ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။
လို့ စက်တင်လာ ၁၀ ရက်နေ့က နေပြည်တော်တွင် မီဒီယာများနှင့်တွေ့ဆုံပွဲအခမ်းအနားတွင်ပြောဆိုခဲ့ပါတယ်။တိုင်းပြည်တွင်လျှပ်စစ်စွမ်းအားများပိုလျှံနေသည်
ဟုပြောဆိုခဲ့သည်။ထိုသို့ပြောဆိုနေသော်လည်းလျှပ်စစ်မီးကိုပြည်သူလူထု၏ အိမ်ယာများကိုပင် လုံလောက်အောင်ပေးစွမ်းနိုင်ခြင်းမရှိသည်ကို ပြည်သူများကအသိဆုံးပင်ဖြစ်သည်။ပြည်သူများ၏အိမ်တွင်းစက်မှု့လက်မှု့လုပ်ငန်းများဆိုလျှင်မိမိအစီအစဉ်ဖြင့်သာ
လုပ်ဆောင်နေရသည်။
မိမိတို့တိုင်းပြည်မှရရှိသောရေအားလျှပ်စစ်များမှာအမှန်တကယ်လုံလောက်ပါက အောက်ပါသတင်းကို စာဖတ်သူများသုံးသပ်ကြည့်ပါ။ OK Myanmar ကုမ္ပဏီမှ ဒါရိုက်တာ ဦးဇော်ဝိတ်က ပြည်ပမှ ဆိုလာပြားများဝယ်ယူတင်သွင်းပြီး"ကျေးလက်ဒေသက တောင်သူဦးကြီးတွေက အရစ်ကျပေးချေရမယ်တဲ့" တိုင်းပြည်တခုလုံးနေရာအနှံ့ မြစ်တွေချောင်းတွေ တခုမကျန် တရုပ်လက်ကို ဆည်တည်ဆောက်ဖို့ ချုပ်ဆိုထားတာတွေက တိုင်းပြည်လူထု အတွက်ဘယ်လိုအကျိုးအမြတ်မှ ခံစားခွင့်မရနိုင်ကြောင်းသေချာလှသည်။ဓါတ်အားပေးကြိုးတွေသွယ်တန်းဘို့ခက်ခဲတာ အကြောင်းပြပြီးနှစ်ပေါင်းဆယ်စုများစွာကနေ တိုင်းပြည်တိုးတက်ရေးကိုဘာမှ မလုပ်ကိုင်နိုင်ပဲ အတင်းဖိနှိပ်အုပ်ချုပ်ခဲ့တာတွေ ဘယ်သူမှာတာဝန်ရှိသနည်း။ ယခုလုပ်ဆောင်သောဆိုလာပြားများတိုင်းပြည်ကိုတင်သွင်းရောင်းချခြင်းသည်
အပေါ်ယံကြည့်လျှင်ကောင်းသလိုနှင့် ရှင်းရှင်းပြောရလျှင်(ပိုက်ဆံရှိသူက သူများတိုင်းပြည်ကပစ္စည်းကို ဝယ် ကိုယ့်တိုင်းပြည်ကလူတွေကိုပြန်ရောင်း၊ ကိုယ့်တိုင်းပြည်ကထွက်တဲ့လျှပ်စစ်ကိုတော့ စစ်အာဏာရှင်များက ကမ္ဘာ့တိုင်းပြည်များကဖိနှိပ်မှု့တွေမှ ကာကွယ်ပေးတဲ့တရုပ်ကိုကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ ဧရာဝတီအပါအဝင် တိုင်းပြည်နေရာအနှံ့ကို တရုပ်လက်ထဲ ထိုးအပ်လိုက်ပါတယ်။စကားကိုတော့နားထောင်ကောင်းအောင်ပြောပြီးတိုင်းပြည်တိုးတက်အောင်တဖက်တလမ်းကနေဆောင်ရွက်တာပါလို့) ထိုသို့လုပ်နေသရွေ့ကတော့
တိုင်းပြည်တကယ်တမ်းမတိုးတက်လာပါဘူး၊ ပိုက်ဆံရှိသူသာ ပိုက်ဆံ ရှိတဲ့စီးပွားရေးပိုင်ဆိုင်သူပဲဖြစ်လာမှာပါ။ ကိုယ့်တိုင်းပြည်က လိုအပ်ချက်ကို တီထွင် ထုပ်လုပ်ရောင်းချတာမှမဟုတ်တာ။ ထုပ်လုပ်မှု့တခုနောက်မှာရော ကောင်းကျိုးဆိုးကျိုးတွေ လေ့လာနိုင်ဘို့လိုပါတယ်။အသိပညာရှင်၊အတတ်ပညာရှင်တွေ
တိုင်းပြည်ကမွေးထုတ်ပြီး အနာဂတ်ကိုပြင်စဉ်မှ တိုင်းပြည်ဟာနောက် ဆယ်စုနှစ်ပေါင်းများစွာမှ တိုးတက်မှု့လမ်းစကိုရမှာပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ထုတ်လုပ်တဲ့နည်းပညာများပိုင်ဆိုင်ပိုင်ပြီး အဖက်ဖက်မှ
လိုအပ်ချက်များကို သူများတိုင်းပြည်များကို အားကိုမနေရပဲ ကိုယ့်တိုင်းပြည်မှ တည်ဆောက်ရေးလုပ်ငန်းများ၊ စက်မှု့လက်မှု့ လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်မှာပါ။
ထိုအခြေအနေကို မသေးပဲ ဝန်ကြီးများနဲ့ စစ်အာဏာရှင်များက တိုင်းပြည်ပြောင်းလည်းတိုးတက်လာပြီ
လို့အမြဲပဲကြွေးကြော်လေ့ရှိပါတယ်။
ခေတ်စကားနဲ့ပြောရရင် ဘတ်စ် ကားပေါ်လားလို့ မေးရမလိုပင်။
ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား
ရရှိနိုင်ရန် ဆိုလာပြားများ အရစ်ကျစနစ်ဖြင့် ရောင်းချရန် စီစဉ်
နေဇော်ထွန်း
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)
အတွဲ ၂၇ ၊ အမှတ် ၅၂၃ ( ၂၄-၃၀ ၊ ၆ ၊ ၂၀၁၁)
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဒေါင်းနေချောင်းတံတားပေါ်တွင် ဆိုလာစနစ်ဖြင့် လမ်းမီးများ ထွန်းညှိနိုင်ရန် ဆောင်ရွက်ထား သည်ကို တွေ့ရသည်။
ကျေးလက်ဒေသရှိ
တောင်သူလယ်သမားများအတွက် ဆိုလာပြား များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားရန်
စီစဉ်လျက်ရှိကြောင်း ဆိုလာပြားများကို ရောင်းချတပ်ဆင်ပေးနေသည့် OK Myanmar ကုမ္ပဏီမှ
ဒါရိုက်တာ ဦးဇော်ဝိတ်က ပြောသည်။
"လူတိုင်းလိုလို ကိုယ့်အိမ်မှာ လျှပ်စစ်မီးကို သုံးချင်ကြမှာပဲ။
နောက်ဆက်တွဲသတင်းအနေနဲ့ တရုပ်နိုင်ငံအရှေ့ပိုင်းမှာ ဆိုလာပြားစက်ရုံတွေကိုဆန္ဒပြတဲ့သတင်းကိုဖော်ပြလိုက်ပါတယ်။
နိုင်ငံတော် အစိုးရကလည်း ဓာတ်အားပေးတိုင်တွေကို တစ်နိုင်ငံလုံးမှာ လိုက်ပြီး တော့ တပ်ဆင်ပေးနေပါတယ်။ ဒါပေမယ့် ဓာတ်အားကြိုးသွယ်ဖို့ခက်တဲ့ ကျေးလက်နေရာမျိုးတွေမှာဆိုရင် ဆိုလာပြားတွေက ပိုပြီးတော့ အသုံး ဝင်တယ်" ဟု ဦးဇော်ဝိတ်ကပြောသည်။

"ကျွန်တော်တို့ဘက်က၀ယ်တဲ့ ပမာဏ နည်းသည်ဖြစ်စေ၊ များသည် ဖြစ်စေ
အင်ဂျင်နီယာတွေ စေလွှတ်ပြီးတော့ အသုံးပြုပုံပြုနည်းတွေကို သူတို့ တွေနားလည်လာအောင်
သင်ပေးသွားမှာပါ"ဟု ဦးဇော်ဝိတ်က ပြောသည်။
ဆိုလာပြားများသည်
တပ်ဆင်ချိန်တွင် ကုန်ကျစရိတ် များပြားမှုရှိသော်လည်း ရေရှည်တွင် ကုန်ကျစရိတ်များစွာ
သက်သာမှုရှိနိုင် သဖြင့် ဆက်သွယ်ရေးစခန်းများ၊ ကဏန်းမွေးမြူရေး လုပ်ငန်းများ၊ အင်တာနက်သင်တန်း
ကျောင်းများနှင့် လုံးချင်းအိမ်များတွင်ပါ အသုံးပြုလာသည်။
ဆိုလာပြားများကို
ကြော်ငြာဆိုင်း ဘုတ်ကြီးများတွင် ညဘက်မီးထွန်းရန် အတွက်လည်း အသုံးပြုလာကြရာ OK Myanmar က
ရန်ကုန်မြို့၊ ကန်တော်ကြီးပတ်လမ်းရှိ ကြောငြာဆိုင်းဘုတ်ကြီးတစ်ခုတွင် ၂၀ ၀ပ်အားရှိ
ဆိုလာပြား လေးချပ်ကို အသုံးပြုကာ ည ၇ နာရီမှ မနက် ၇ နာရီအထိ မီးအလင်းရောင် ပေးနိုင်ရန်
တပ်ဆင်ဆောင်ရွက်ထားသည်ဟုသိရသည်။
ထို့ပြင် အခြား ကြော်ငြာဆိုင်းဘုတ်များတွင်လည်း
ဆိုလာပြားများ တပ်ဆင်ရန်ဆောင်ရွက်နေသည်ဟု ဆိုသည်။
တရုတ်အရှေ့ပိုင်း ဆိုလာပြားစက်ရုံ ဆန္ဒပြ ကန့်ကွက်ခံနေရ
ကင်ဆာဖြစ်စေနိုင်တဲ့ လေထုညစ်ညမ်းမှုတွေ ပျံ့နှံ့အောင် လုပ်ဆောင်တယ်ဆိုတဲ့
စွပ်စွဲချက်တွေနဲ့ တရုတ်နိုင်ငံ အရှေ့ပိုင်းက နေရောင်ခြည်ကတဆင့်
စွမ်းအင်ထုတ်ပေးတဲ့ လျှပ်စစ်ဓာတ်ပြား စက်ရုံရှေ့မှာ ဆန္ဒပြသူတွေ ၃
ရက်ဆက်တိုက် စုဝေး ဆန္ဒပြနေကြတယ်လို့ တရုတ်အစိုးရပိုင် သတင်းစာမှာ
ဖော်ပြထားပါတယ်။
ဇီဂျီယန်း (Zhejiang) ခရိုင်၊ ဟိုင်နင်း (Haining) မြို့မှာရှိတဲ့ အဲဒီစက်ရုံနားမှာရှိတဲ့ မြစ်တွေထဲက ငါးအများအပြား ဘာကြောင့် သေဆုံးရတယ်ဆိုတာ
ဖြေရှင်းချက် ထုတ်ပေးဖို့ ဒေသခံ ၅၀၀ လောက်
ကြာသပတေးနေ့ကတည်းက စက်ရုံရှေ့မှာ စုဝေး ရောက်ရှိနေကြတာလို့ ဆင်ဟွာသတင်းဌာနမှာ တနင်္ဂနွေနေ့က ဖော်ပြထားတာပါ။
ဒါ့အပြင် စက်ရုံတွေက ထွက်လာတဲ့ အညစ်အကြေးတွေ၊ လေထုညစ်ညမ်းမှုတွေကြောင့် ဟိုင်နင်းမြို့ ဟောင်ရှောင်း (Hongxiao) ကျေးရွာသား ၃၁ ယောက် ကင်ဆာရောဂါ ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ရဲတွေ ၀င်ရောက် မတားဆီးနိုင်ခင်အထိ အဲဒီ ဂျင်ကို ဆိုလာပြားစက်ရုံ (Jinko Solar) အတွင်းကို ဒေသခံတွေ အတင်းဝင်ရောက်ပြီး အုပ်ချုပ်ရေးရုံးအတွင်းက ပစ္စည်းတွေနဲ့ စက်ရုံအတွင်းက မော်တော်ယာဉ်တွေကို မှောက်ပစ်ခဲ့ကြတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

No comments:
Post a Comment
wwwwnyinyi@gmail.com