Wednesday, December 7, 2011

ဘီဘီစီ သတင်းဌာနကိုမြန်မာများဆန္ဒပြမည်

 
 
ယခင်မကြာသေးခင်သတင်းပတ်များအတွင်း ဘီဘီစီသတင်းဌာနမှ ဆောင်းပါးရှင် အန်နာဂျုံးစ် ရေးသား
ဖေါ်ပြထားသော မြန်မာပြည်မြေပုံ တွင်တိုင်းရင်းသားများနေထိုင်မှု့အခြေပြထားရာတွင် ရခိုင်တိုင်းရင်းသားများနေထိုင်ရာနေရာတွင် ဘင်္ဂလီဟုခေါ်သည့် ရိုဟင်ဂျာ အမည်တပ်ကုလားများကိုထည့်သွင်းဖေါ်ပြထားခြင်းကြောင့် မြန်မာအများစုနှင့်တိုင်းရင်းသားရခိုင်များကဦးစီးကာ
အောက်ဖေါ်ပြပါလိပ်စာနေရာတွင် ဆန္ဒဖေါ်ထုတ်မည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
 
မြန်မာတိုင်းရင်းသားများ အားလုံး ပြည်ထောင်စုအရေး ဒို့ အရေး ဆိုတဲ့  အမျိုးသားရေး အသိဖြင့်လားရောက်ပူးပေါင်းကြဖို့  တိုက်တွန်းထားပါတယ်။
 Picture

အာဏာရှင်လက်ထက် စီးပွားတက်ခဲ့သော ဦးတေဇ တယောက် မဝံ့ခံရဲရှာပါလား။


(သေချာဖတ်ချင်သူများကလှစ်နှိပ်ဖတ်နိုင်ပါသည်)

အပြစ်မရှိတဲ့ပြည်သူတွေကိုမတရား ဖမ်းဆီးနေတုန်းပါလား သမ္မတကြီးဦးသိန်းစိန်





ပန်းတနော်မြို့  နယ်တွင်းရှိ မိရိုးဖလာလယ်လုပ်ငန်းဖြင့်အသက်မွေးနေသူဦးသန်းထွန်းအား လွန်ခဲ့သည့် ( ၁၃.၇.၂၀၁၁)နေ့တွင် ပန်းတနော်မြို့ နယ် ရဲဝန်ထမ်းများမှမတရားအမှုဆင်ဖမ်းဆီးခဲ့ပြီး မနက်ဖြန်တွင် ပန်းတနော်မြို့ နယ်တရားရုံးတွင်မြို့ နယ် တရားသူကြီး ဦးစိန်ကြည် မှ မိန့်ချမှတ်မည်ဖြစ်သည် ။

သို့ သော်
ယခုညနေပိုင်းတွင် စွပ်စွဲခံရသူ ဦးသန်းထွန်း ၏ရှေ့ နေ ဖြစ်သူအားမြို့နယ်တရားသူကြီးမှ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကျပ် 25 သိန်း ပေးမည်ဆိုပါကထောင်ဒါဏ် တနှစ်ခွဲသာချမှတ်မည်ဖြစ်ကြောင်း အကယ်၍ မပေးနိုင်ပါက ၂ နှစ်မှ နှစ်အထိ ချမည် ပြောဆိုခဲ့သည်ဟုသိရပါသည် ။ ထို့ သို့ ရှေ့နေမှတဆင့် အကြောင်းကြား လာသည့်အတွက် ဦးသန်းထွန်း၏ အကိုဖြစ်သူ ဦးကျော်ဆန်းနှင့် ဦးသန်းထွန်းဇနီး ဒေါ်အုန်းမြင့်တို့  မှ ရှေ့နေဖြစ်သူ ဦးကျော်အောင်နှင့် သွားရောက် တွေ့ ဆုံခဲ့ရာ (6.12.2011)မနက်ဖြန်အမိန့်ချမည့် နံနက် ( ၇ ) နာရီတွင် အမိန့်မချမှီ တရားသူကြီးဦးစိန်ကြည်နှင့် တွေ့ဆုံ ရမည် ဖြစ်ကြောင်း ကိုထပ်မံပြောဆိုခဲ့ ပါသည်။ ယခုအမှုဖြစ် စဉ်သည် မတရားအမှုဆင်ဖမ်းဆီးခံခဲ့ရသည်အတွက် ၂၀၁၁ ခုနှစ်နိုင်ဝင်ဘာလ ၂၈ ရက်တွေ တွင် ပူးတွဲပါ အမှုဖြစ်စဉ်အကျဉ်းနှင့်အသနားခံစာကို နိုင်ငံတော်သမတ္တကြီးထံ အသနားခံစာပေးပို့ ခဲ့သော်လဲ မည်သို့  မှ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဟုသိရပါသည်။ သို့ ပါသောကြောင့်အများပြည်သူများသိရှိကူညီနိုင်ရန်အတွက် သတင်းပေးပို့ လာ ပါသည်။

အသေးစိတ်သိရှိလိုပါကတရားစွဲဆိုခြင်းခံရသည် မိသားစုများ အားအောက်ပါဖုန်းနံပါတ်များဆို့ ဆက်သွယ်
မေးမြန်းပြီး
အမှုမှန်ပေါ်ပေါက်ရေးအတွက် ကူညီဆောင်ရွက်ပေးကြပါရန်တိုက်တွန်းလိုက်ရပါသည်။ ဦးသန်းထွန်း အိမ်ဖုန်း ( 0949719453 ) မှတ်ချက်- (6.12.2011)မနက်ဖြန်တွင် တရားရုံးသို့  မိသားစုဝင်များသွားရောက် မည်ဖြစ်သောကြောင့် ညနေပိုင်းတွင်သာဆက်သွယ်နိုင်မည်ဖြစ်သည်။

ခေတ်ပျက်သူဌေး မှောင်ခို ဒေါက်တာဘွဲ့အတုဆိုသူဇေကမ္ဘာခင်ရွှေ ဂျာနယ်နှစ်စောင်ထုတ်မည်ဆိုပါလား

ပြီးခဲ့သည့် လအတွင်းကမှ ပြည်တွင်းသတင်းသမားများနှင့် ပြဿနာဖြစ်ပွားခဲ့သူ အမျိုးသားလွှတ်တော် အမတ်ဦးခင်ရွှေ ခေါ်ဇေကမ္ဘာ ဦးခင်ရွှေသည် The Straits Times နှင့် The Straits View အမည်နှင့် ဂျာနယ်နှစ်စောင်ထုတ်ဝေတော့ မည်ဖြစ်ကြောင်း ဦးခင်ရွှေနှင့် နီးစပ်သူ အမျိုးသားလွှတ်တော် အမတ်တစ်ဦးကပြောကြားသည်။

ပြီးခဲ့သည့် မဲခေါင် ဖိုရမ်တွင် ပြည်တွင်းသတင်းသမားနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသော ဦးခင်ရွှေ၏ ဂျာနယ်တွင် မည်သူမှ သွားရောက်ပူးပေါင်း လုပ်ကိုင်မည် မထင်ကြောင်း ဦးခင်ရွှေကို လက်မှတ်ရေးထိုးပြီး သမ္မတထံ တိုင်းကြားလွှာ ပို့ထားသူ သတင်းသမား အယောက်၂၀၀ ကျော်ရှိကြောင်း လူငယ် သတင်းထောက်တစ်ဦးက ဆိုသည်။

သတင်းဂျာနယ်ဆိုသည်မှာ ငွေကြေးအင်အားရှိတိုင်းလည်း ထုတ်ရန်မသင့်သကဲ့သို့ အထူးသဖြင့် မိမိပုဂ္ဂိုလ်ရေး တည်ဆောက် ၀ါဒဖြန့်ချိရေး အတွက်ဆိုလျှင် ပိုမိုပြီး ဂျာနယ်မထုတ်သင့်ကြောင်း သတင်းစာသည် ပြည်သူများအတွက်သာ ဖြစ်သင့်ပြီး ကိုယ်ကျိုးအတွက် မဖြစ်သင့်ကြောင့် အခုပြသနာတက်မှ ထလုပ်ခြင်းသည် လည်း မဖြစ်သင့်ကြောင်း ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

မြန်မာနိင်ငံတွင် ခရိုနီဟုသတ်မှတ်ထားသူ ဦးတေဇသည် ဧရာဝတီဂျာနယ် ထုတ်ဝေနေသကဲ့သို့ စက်မှုဝန်ကြီး ဦးအောင်သောင်းသားများ၏ AGE ကလည်း ဝေါစထရိ ဂျာနယ်ထုတ်ရန် လုပ်ဆောင်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကလည်း နေပြည်တော်တိုင်းမ် အမည်ရှိဂျာနယ်ကို ထုတ်ဝေနေကြောင်း ဦးခင်ရွှေ သတင်းဂျာနယ်ထုတ်မည့် သတင်းသည် သိပ်မထူးဆန်းကြောင်း သတင်းဂျာနယ်များကို စောင့်ကြည့်လေ့လာနေသူ တစ်ဦးကမှတ်ချက်ပြုပြောကြားသည်။

သတင်း... yangon chronicle

အင်န်အယ်လ်ဒီပါတီ ခမောက်တံဆိပ်အစား ခွပ်ဒေါင်းတံဆိပ်ပြောင်းသုံးမည်


NLD ပါတီ ပထမ အလံ
ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ထား သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ် ဒေါင်းတံဆိပ်ကို ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

" အသစ်ပြောင်းလိုက်တဲ့ တံဆိပ်က ကြယ်ဖြူတစ်ပွင့်ရယ်၊ ခွပ်ဒေါင်းရယ်ပါ။ ခွပ်ဒေါင်းအောက် မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ စာတန်းပါတယ်။ ဒီတံဆိပ်သုံးမယ်ဆိုတာကို ပြီးခဲ့တဲ့အပတ်က ကျင်းပတဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲမှာ ဆုံးဖြတ်ခဲ့တာပါ" ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြော သည်။

အဆိုပါတံဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၏ ရင်ဘတ်တွင် တပ်ဆင်ထားသော ရင်ထိုးပုံစံဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အမှတ်တံဆိပ်ပြောင်းလဲခြင်းကြောင့် အဖွဲ့ချုပ်၏ စည်းရုံးရေး လုပ်ငန်းစဉ်များကို ထိခိုက်မည်မဟုတ်ကြောင်း ပါတီဝင်တစ်ဦးက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဒီဇင်ဘာ ၅ ရက်ဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်း အဝေးတွင် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ယင်းပါတီ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးတင်ဦးအား တာဝန်ခံအဖြစ်ထားရှိကာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တရားဝင်ပါတီအဖြစ် တည်ထောင်ရန် စာရင်းပေးထားသူ ၂၁ ဦးအဖွဲ့ဝင်အချို့နှင့် မှတ်ပုံမတင်ရသေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့ပါဝင်ကြောင်း ယင်းပါတီ၏ ထုတ်ပြန်အချက်အရ သိရသည်။

ဆက်လက်၍ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် သတင်းပြန်ကြားရေးနှင့် စာစောင်ထုတ်ဝေ ရေးကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးကော်မတီ၊ မဲဆွယ်ဟောပြောရေးကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၊ ဥပဒေရေးရာကော်မတီတို့ကို ဗဟိုအောင်နိုင်ရေးအဖွဲ့က ဆက်လက်ဖွဲ့စည်းမည်ဖြစ်ကာ အင်န်အယ်လ်ဒီပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်လိုသူများအနေဖြင့် အင်န်အယ်လ်ဒီ ပါတီဝင်ရမည် ဖြစ်ကြောင်း သိရသည်။

" ကျောင်းသားနိုင်ငံရေးလှုပ်သူတွေကို အင်န်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်နေ ရာပေးမယ်ဆိုတာတွေက ကောလာဟလတွေပါ။ အဲဒါတွေ တစ်ခုမှ မဟုတ်ပါဘူး"ဟု ဦးဉာဏ်ဝင်းကဆိုသည်။

ငြိမ်းချမ်းစွာစုဝေး စီတန်းလှည့်လည်ခွင့် မရရှိသေး

လင်းသန့် on December 6, 2011


မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကို သမ္မတဦးသိန်းစိန်က လက်မှတ်ထိုး အတည်ပြု ပြဌာန်းလိုက်သော်လည်း ယခုအချိန်အထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့် မရရှိသေးကြောင်း ဆန္ဒပြရန် စီစဉ် သူများက ပြောသည်။

ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် ၁၅ ဖြစ်သော အဆိုပါ ဥပဒေကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာ၂ ရက်နေ့ ရက်စွဲဖြင့် သမ္မတ ဦးသိန်းစိန်က လက်မှတ်ထိုး အတည်ပြုလိုက်ကြောင်း အစိုးရ သတင်းစာများ၌ စနေနေ့က ဖော်ပြထားသည်။

ရန်ကုန်တိုင်း ဒဂုံမြို့နယ်နေ တသီးပုဂ္ဂလ နိုင်ငံရေး သမား ဦးဝင်းချိုနှင့် ၇ ဦး က ဦးဆောင်ပြီး လွတ်လပ်စွာ စုဝေး ဆန္ဒ ထုတ် ဖော်ခွင့်ကို ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ မြို့နယ်ရဲမှူးထံ ယမန်နေ့က တောင်းခံခဲ့ရာ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေ ထုတ်ပြန် ထားခြင်းမရှိသေး၍ ဆိုင်းငံ့ရန် ယနေ့ ပြန်ကြားစာရရှိကြောင်း ဦးဝင်းချိုက ဧရာဝတီကို ပြောသည်။

“အစိုးရ သက်တမ်း နုနယ်သေးတဲ့အတွက်၊ နည်းဥပဒေ ထုတ်ပြန်ခြင်း မရှိသေးတဲ့အတွက် ဆိုင်းငံ့ထားဖို့ အကြောင်း ပြန်ခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ရည်ရွယ်ချက် ၃ ခုဖြင့် လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဦးဝင်းချို၊ ဦးထောင်ခိုထန်း၊ ဦးဝေဠု၊ ဦးနေမျိုးဝေ၊ ဦးအောင်မျိုးဦး၊ ဦးစိုးကြည်၊ ဦးမင်းအောင် တို့ ၇ ဦးက ခွင့်ပြုသတ်မှတ်နေရာတွင် ဆန္ဒထုတ်ဖော်မည်ဖြစ်ပြီး လူဦးရေ ၅၀ ခန့် ပူးပေါင်းပါဝင်မည့် အကြောင်း ခွင့်ပြုမိန့် တောင်းခံခဲ့ ခြင်းဖြစ်သည်။

ဥပဒေအရ ဆန္ဒထုတ်ဖော်ခွင့် ရပါက စီတန်းလှည့်လည်ခြင်းမပြုဘဲ စာရွက်ဝေခြင်းနှင့် ဟောပြောခြင်းသာ ပြုလုပ်မည် ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမျှတရေးတို့အတွက် သတင်းစကားပေးလိုခြင်း ရည်ရွယ် ချက်များဖြင့် နိုင်ငံသားအခွင့်အရေး ရပိုင်ခွင့်အရ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဦးဝင်းချိုက ပြောဆိုသည်။

“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဟာ ကျနော်တို့ ပြည်သူတွေနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြချင်တာပါ”ဟု ၎င်း က ပြောသည်။

ဦးဝင်းချိုသည် ၂၀၁၀ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလအမတ် အဖြစ် ဒဂုံမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ် သည်။

ယခု ဆန္ဒထုတ်ဖော်ခွင့် တောင်းခံခဲ့သူ အများစုသည်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ကြသူများ ဖြစ်သည်။

ဦးထောင်ခိုထန်းမှာ ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ကိုယ်စားပြု၍ စစ်ကိုင်း တိုင်း၊ တမူးမြို့နယ်မှ ရွေးချယ် တင်မြှောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သကဲ့သို့ ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မီ တီ(CRPP)၏ အဖွဲ့ဝင်ဟောင်း တဦးလည်း ဖြစ်သည်။

ထိုသို့ ဆိုင်းငံ့ရန် အာဏာပိုင်များက ပြန်လည်အကြောင်းကြားသည့်အပေါ် လေးစား လိုက်နာမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လူ့ဘောင်တွင် အရေးကြီးသည့် တရားဥပဒေ စိုးမိုးရေး၊ တရားမျှတရေး တို့အတွက် ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဦးဝင်းချို က ဆက်ပြောသည်။

“ဥပဒေကို လေးစားလိုက်နာမယ်။ ဥပဒေကို အလွဲသုံးနေတာတွေရှိရင် ဖော်ထုတ်မယ်။ ပြည်သူတွေ ဥပဒေရဲ့အကာအကွယ် ပေးမှုကို တန်းတူ ခံစားရသည်အထိ ကြိုးပမ်းသွားမှပါ”ဟု သူက ဆိုသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေတွင် အခန်း ၈ ခန်းပါဝင်ပြီး ဟောပြော လိုသည့် အကြောင်းအရာ၊ ကြွေးကြော်သံ၊ ဦးဆောင်မည့်သူ၏ ကိုယ်ရေးအချက်အလက်၊ နေရာ၊ အချိန်နှင့် အစီအစဉ်တွင် ပါဝင်မည့် ခန့်မှန်းလူဦးရေ တို့ကို သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးထံ အနည်းဆုံး ၅ ရက် ကြိုတင် ခွင့်ပြုချက်ယူရန်တို့ ပါဝင်သည်။

ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ပါက တနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်း ယင်း ဥပဒေ တွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့ အရာရှိတဦးဦးက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်သူများကို လိုအပ်သော ကာကွယ်မှုများ လုပ်ဆောင်သွားမည်ဟု လည်း အဆိုပါ ဥပဒေ၌ ပါရှိသည်။

ယခု ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေသည် မြန်မာနိုင်ငံတွင် ပထမဆုံး တရားဝင်ပြဌာန်း ခြင်း ဖြစ်သည်။

ဆန္ဒပြ စုဝေးခွင့် လျှောက်ထားခြင်း အနုနည်းနဲ့ ပယ်ချခံရ

ဒလမြို့နယ် တသီးပုဂ္ဂလအမတ် ဦးဝင်းချို၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ဘောက်ဂျာ၊ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝေဠု၊ ဦးမင်းအောင်နဲ့ ဦးစိုကြည်တို့က လွတ်လပ်စွာ ဆန္ဒပြခွင့်အတွက် ဒီဇင်ဘာ ၄ ရက်နေ့က တောင်းဆိုထားတာကို သက်ဆိုင်ရာက ဒီကနေ့မှာ ပယ်ချလိုက်ပါတယ်။ ဒဂုံမြို့နယ်မှုး အကြောင်းပြန်လာတဲ့ စာကို အောက်မှာဆက်လက်ဖတ်ရှုပါ။
သို့ 
ဦးဝင်းချို 
ဒဂုံမြို့နယ် 
အကြောင်းအရာ။ ။ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခြင်း ကိစ္စ
ရည်ညွှန်းချက် ။ ။ ၅.၁၂.၂၀၁ ရက်စွဲပါ ဦးဝင်းချိုပါ ၆ ဦး၏ တောင်းခံစာ ၁ ။ ဦးဝင်းချို၏ ရည်ညွှန်းစာပါ ငြိမ်းချမ်းစွာ စုဝေးဟောပြောဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားတောင်းခံခြင်းသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် အညီ လျှောက်ထားတောင်းခံခြင်းဖြစ်သော်လည်း အဆိုပါ ဥပဒေပုဒ်မ ၂၄ ၌ ပြဌာန်းထားသည့်အတိုင်း ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လိုအပ်သော နည်းဥပဒေ စည်းမျည်း(သို့)စည်းကမ်းများ လိုအပ်သော အမိန့်ကြေညာစာ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ပေးရဦးမည် ဖြစ်ပါသည်။
၂ ။ ဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပုဒ်မ ၂၄ အရ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ ရရှိပြီးမှသာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားမှုများအပေါ် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းများကို နည်းဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သို့ဖြစ်ပါ၍ ရည်ညွှန်းစာပါ ဦးဝင်းချိုပါ ၆ ဦး၏ လျှောက်ထားတောင်းခံမှုကို ပုဒ်မ ၂၄ အရ ပြည်ထဲရေး ၀န်ကြီးဌာနမှ နည်းဥပဒေထုတ်ပြန်ပြီးမှသာ ပြန်လည်လျှောက်ထားရန် အကြောင်းကြားပါသည်။

ရင်ခုန်ပြီး လေးစားတဲ့စိတ်နဲ့ ပျော်နေတယ် (ထွန်းအိန္ဒြာဗို)

နိုဝင်ဘာလ (၂၅) ရက်နေ့က မြန်မာနိုင်ငံမှ ဂီတအသိုင်းအဝန်းမှ အနုပညာရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သူ့ရဲ့နေအိမ်မှာ ရင်းနှီးနွေးထွေးစရာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံခဲ့ကြသူများထဲက အကယ်ဒမီ ထွန်းအိန္ဒြာဗိုထံမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်များကိုလည်း သိခဲ့ရပါတယ်။ အသက် (၄၅) နှစ်တာ ကလာအတွင်း တကယ်ကို မျက်ဝါးထင်ထင် ဒီလောက်စွန့်လွှတ် အနစ်နာခံနိုင်ပြီး သူရသတ္တိနဲ့ ပြည့်စုံတဲ့ လူတစ်ဖက်သားရဲ့ ဆန္ဒကို အလေးထား တန်ဖိုးထားတဲ့ အမျိုးသမီး တစ်ယောက်ကို တွေ့ဖူးခြင်းပဲ။ တွေ့ရမယ် ဆိုတဲ့အချိန်မှာ ရင်တွေ တုန်နေတယ်။ ချိန်းတာက (၃) နာရီခွဲ (၂) နာရီလောက် ကတည်းက အန်တီစုခြံရှေ့မှာ ကားကြီးနဲ့ သွားစောင့်နေတယ်။ ဝင်ခွင့်ရပြီ ဆိုတာနဲ့ ပျော်ပြီး ဝင်သွားတာ ရင်က အလိုလိုခုန်ပြီး လေးစားတဲ့စိတ်နဲ့ ပျော်နေတယ်။ တွေ့တော့လည်း အရမ်းကို အလေးထားပြီး ပြောတာကို တွေ့ရတယ်။ စကားပြောတာ သိပ်ပြီး fair ဖြစ်တာကို တွေ့ရတယ်။ အန်တီစုက ဂီတလောကသားတွေကို ပြည်သူလူထုကို ပညာပေးတဲ့ အကြောင်းအရာလေးတွေပါတဲ့ စာသားလေးတွေ စပ်ဆိုဖို့ တိုက်တွန်းတာ။
ဥပမာ- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သော်လည်းကောင်း၊ လူ့အခွင့်အရေးဆို အမျိုးသမီး အခွင့်အရေး၊ ကလေးအခွင့်အရေး စသဖြင့် ပြီးတော့ တိုင်းရင်းသား အချင်းချင်း စည်းလုံး ချစ်ချစ်ခင်ခင် ဖြစ်စေတဲ့ သီချင်းလေးတွေ ဆိုကြဖို့ တိုက်တွန်းတာ။ အားလုံးကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ ရေးကြမယ်၊ တီးကြမယ်၊ ဆိုကြမယ်ဆိုပြီး ဖြစ်ကြတယ်။ နောက်တစ်ခုက အန်တီစုပြောတာ သူရဲ့ ပါတီစည်းရုံးရေး သီချင်းလေးကိုတော့ အနုပညာရှင်ဆိုတာ အဖွဲ့အစည်း တစ်ခုတည်း ကိုယ်စားပြုရတဲ့ လူတန်းစားမျိုး မဟုတ်တဲ့အတွက် မဆိုကြနဲ့။ သူတို့ကိုယ်တိုင်ပဲ ဆိုမယ်။ အန်တီစုကိုယ်တိုင်က အဲဒီလို ပြောတယ်။ သူတောင်းဆိုရင်လည်း ဘယ်သူမဆို ဝိုင်းဆိုကြမှာပဲ။ သူပြောတဲ့ စကားတွေကို ကိုယ်ကအရမ်းကို ကျေနပ်ပြီး နားထောင်ခဲ့ရတာ။ အန်တီစုက ကိုယ်လေးစားတဲ့သူ ဆိုတော့ ကူညီချင်တယ်။ ဒါပေမဲ့ အန်တီစုပြောတာ နည်းလမ်းမှန်တယ်။ တစ်စုတစ်တည်းအတွက် မလုပ်ရဘူးလည်း မဟုတ်ဘူး။ လုပ်ရမယ်လည်း မဟုတ်ဘူး။  မိမိသဘော ဆန္ဒအလျှောက် မိမိစိတ်ကြိုက် ဆုံးဖြတ်နိုင်တာ မိမိအခွင့်အရေးပဲ။