Thursday, January 19, 2012

အစိုးရနှင့်ကေအိုင်အို ဆွေးနွေးပွဲအပစ်အခတ်ရပ်ရေး သဘောတူညီချက်မရရှိသေး

ဓါတ်ပုံ(kachinnet)
ရန်ကုန်- ဇန်န၀ါရီ ၁၉
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KIO တို့ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့တွေ့ဆုံဆွေးနွေးမှု့ကို ရွှေလီမြို့တွင် ပြုလုပ်အပြီးတွင် အပစ်အခတ်ရပ်စဲရေးအတွက် တူညီမှု့မရရှိသေးဘဲ စစ်ရေးအရှိန်များကိုထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု့တည်ဆောက်ရန်ပြသနာဖြစ်ပွားနိုင်သောဒေသများရှိနှစ်ဘက်တပ်များကိစ္စအား  ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ ရရှိခဲ့သည်။
အစိုးရနှင့် KIO အကြား နိုင်ငံရေးနည်းလမ်းဖြင့်သာဆက်လက်ဆွေးနွေးသွားရန် ၊ဆွေးနွေးသည့်အကြောင်း အရာများကိုပြည်သူများသိရှိစေရန် မှန်ကန်သောသတင်းများ ထုတ်ပြန်ပေးသွားရန် ၊စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့်ယုံကြည်မှု့တည်ဆောက်နိုင်ရန်အတွက် ပြသနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်များကိစ္စအားညှိနှိုင်းဆောင်ရွက်သွားကြရန်တို့ကိုသာ သဘောတူညီမှု့ရရှိခဲ့ကြသည်။
ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၈၊၁၉တွင် ရွှေလီမြို့တွင် ကျင်းပခဲ့သည်။
7Day News Journal

ရဟန်းသံဃာတွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ နအဖကိုကြတော့ မပြောရဲခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ က အခုတော့ ရွှေည၀ါဆရာတော်ကြီးကို ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်တဲ့။

Thursday, January 19, 2012

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းက ရဟန်းသံဃာတွေကို ရိုက်ပုတ်သတ်ဖြတ်ခဲ့တဲ့ နအဖကိုကြတော့ စာတစ်လုံး စကားတစ်ခွန်းတောင် မပြောရဲခဲ့တဲ့ သံဃမဟာနာယကအဖွဲ့ က အခုတော့ ရွှေည၀ါဆရာတော်ကြီးကို ကျောင်းတိုက်ကနေ တစ်လအတွင်း ထွက်ပါတဲ့။

ရန်ကုန်တိုင်းဒေသကြီး သံဃနာယက အဖွဲ့ မှ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့ နယ်၊ သာဓုကျောင်းတိုက်ဝင်းအတွင်း နေထိုင်သီတင်းသုံးတော်မူသော ရွေည၀ါဆရာတော် ဦးပညာသီဟအား မြို့ နယ်/ရပ်ကွက်သံဃနာယကဆရာတော်များ ဌာနဆိုင်ရာပုဂ္ဂိုလ်များ ရှေ့ မှောက်တွင် ၁၉.၂.၂၀၁၂ (၁၆း၃၀) နာရီအချိန်တွင် နောက်ဆုံးထားပြီး ကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန် အောက်ဖေါ်ပြပါ အချက်(၂) ချက်အား ၀န်ခံဂတိပြုချက်လက်မှတ်ရေးထိုးစေခဲ့ကြောင်း သိရှိရပါသည်။

(က) (၁၉.၁.၂၀၁၂) နေ့ မှစ၍ ရွှေည၀ါဆရာတော်ဦးပညာသီဟသည် (၁၉.၂.၂၀၁၂) ရက် (တနင်္ဂနွေနေ့) (၁၆း၃၀) နာရီအချိန် နောက်ဆုံးထား၍ သာဓုကျောင်းတိုက်မှ ထွက်ခွာပေးပါမည်ဟု ၀န်ခံဂတိပြုကြောင်း၊

(ခ) ကျောင်းတိုက်မှ မထွက်ခွာမှီကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှကာလပတ်လုံး ပြဿနာတစ်စုံတရာ မဖြစ်ပွားစေရန်နှင့် သံဃာအဖွဲ့ အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာသွားမည်ဖြစ်ကြောင်း တို့  ကို ၀န်ခံဂတိပြုကြောင်း လက်မှတ်ရေးထိုးစေကြောင်း သိရှိရပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆိုတာ သံဃာတော်အချင်းချင်းကို တိုက်ရိုက်ရော သွယ်ဝိုက်ရော စော်ကားနေတဲ့ အာဏာရှင်ဘုန်းကြီးတွေဘဲ .....


လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း အဆိုပြုလွှာ တင်သွင်း


Published On: Wed, Jan 18th, 2012
ရုပ်သံသတင်း |



ဒေါ်အောင်ဆန်းစုကြည် (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်)
၁၈-၁-၂၀၁၂ နံနက် ၁၀း၃၀ နာရီိတွင် ဒေါ်အောင်ဆန်းစုကြည်သည် သံလျှင်မြို့တောင်ပိုင်းခရိုင် အထွေထွေ ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ သွားရောက်၍
လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်း အဆိုပြုလွှာကို ကိုယ်တိုင် တင်သွင်း ခဲ့ပါတယ်။



၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ သတင်း​စာရှင်း​လင်း​ပွဲလုပ်မည်

Published on January 19, 2012 by နေသွင်  
မကြာခင်က ​ထောင်ကပြန်လွတ်လာကြတဲ့​ ကိုမင်း​ကိုနိုင် ဦး​ဆောင်တဲ့​ ၈၈ မျိုး​ဆက်​တွေက ​ရှေ့​ဆက်သွား​မယ့်​ လုပ်ငန်း​စဉ်နဲ့​ ပတ်သက်လို့​ လာမယ့်​ စ​နေ​နေ့​မှာ သတင်း​စာရှင်း​လင်း​ပွဲ လုပ်မယ်လို့​ ၈၈ မျိုး​ဆက် ​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုမြ​အေး​က ​ပြောပါတယ်။
“အဓိကက​တော့​ ကျ​နော်တို့​ ၈၈ ​တွေအ​နေနဲ့​ ဘာလုပ်ခဲ့​တယ်၊​ ဘယ်လို​နေရာမှာ ရပ်​နေတယ်၊​ ဘယ်ကိုသွား​မယ်ဆိုတဲ့​ဟာကို ကျ​နော်တို့​ ရှင်း​ရှင်း​လင်း​လင်း​ ​ပြောသွား​မှာ ဖြစ်ပါတယ်။”
ရန်ကုန်မြို့​ ပြည်လမ်း​မှာရှိတဲ့​ ​တော်ဝင်စင်တာမှာ ​နေ့​လယ် ၂ နာရီက​နေ ၄ နာရီအထိ မီဒီယာ​တွေကို ဖိတ်ကြား​ပြီး​ ရှင်း​လင်း​သွား​မယ်လို့​ ဆိုပါတယ်။
လက်ရှိနိုင်ငံ ​ရေး​အခင်း​အကျင်း​မှာ ၈၈ မျိုး​ဆက်​တွေ ကြား​ထဲမှာ သ​ဘောထား​ကွဲတာ​တွေ ဖြစ်​ပေါ်နိုင်တယ်လို့​ ကြိုတင်ခန့်​မှန်း​တာ​တွေ ရှိ​နေ​ပေမယ့်​ တပတ်ကြာ ​ဆွေး​နွေး​မှု​တွေအပြီး​မှာ ၈၈ မျိုး​ဆက်​တွေအား​လုံး​ တညီတညွတ်တည်း​ ရှိ​နေတယ်လို့​ ကိုမြ​အေး​က ​ပြောပါတယ်။
“ကျ​နော်တို့​ ​ထောင်ကလွတ်လာတဲ့​လူ​တွေ အား​လုံး​ တသ​ဘောတည်း​၊​ တသား​တည်း​၊​ တ​သွေး​တည်း​ ရှိ​နေတယ် အား​လုံး​က။ ဘာမှ ကျ​နော်တို့​မှာ သ​ဘောထား​ကွဲလွဲမှု မရှိဘူး​။ ကျ​နော်တို့​ ၈၈ ထဲမှာ အား​လုံး​ တသား​တည်း​ ရှိ​နေပါတယ်။ သ​ဘောထား​တွေလည်း​ တထပ်တည်း​ပါ။ ကျ​နော်တို့​ လွတ်လာပြီး​တော့​ ရက်ပိုင်း​မှာ ​တောက်​လျှောက်​ပေါ့​နော်။ ကျ​နော်တို့​ တပတ်တိတိ ဆွေး​နွေး​ပြီး​တဲ့​ အခါမှာ ဆုံး​ဖြတ်ချက်​တွေ ကျပါပြီ။ ကျ​နော်တို့​ ဆုံး​ဖြတ်ထား​တဲ့​အတိုင်း​ပဲ သတင်း​စာရှင်း​လင်း​ပွဲမှာ အ​သေး​စိတ် ​ပြောသွား​မှာ ဖြစ်ပါတယ်။”
၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​ဟာ ၂၀၀၇ ​လောင်စာဆီ ​ဈေး​နှုန်း​မြင့်​တက်သွား​တာကို မ​ကျေနပ်လို့​ လမ်း​လျှောက်ဆန္ဒပြစဉ် အဖမ်း​ခံရပြီး​၊​ နှစ်ရှည်​ထောင်ဒဏ်​တွေ ချမှတ်ခံရက​နေ ပြီး​ခဲ့​တဲ့​ တပတ်က ပြန်လည် လွတ်​မြောက်လာကြတာဖြစ်ပါတယ်။

ရွှေညဝါဆရာ​တော် ​ကျောင်း​တိုက်က​နေ ဖယ်​ပေး​မည်

Published on January 19, 2012 by ရွှေအောင်  
ရွှေညဝါဆရာ ​တော် ဦး​ပညာသီဟက သူသီတင်း​သုံး​နေတဲ့​ သာဓု​ကျောင်း​တိုက်က​နေ ဒီက​နေ့​ကစလို့​ တလအတွင်း​ ထွက်ခွာပါမယ်လို့​ ဝန်ခံကတိပြုလိုက်ပါတယ်။
ဇန်နဝါရီ ၁၉ ရက် မွန်း​လွဲပိုင်း​က ရန်ကုန်တိုင်း​ သံဃာ့​မဟာနာယက ရုံး​မှာ ပြုလုပ်ခဲ့​တဲ့​ ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ နိုင်ငံ​တော်သံဃာ့​မဟာနာယက အဖွဲ့​ဝင်ဆရာ​တော်ကြီး​များ​ ၊​သက်ဆိုင်ရာ တာဝန်ရှိသူများ​နဲ့​ ​တွေ့​ဆုံအပြီး​မှာ ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာခဲ့​တာ ဖြစ်ပါတယ်။
အဲ့​ဒီစာကို လက်ဝယ်ရရှိထား​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ခုလိုဖတ်ပြပါတယ်။
“သာဓုအ​ နောက်ရပ်ကွက်၊​ သာဓု​ကျောင်း​တိုက်​နေ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟအား​ ​ကျောင်း​တိုက်မှ ဖယ်ရှား​ရန် ညွှန်း​ကြား​မှုနဲ့​ စပ်လျဉ်း​၍ မြို့​နယ်၊​ ရပ်ကွက် သံဃာ့​နာယက အဖွဲ့​ဝင် ဆရာ​တော်များ​။ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟကိုပါ ပင့်​ဖိတ်၍ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ​၏ ​ရှေ့​မှောက်တွင် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့​ရာ ​အောက်​ဖော်ပြပါအတိုင်း​ ဝန်ခံကတိပြု လက်မှတ်​ရေး​ထိုး​ပါသည်တဲ့​။ ဝန်ခံကတိပြုချက်- (က) ၁၉ရက် ၁လ ၂၀၁၂ခုနှစ်မှစ၍ ​ရွှေညဝါဆရာ​တော် ဦး​ပညာသီဟသည် ၁၉ရက် ၂လ ၂၀၁၂ခုနှစ် တနင်္ဂ​နွေ​နေ့​ ၁၆နာရီ ၃ဝမိနစ် အချိန် ​နောက်ဆုံး​ထား​ သာဓု​ကျောင်း​တိုက်မှ ထွက်ခွာ​ပေး​ပါမည်ဟု ဝန်ခံကတိပြုပါသည်။ (ခ) ​ကျောင်း​တိုက်မှ မထွက်ခွာမီ ကာလအတွင်း​ သာဓု​ကျောင်း​တိုက်၌ သီတင်း​သုံး​နေထိုင်သမျှ ကာလပတ်လုံး​ ပြသနာ တစုံတရာ မဖြစ်ပွား​စေရန်နဲ့​ သံဃာ့​အဖွဲ့​အစည်း​ စည်း​မျဉ်း​စည်း​ကမ်း​များ​နဲ့​ အညီ ငြိမ်း​ချမ်း​စွာ သီတင်း​သုံး​နေထိုင်၍ ထွက်ခွာသွား​မည် ဖြစ်​ကြောင်း​ ဝန်ခံကတိပြုပါသည်။ ဦး​ပညာသီဟ(​ရွှေညဝါ)” လို့​ ပါရှိပါသည်။
ဆရာ​တော်အား​ အ​ရေး​ယူ​ဆောင်ရွက်ဖို့​ တိုင်း​သံဃာ့​နာယကအဖွဲ့​ ဥက္ကဋ္ဌဆရာ​တော်နဲ့​ အကျိုး​တော်​ဆောင်အဖွဲ့​ဝင် ဆရာ​တော် စုစု​ပေါင်း​ သံဃာ​တော် ၁၀ ပါး​က အစည်း​အ​ဝေး​ပြုလုပ်ပြီး​ ဆုံး​ဖြတ်ခဲ့​တာဖြစ်ပါတယ်။ အစည်း​အ​ဝေး​ကို ရန်ကုန်တိုင်း​ဒေသကြီး​ အစိုး​ရအဖွဲ့​က လူမှု​ရေး​ဝန်ကြီး​နဲ့​ တိုင်း​သာသနာ​ရေး​မှူး​တို့​ တက်​ရောက်ခဲ့​ကြတယ်လို့​လည်း​ သိရပါတယ်။
ဆရာ​တော်ကိစ္စ ​တွေ့​ဆုံခဲ့​ကြတဲ့​ ရန်ကုန်တိုင်း​၊​ သံဃာ့​မဟာနယက ရုံး​ရှေ့​မှာ မွန်း​လွဲ တနာရီမတိုင်မီ အ​စောပိုင်း​ကတည်း​က အရှင်ဂမ္ဘီရ အပါအဝင် အကျဉ်း​ထောင်အသီး​သီး​က လွတ်​မြောက်လာခဲ့​ကြတဲ့​ ဆရာ​တော်​တွေနဲ့​ တပည့်​ ရဟန်း​သံဃာ​တွေ ဒါယကာ​တွေ၊​ သတင်း​ထောက်​တွေ စုစု​ပေါင်း​ လူအင်အား​ ၅ဝဝ​လောက် စု​ဝေး​ရောက်ရှိခဲ့​ကြပြီး​ လုံခြုံ​ရေး​လည်း​ အထူး​ပဲ တင်း​တင်း​ကျပ်ကျပ် ချထား​ခဲ့​ပါတယ်။
ဆရာ​တော်ရဲ့​ ဝန်ခံကတိပြုစာ ထွက်​ပေါ်လာပြီး​တဲ့​နောက် ဆရာ​တော်ဟာ သီတင်း​သုံး​တဲ့​ သာဓု​ကျောင်း​တိုက်ကို မွန်း​လွဲ ၃ နာရီ​လောက်မှာ ပြန်လည် ​ရောက်ရှိ​နေပြီး​ စု​ဝေး​ခဲ့​ကြတဲ့​ ပရိသတ်​တွေလည်း​ ​အေး​အေး​ချမ်း​ချမ်း​ရှိတဲ့​အ​ကြောင်း​ ဆရာ​တော်နဲ့​ အတူရှိ​နေသူ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုကိုကြီး​ (စမ်း​ချောင်း​) က ​ပြောပါတယ်။
ဆရာ​တော်ဟာ မွန်း​လွဲ ၃ နာရီခွဲ​လောက်မှာ သာဓု​ကျောင်း​တိုက်ထဲ စု​ဝေး​ရောက်ရှိ​နေကြတဲ့​ တပည့်​သံဃာ ဒါယကာ ၅၀၀ ​လောက်ကို ဩဝါဒစကား​ မြွက်ကြား​ခဲ့​ပါတယ်။ အဲ့​ဒီမှာ ဝန်ခံကတိ လက်မှတ်ထိုး​ခဲ့​တာနဲ့​ ပတ်သက်ပြီး​ အချက်တခုကို ဆရာ​တော်က ခုလို မိန့်​ကြား​ခဲ့​ပါတယ်။
“ဘုန်း​ကြီး​အ ​နေနဲ့​ ငြိမ်း​ချမ်း​စွာ ​ဖြေရှင်း​တဲ့​ ဒီနည်း​လမ်း​အ​ပေါ်မှာ သတ္တိမရှိဘူး​လို့​ မထင်မြင် မယူဆ​စေချင်ပါဘူး​။ ဘုန်း​ကြီး​က သတ္တိရှိတယ်လို့​ ကိုယ့်​ကို ကိုယ်ယုံကြည်ပါတယ်။ ဒါသတ္တိနဲ့​ မဆိုင်ပါဘူး​။ တိုင်း​ပြည်နဲ့​ တို့​လူမျိုး​တွေ ဒီမိုက​ရေစီအရသာ​တွေနဲ့​ ​တွေ့​ခါနီး​ဆဲဆဲ အချိန်မှာ ​ဝေး​ကွာသွား​မှာ သိပ်စိုး​ရိမ်တယ်။ ဘုန်း​ကြီး​ကြောင့်​ အပြစ်လည်း​ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ပဋိပက္ခပြဿနာ​တွေ မကြီး​ထွား​ ​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ မဖြစ်​စေချင်ဘူး​။ ဘုန်း​ကြီး​ကြောင့်​ ဆူပူအုံကြွမှု​တွေ လှုပ်ရှား​မှု​တွေ ဖြစ်သွား​ရင် သံသရာ တပတ် ​နောက်လှည့်​သွား​ရင် တို့​တိုင်း​ပြည် တို့​လူမျိုး​တွေ နစ်နာသွား​မှာ စိုး​ရိမ်လို့​ အ​ကောင်း​ဆုံး​ အငြိမ်း​ချမ်း​ဆုံး​ကို ​ရွေး​ချယ်ပြီး​တော့​ ဘုန်း​ကြီး​ ကိုယ်တိုင် ဝန်ခံလက်မှတ်ကို ထိုး​ခဲ့​တာပါ။”
ပြီး​ ခဲ့​တဲ့​နှစ် စက်တင်ဘာလအတွင်း​ မန္တ​လေး​တိုင်း​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချူပ်မှာ ဩဝါဒစကား​ ချီး​မြှင့်​ခဲ့​တဲ့​အ​ပေါ် တရား​မ​ဟောဖို့​ တနှစ် ပိတ်ပင်ထား​ချက်ကို ချိုး​ဖောက်တယ်ဆိုပြီး​ ခုလို အ​ရေး​ယူ ​ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
ရွှေညဝါဆရာ​ တော်ဟာ ကြည့်​မြင်တိုင်မြို့​နယ်အတွင်း​ရှိ သာဓုပရိယတ္တိ စာသင်တိုက်ထဲမှာ ၂၀၀၄ခုနှစ်က စလို့​၊​ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်​ထောင်ဖွင့်​လှစ်ပြီး​ ဗုဒ္ဓစာ​ပေ​တွေကို ​ခေတ်နဲ့​အညီ သင်ကြား​ ပို့​ချ​ပေး​နေတဲ့​ ဆရာ​တော်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ​ကျောင်း​တိုက်အတွင်း​ စာသင်သား​သံဃာ​တော်​တွေ အပါအဝင် သံဃာ​တော်အပါး​ ၅၀၀ ​လောက် သီတင်း​သုံး​ ​နေထိုင်လျက်ရှိပါတယ်။
ရွှေညဝါဆရာ ​တော်ဟာ ဒီ​နေ့​မွန်း​လွဲ ၃ နာရီခွဲ​လောက်က သာဓု​ကျောင်း​တိုက်အတွင်း​ တပည့်​သံဃာ၊​ ဒကာ ဒကာမ ၅၀၀ ​လောက်ကို ဩဝါဒစကား​ပြောကြား​ခဲ့​ပါတယ်။ အောက်ပါအသံဖိုင်မှာ နား​ဆင်နိုင်ပါတယ်။