Thursday, October 20, 2011

ပခုက္ကူမြို့ရွှေတချောင်းတံတားကျိုး

ပခုက္ကူ တံတားကျိုး လူ ၂၀ ထက်မနည်း သေဆုံး

အထက်မြန်မာ နိုင်ငံတွင် ဆန်၊ ကောက်ပဲသီးနှံနှင့် ချည်ထည်များ အထူးပြု ရောင်းဝယ် ဖောက်ကားမှုဖြင့် နာမည်ကျော်သည့် ပခုက္ကူမြို့အဝင် ဧရာဝတီ မြစ်လက်တက် ရွှေတစ်ချောင်း ချောင်းကို ဖြတ်ကျော် တည်ဆောက်ထားပြီး မုံရွာ၊ မန္တလေးမြို့များနှင့် ကုန်သွယ်ရေးတွင် အရေးပါသော ရွှေတစ်ချောင်း တံတားသည် ယနေ့မနက် ၆ နာရီခန့်က မိုးများ အဆက်မပြတ် ရွာသွန်းနေစဉ် ရေလည်တိုင် ၃ တိုင် ကျိုးသွားခဲ့ပြီး တံတားအနီး တည်ဆောက်ထားသည့် ဘုန်းကြီးကျောင်းနှင့် အိမ်အချို့ ရေတွင်မျောပါကာ လူ ၂၀ ထက်မနည်း သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ ပခုက္ကူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက The Voice Weekly သို့ပြောကြားသည်။

ဝန်ကြီးများရုံး ဟိုတယ်လုပ်ရန် ဦးခင်ရွှေ ကမ်းလှမ်း

ဝန်ကြီးများရုံး ဟိုတယ်လုပ်ရန် ဦးခင်ရွှေ ကမ်းလှမ်း 

သတင်းနှင့်ပတ်သက်ပြီး မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဌ ဦးခင်ရွှေ အားဝိုင်းဝန်းဝေဖန်သံများထွက်ပေါ်လျှက်ရှိပါတယ်။
မြန်မာပြည်လွတ်လပ်ရေးကိုကြိုးပမ်းဆောင်ရွက်ခဲ့သူဗိုလ်ချုပ်အောင်ဆန်း၏ ကျဆုံးခဲ့သောနေရာ သမိုင်းဝင်နေရာတခု ၏အထောက်အထားတခုကို ပြောင်းလည်းသွားအောင်အကြံပေးသူသည်မည်မျှညံ့ဖျင်းသော ဦးဏှောက်နှင့်စဉ်းစားသနည်း။ စီးပွားရေး အတွက်စဉ်းစားမှု့သည် ဘယ်သူသေသေငတေမာပြီးရောစဉ်းစားလို့ရရအောင်ကိုယ်ပိုင် ပစ္စည်းမဟုတ်။ proposal တင်သင့်ထည့်ဆွေးနွေးသင့်သောကိစ္စတရပ်ပင်မဟုတ်ပေ။
သိပ်စီးပွားရေးလုပ်ကိုင်လိုလျှင်  ဥက္ကဌ ဦးခင်ရွှေ ကိုယ်ပိုင်အိမ်ကို ဟိုတယ်ငှားရမ်းလုပ်ကိုင်ပါ။
အကယ်၍ ဟိုတယ်အဆင့်မမှီလျှင် အိမ်သာ အဆင့်တော့မှီမယ်ထင်ပါတယ်လို့ ဦးခင်ရွှေ အားအကြံပြုပါရစေခင်ဗျား။(ပြည်သူ့အော်သံ)


နယူးဒေလီ (မဇ္ဈိမ) ။        ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့်
နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝန်ကြီးများ ရုံးအဆောက်အအုံကို ဟိုတယ် လုပ်ငန်း လုပ်ကိုင်ချင်သူများ ရှိပါက ကူညီပေး သွားမည် ဖြစ်ကြောင်း မြန်မာ့ခရီးသွား လုပ်ငန်း ဘုတ်အဖွဲ့ MTB ဥက္ကဋ္ဌ ဦးခင်ရွှေက ပြောဆိုသည်။

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းရှိ ရုံးမှာ အင်္ဂလိပ်တို့က အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ၁၈၉၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်ခေတ် အုပ်ချုပ်ရေး ယန္တရား၏ အမြင့်ဆုံးဖြစ်ပြီး အတွင်း ဝန်ချုပ်နှင့် အတွင်းဝန်များ ရုံးစိုက်ရာ နေရာ ဖြစ်သည်။

khinshwe-feb
နှစ်ပေါင်း ၁၂၀ သက်တမ်းရှိ ဝန်ကြီးများ ရုံးအဆောက်အအုံကို ဟိုတယ် လုပ်ငန်း လုပ်ကိုင်ချင်သူများ ရှိပါက ကူညီပေး သွားမည် ဖြစ်ကြောင်း MTB ဥက္ကဋ္ဌ ဦးခင်ရွှေက ပြော (ဓါတ်ပုံ မဇ္ဈိမ)
“လုပ်ဦးမယ်ရယ်လို့ မဟုတ်သေးဘူး။ Proposal ဝိုင်းတင်ကြ။
အဆောက် အဦး အများကြီးပေါ့ဗျာ။ အများကြီးထဲမှာ ဝန်ကြီးချုပ်ရုံး
လည်း ပါတာပေါ့ဗျာ။ အဆောက်အဦးတွေ အများကြီး ရှိတယ်၊ နိုင်ငံ
တော်ပိုင် အဆောက် အဦးတွေ။ အဲဒီအများကြီးထဲက ကိုယ်ကြိုက်တဲ့
ကောင်ကို ဝိုင်းပြီးတော့ ဝိုင်းတင် ကြ။ ဒါပါပဲ” ဟု MTB ဥက္ကဋ္ဌ ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။

နိုင်ငံတော်အနေဖြင့် ခရီးသွားလုပ်ငန်း တိုးမြှင့်ရေး အတွက် လိုလားမှု
ရှိနေပြီး ၂၀၀၉  ခုနှစ်အထိ ဝန်ကြီးများရုံး အဖြစ် အသုံးပြုခဲ့သော အဆောက်အအုံ ကဲ့သို့ပင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ စစ်ရုံးချုပ်နေရာ အပါအဝင် အစိုးရပိုင် အဆောက်အအုံများကိုလည်း စိတ်ဝင်စားပါက ကူညီပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံတော် အနေနဲ့က အခုဟာက ဟိုတယ်တွေက ရန်ကုန်မှာ
တော်တော်လေး လိုတယ်လေ။ လိုနေတဲ့အခါ ကျတော့ အမြန်
ဖြည့်ဆည်းဖို့က နိုင်ငံတော် အဆောက်အဦးတွေကို လုပ်ဖို့
ရှိတယ်။ လုပ်ပေးရမယ့် အပိုင်းမှာမှ အဲဒီ အဆောက် အဦးတွေ အကုန်ပါတာပေါ့ဗျာ” ဟု ဦးခင်ရွှေက ဆိုသည်။

သံအမတ်က မစားပါဘူး၊ သံအမတ်ကတော်က စားတာပါ

>> Thursday, October 20, 2011

မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံရေးအခြေအနေ အမျိုးမျိုး ဖြစ်ပေါ်ပြောင်းလဲနေသည့်အားလျော်စွာ မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင်လည်း ပတ်စပို့စာအုပ်ကိစ္စနှင့်ပတ်သတ်၍ ခုတမျိုး တော်ကြာတမျိုး ဖြစ်လျက်ရှိပြီး မြန်မာသံရုံးနှင့် ဆက်သွယ်လုပ်ကိုင်ရသည်မှာ အရူးလင်လုပ် ရသလို ဖြစ်နေကြောင်း အေဂျင်စီတချို့က ပြောကြားသည်။

မလေးရှားအစိုးရကပြုလုပ်သည့် လီဂယ်လိုက်ဇေးရှင်း ကာလအစတွင် မြန်မာသံရုံးမှနေ၍ မလေးရှားရှိ မြန်မာဂျာနယ်တချို့ကိုခေါ်ယူကာ ပတ်စပို့လုပ်ရန်အတွက် စာအုပ်ကြေး ၃၂၀-ရင်းဂစ်နှင့် တခြားစာရွက်စာတမ်းကြေးများ စုစုပေါင်း ၄၀၀-ရင်းဂစ်ခန့်သာ ကုန်ကြနိုင်မည်ဟု ပြောကြားခဲ့သည်။

ထို့နောက်တဖန် ပတ်စပို့စာအုပ်အတွက်ကုန်ကျငွေများ ထပ်မံထုတ်ပြန်ရာ မလေးရှားနိုင်ငံတွင် ၃ နှစ်ကြာနေထိုင်သူများအတွက် ရင်းဂစ် ၄၈၀၊ ၃ နှစ်မှ ၅ နှစ်ကြား နေထိုင်သူများအတွက် ရင်းဂစ် ၆၄၀ နှင့် ၅ နှစ်အထက် နေထိုင်သူများအတွက် ရင်းဂစ် ၉၆၀ ကုန်ကျမည်ဟု ခွဲခြားသတ်မှတ်ခဲ့သည်။ (အောက်ပါပုံများပေါ် ကလစ်နှိပ်၍ အသေးစိတ်ကြည့်နိုင်ပါသည်)

လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြင့်တရားသောအစိုးရတရပ်ဖြစ်လာနိုင်ရန်အကြောင်းမရှိ

လူ့အခွင့်အရေးချိုးဖောက်မှုများ အမြန်ဆုံးဖြေရှင်းရန် ကင်တားနားတောင်းဆို

ဧရာဝတီ on October 20, 2011

မြန်မာ နိုင်ငံတွင် လူ့အခွင့် အရေး ချိုးဖောက် မှုများ ရှိနေ သည်ကို လက်ခံ၍ ကိုင်တွယ် ဖြေရှင်း ပေးပါရန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ လူ့အခွင့် အရေး အထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက သမ္မတ ဦးသိန်းစိန် အစိုးရထံ တောင်းဆို လိုက်သည်။

မစ္စတာ ကင်တား နားက ကုလ သမဂ္ဂ အထွေထွေ ညီလာ ခံသို့ တင်သွင်းသော အစီရင် ခံစာတွင် မြန်မာ နိုင်ငံတွင်း လူ့အခွင့် အရေး ချိုးဖောက် မှုများ ဖြေရင်း ပေးရန် မြန်မာ အစိုးရအား တောင်းဆို စာကို ထည့်သွင်း ရေးသား ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်သောအစိုးရတရပ်သည်အာဆီယံနိုင်ငံများ၏ဥက္ကဌဖြစ်သင့်သလော

အာဆီယံဥက္ကဋ္ဌရာထူး အလောသုံးဆယ် မဆုံးဖြတ်ရန် AIPMC တိုက်တွန်း

စောရန်နိုင် on October 20, 2011

မြန်မာ အစိုးရက စစ်မှန်သည့် ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်သည့် အချိန်မှ အာဆီယံ အဖွဲ့ ဥက္ကဋ္ဌ တာဝန် ပေးအပ်ရေး ကိစ္စကို ဆုံးဖြတ်ရန် မြန်မာ့ အရေးဆိုင်ရာ အာဆီယံ လွှတ်တော် အမတ်များ အဖွဲ့ (AIPMC) က လက်ရှိ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံကို အင်္ဂါနေ့တွင် တောင်းဆို လိုက်သည်။

လာမည့်လ အင်ဒိုနီး ရှားတွင် ကျင်းပမည့် အာဆီယံ ညီလာ ခံတွင် တက်ရောက် လာသူ များက မြန်မာ နိုင်ငံအား ၂၀၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ပေးအပ် ရေးကို ထောက်ခံ ဆွေးနွေး ဖွယ်ရှိသည်ဟု အကဲခတ် အများ အပြားက သုံးသပ် နေကြ သည်။