြည်ပ ဆက်သွယ်ဆောင်ရွက်ပြသပြီး
ဈေးကွက် ထိုးဖောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံနှင့်
တရုတ်နိုင်ငံ တန်မင်းဆက် လက်ထက် သံတမန် ဆက်သွယ်မှု ရုပ်မြင်သံကြား ဇာတ်လမ်းတွဲနှင့် ပိုးလမ်းမကြီး ရုပ်ရှင်ဇာတ်လမ်းတိုအား ရိုက်ကူး
ထုတ်လုပ်ဆောင်ရွက်မည်ဖြစ်ကြောင်းလွှတ်တော် မှပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း ပေါ်ပြူလာနယူးစ် ဂျာနယ်၏ လွှတ်တော်သတင်းထောက်က နေပြည်တော်မှ ဖေဖေါ် ၀ါရီ ၂ ရက်နေ့ 
နံနက်ပိုင်း မှာ သတင်းပေးပို့ ပါသည်။

ပေါ်ပြူလာဂျာနယ် 

လွှတ်တော်တွင်းမှာ စစ်တပ်ကပါဝင်ဖွဲ့စည်းထားတဲ့ ဝန်ကြီးအဖွဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကြောင့်
သူတို့လုပ်ချင်တာကို ပြည်သူ့ဆန္ဒမပါပဲ ပြည်သူ့လိုအပ်ချက်မဟုတ်တာတွေကို လုပ်ချင်ရာလုပ်နေကြအုန်းမှာပါ။
      ပြည်သူများအနေနဲ့ အမျိုးသားရေးစိတ်ဓါတ်နဲ့ ပြည်သူ့အကျိုးပြု လုပ်ငန်းမဟုတ်တာမှန်သမျှအားလုံးကညီညီညွှတ်ညွှတ်နဲ့ ပါဝင်ဆောင်ရွက်ခြင်းမရှိ၊အားပေးမှု့မလုပ်ခြင်းစသောကန့်ကွက်မှု့များနှင့်တုန့်ပြန်ရန်သာလိုအပ်ပါတယ်။