Wednesday, September 14, 2011

ဒေါ်အောင်ဆန်းစုကြည် ဘောလုံးပွဲသွားကြည့်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ပြုလုပ်သော အာဆီယံ ယူ ၁၉ မြန်မာ-လာအို ပွဲစဉ်ကို သွားရောက် ကြည့်ရှုသည်။

daw-suu-zaw-zaw-football
သုဝဏ္ဏကွင်းတွင် ဘောလုံးပွဲ ကြည့်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Soccer Myanmar)

ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ၂၃ နှစ်ဆက်တိုက် နေထိုင်ခဲ့သည့်ကာလအတွင်း ပထမဆုံးအကြိမ် ဘောလုံးကွင်းသို့ သွားရောက်ပြီး ဘောလုံးပွဲကြည့်ခြင်းဖြစ်သည်။

“အခု ပွဲစလို့ ၃ မိနစ် ရှိနေပါပြီ၊ ဒေါ်အောင်ဆန်စုကြည် အနားမှာ ဦးဇော်ဇော်၊ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဦးအောင်ကျော်မိုးတို့လည်း ထိုင်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေး တာဝန် ယူထားသည့် ကိုကျော်စိုးနိုင်က ဧရာဝတီသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိုလည်း အာဏာပိုင်များက တာဝန်ယူကြောင်း ဘောလုံးပွဲကို အေးချမ်းစွာအားပေးနေသည့် ပရိသတ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ကြောင်း ကိုကျော်စိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက နေပြည်တော်၌ ကျင်းပသည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ဘောလုံးပွဲ ကြည့်ရှုရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘောလုံးပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်း တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF)၏ ၂၀၁၁ ခုနှစ် အာဆီယံ အသက် ၁၉ နှစ်အောက် ဘောလုံး ပြိုင်ပွဲကို စက်တင်ဘာ ၈ ရက်နေ့က စတင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအသင်းသည် အင်ဒိုနီးရှား၊ လာအို၊ ဘရူနိုင်း၊ ဗီယက်နမ်တို့နှင့် အုပ်စု (ခ)တွင် ပတ်လည် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
မြန်မာအသင်း၏ လက်ရှိ အခြေအနေမှာ ဗီယက်နမ်ကို သရေ၊ ဘရူနိုင်းကို ၆ ဂိုးပြတ် အနိုင်ရရှိထားသည်။ လာအိုအသင်းမှာ အင်ဒိုနီးရှားအသင်းကို သရေ ကစားထားသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com