Tuesday, August 28, 2012

အစိုးရက လယ်သမား တွေ အတွက် လူမှုတာဝန်ယူမှု ( Social Responsible ) ယူပေး ရမယ်။(ဓါတ်ပုံသတင်း)

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းအတွက် ယာမြေ(၇၈၀၀ ဧက-ကျော်)များ အတင်းအဓမ္မသိမ်းပိုက်ခံထားရသော တောင်သူများက မိမိတို့၏ ဆုံးရှုံးနစ် နာနေမှုများအတွက် ယာမြေများပြန်လည်ရရှိရေးအတွက် မချီတက်လာစဉ်။ 
လယ်သမားတွေက မြေသိမ်းတယ်ဆိုရင် လယ်သမားတွေအတွက် ဘ၀အာမခံချက်ရှိတဲ့ 
စီပွားရေးလုပ်ငန်း၊ နေစရာ အိမ်မြေခြံ၊ လမ်းပန်းဆက်သွယ်ရေး၊ ကျောင်း၊အားကစားကွင်း
ဆေးရုံ ၊ စာကြည့်တိုက်စတဲ့ လူမှုရေးတာဝန်ယူမှု ( Social Responsible ) ကို သိမ်းပိုက်တဲ့
အစိုးရ သို့ မဟုတ် ကုမဏီတွေက ပြန်ပြီး တာဝန်ယူပေးကြရပါတယ်။ 
ဒီလိုတာဝန်ယူမှု မရှိရင် ပြင်းထန် တဲ့လူထုလှုပ်ရှားမှုကြီးတွေဖြစ်ပေါ်လာနိင်ပါတယ်။ 

ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

လင်းသန်
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ် စားလှယ် များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစု ကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်း ဆွေးနွေးသွား ကြောင်း သိရသည်။

လက်ရှိဖြစ်ပေါ်နေသော အခြေအနေသည် အငြင်းအခုံဖြစ်ရသည့် ပြဿ နာတရပ် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်အတွက် မထူးဆန်း ကြောင်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ကန်ရန် လိုအပ်ကြောင်း၊ ဖြေရှင်းရာတွင်အား လုံးသည် ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် သဘောထား ကြီးကြီးနှင့် အ မြော်အမြင်ရှိရှိ ဖြေရှင်းရေး ဦးတည်ကြရန် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံရင်း ယနေ့ ပြည်ထောင်စုလွှတ်တော် တွင် ဆွေးနွေးတင်ပြ သွားသည်။

မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်

မောင်အေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။

“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်းစရာ ပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင် တောမြို့လူကြီး တစ်ဦး က ပြောသည်။

အိမ်ရောင်းမည် စာတန်းများ ယခု ရက်ပိုင်းအတွင်း ပိုများပြားလာကြောင်း အမှတ် (၁) ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

အင်ဒိုနီးရှား ကြက်ခြေနီ အကူအညီပေးရေး အဖွဲ့တဖွဲ့ မြန်မာသို့ စေလွှတ်

ထွန်းထွန်း
အင်ဒိုနီးရှား ကြက်ခြေနီ (Red Cross) အဖွဲ့မှ အကူအညီ ပေးရေး အဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်၏ ပဋိပ က္ခအတွင်း ဒုက္ခရောက်နေကြသူများအား ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရန် ယနေ့သြဂတ်(စ်)လ ၂၅ရက်နေ့က ထွက်ခွာသွား ပြီ ဖြစ် ကြောင်း The Jakartaglobe သတင်းတွင် ရေးသားသည်။

ညမထွက်ရအမိန့်ဖောက်ဖျက်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ရခိုင်တိုင်း ရင်းသားအများစုပါဝင်

ဒေါင်းမြရင်

ရခိုင်ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင်ရွက်သူများမှာ စစ်တွေမြို့ပေါ်၌ ရှိနေသောကြောင့် ညမထွက်ရအမိန်အား ဖောက်ဖျက် ကျူးလွန်းမှုကြောင့် ပြစ်ဒဏ်ချမှတ်ရာတွင် ရခိုင်တိုင်း ရင်းသားများမှာ အများစုဖြစ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦက ပြောသည်။

" စစ်တွေ အမှု ၁၃ မှုမှာ လူ ၆၁ဦး၊ သံတွဲ နှစ်မှုမှာ လူ ၂ ဦး၊ စုစုပေါင်း ၆၃ ဦးစီရင်ချက်ချပြီးပြီ။ သူတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရ အမြင့် ဆုံး ထောင်ဒဏ် ၆ လစီ အပြစ်ပေးခဲ့တာဖြစ်တယ်။အများစုမှာ ရခိုင်တိုင်း ရင်းသား တွေ ဖြစ် တယ်။ စစ်တွေမှာ အများဆုံးဖြစ်နေတာကလည်း တ ရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းဆောင်ရွက်သူတွေဟာ စစ်တွေမြို့ပေါ် မှာပဲ ရှိနေ ခြင်းကြောင့်ဖြစ်တာ။ " ဟု သူကပြောသည်။

ရခိုင်ဒေသ လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီ ရသေ့တောင်တွင် ဖွဲ့စည်း

မောင်ရမ္မာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ရခိုင်ပြည်နယ်အတွင်း ဇွန်လက ဖြစ်ပွားခဲ့သော ပြဿနာ အရပ်ရပ်များကို ဖေါ်ထုတ်အဖြေရှာနိုင်ရန် အ တွက် လူထု ဆန္ဒဖေါ်ထုတ်ရေး ကော်မီတီတစ်ရပ်ကို သြဂတ်စ် ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်။

၎င်း လူထုဆန္ဒဖေါ်ထုတ်ရေး ကော်မီတီကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းလိုက်သည်ဟု အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှသိန်းက နိရဉ္စရာသို့ ပြော သည်။