"ဒီပုံကတော့
ကျွန်တော်တို့ မြန်မာနိုင်ငံတဝှမ်း ခြေချစရာမရှိအောင် စစ်အာဏာရှင် လက်ထက်
တိုင်းပြည်ကို တရုတ်လက်ထဲ ဝကွက်အပ်ထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း၊ ရေနံ၊
သဘာဝဓာတ်ငွေ့ စီမံကိန်းတွေပါပဲ...။ တရုတ် ရေနံနဲ့ဂတ်စ် ပိုက်လိုင်းတွေ
မြန်မာပြည် အလယ်ပိုင်းက ဖြတ်သန်း ဖောက်လုပ်နေတာကို အနီရောင်နဲ့
ပြထားပါတယ်..။ ကုန်းတွင်းနဲ့ ကမ်းလွန် သဘာဝဓာတ်ငွေ့ စီမံကိန်းတွေ
အားလုံးတရုတ်လက်ထဲ မှာပါပဲ...။
အချုပ်အားဖြင့် ဆိုရသော် အမျိုးသားရေးဟု တွင်တွင်အော်နေတဲ့ အာဏာရှင်တွေ ကိုယ်တိုင် အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို ရောင်းစားနေကြတာပါ။ အထက်ပါ မြန်မာပြည်တဝှမ်း ရေအားလျှပ်စစ် စီမံကိန်း စာရင်းတွေကတော့ တွေ့မြင်ရတဲ့ အတိုင်းပါပဲ...။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အများအပြားပါ...။ ကျွန်တော်တို့ ပြည်သူတွေ ဘဝကတော့ ဒုံရင်းက၊ ဒုံရင်းပါပဲ...။"
အချုပ်အားဖြင့် ဆိုရသော် အမျိုးသားရေးဟု တွင်တွင်အော်နေတဲ့ အာဏာရှင်တွေ ကိုယ်တိုင် အမျိုးသားရေးကို သစ္စာဖောက်နေတဲ့ လုပ်ရပ်တွေနဲ့ တိုင်းပြည်ကို ရောင်းစားနေကြတာပါ။ အထက်ပါ မြန်မာပြည်တဝှမ်း ရေအားလျှပ်စစ် စီမံကိန်း စာရင်းတွေကတော့ တွေ့မြင်ရတဲ့ အတိုင်းပါပဲ...။ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီးစီးသွားတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေ အများအပြားပါ...။ ကျွန်တော်တို့ ပြည်သူတွေ ဘဝကတော့ ဒုံရင်းက၊ ဒုံရင်းပါပဲ...။"
အထက်ပါအတိုင်း(ကိုဒီမိုဝေယံ)ဘလောက်မှာဖေါ်ပြထားပါတယ်။ ကျနော်တို့ တိုင်းပြည်ကိုလက်ရှိ အုပ်ချုပ်တာဝန်ယူနေသော စစ်တပ်မှ အရပ်ဝတ်လဲပြီးအုပ်ချုပ်နေသူများသည် အမှန်တကယ် ဒီမိုကရေစီပြောင်းလည်းရေးကိုလိုလားပြီး တိုင်းပြည်လူထုအပေါ်ပွင့်လင်းစွာရိုးသားစွာနဲ့ တိုင်းပြည်တိုးတက်ရေးကို
ဦးတည်ဆောင်ရွက်ချင်တယ်ဆိုလျှင် ပြည်သူများအပေါ် ထုတ်ဖေါ်ပြောဆိုသင့်သောကိစ္စ၊ ပြည်သူ့သဘော
ထားကိုခံယူသင့်သော ကိစ္စများကို မဆောင်ရွက်ခင်ထုတ်ဖေါ်ပြောဆိုရှင်းပြသင့်သည်။စစ်ဖက်ရေးရာလျှို့ဝှက်
သင့်သောကိစ္စများ တိုင်းပြည်၏အရေးပါသော သတင်းအချက်များမှ လွဲလျှင် ကျန်ကိစ္စများက ပြည်သူများ
ဆန္ဒနှင့်သက်ဆိုင်ပါတယ်။
ယခုတိုင်းပြည်တွင်နေရာလပ်မကျန် ဆည်များအရေးတကြီးတည်ဆောက်နေခြင်းသည် မည်သည့်အတွက် ပါသနည်း၊ နောက်ပိုင်းလျှို့ဝှက်ချက်များစွာရှိနေမည်ဟု ယူဆပါတယ်။
ပြည်သူလူထု လျှပ်စစ်မီးရရှိရေးအတွက်လောက်၊ တိုင်းပြည်စက်ယန္နားယားများ လည်ပတ်ဖို့လည်းမဖြစ်နိုင်ပါ။ထိုကဲ့သို့ မိမိတိုင်းပြည်တခုတည်းပိုင်ဆိုင်သော အဖိုးမဖြတ်နိုင်သော
ဧရာဝတီ ကိုဘာကြောင့်စတေးပြစ်ရသနည်း။ ကျနော့်ထက်ပိုမိုနားလည်တွေးနိုင်သူများကိုတွေးစေချင်
ပါသည်။ဆန္ဒတွေထုတ်ဖေါ်စေချင်ပါတယ်။
စစ်အစိုးရ သည် တရုပ်အစိုးရအပေါ် ဘာအကြွေးတွေပေးဆပ်နေရသနည်း။
ဘာအခွင့်အရေးတွေ တောင်းခံနေရသနည်း ထိုဆည်ကြီးများစွာတည်ဆောက်သည့်ကုန်ကျစရိတ်3.6ဘီလီယျံကို တရုပ်မှ ရင်းနှီးကုန်ကျသည်။ ထွက်လာသောလျှပ်စစ်ပမာဏ99% ကိုတရုပ်ကပိုင်ဆိုင်သည်။မြန်မာက 1%ကိုသာရမည်။ဆိုသော
ရှင်းချက် ကို တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဝင်းချိုမှ ကချင်ပြည်နယ်၊ မိုးညှင်းသို့ သွားရောက်ဟောပြောခဲ့သည့်ဗီဒီယို မှတ်တမ်းလေးကိုကြည့်ပြီး ဧရာဝတီကိုကယ်တင်ကြပါစို့လို့
တိုက်တွန်းလိုက်ရပါတယ်။
စာရေးသူဝန်ခံချက်။ အထက်ပါ(post)ဖြစ်လာရန် မိမိထံရောက်လာသောemail များနှင့် အင်တာနက်မှမိတ်ဆွေဘလောက်များမှ ဖော်ပြပါသည်။မိမိသည်စာရေးသူတစ်ဦးမဟုတ်သော်လည်း
မိမိတိုင်းပြည်အတွက်ထိုင်နေတာထက်စာလျှင် ပြည်သူများထံ အမှန်တရားအတွက်
မှန်ကန်သောသတင်းအဖြစ်အပျက်များကိုသိစေချင်သောဆန္ဒသက်သက်ဖြင့်သာရည်ရွယ်
ဖြန့်ဝေရေးသားခြင်းဖြစ်ပါသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com