မြစ်ဆုံစီမံကိန်း
ရပ်ဆိုင်းလိုက်ခြင်းနှင့်ပတ်သက်ပြီး တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန က တရုပ်အမျိုးသားပိုင်
ကုမ္ပဏီတွေရဲ့အကျိုးစီးပွားနဲ့
ဥပဒေရပိုင်ခွင့် ကိုလေးစားဖို့၊အကာအကွယ်ပေးဖို့ မြန်မာနိုင်ငံ ဘက်ကိုပြောဆိုလိုက်ပါတယ်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ပြဿနာတွေကိုနှစ်နိုင်ငံကြားမှာဆွေးနွေးတိုင်ပင်ဖို့လိုအပ်တယ်လို့
တရုပ်နိုင်ငံခြားရေး
ဝန်ကြီးဌာနက
စနေနေ့ ကထုတ်ပြန်ပြောဆိုတာဖြစ်ပါတယ်။
ဒေါ်လာ ၃.၆
ဘီလီယံ တန်ဖိုးရှိတဲ့ ဒီမြစ်ဆုံစီမံကိန်းကိုနှစ်နိုင်ငံလုံး အသေအချာ ဆန်းစစ်ပြီးမှ
သဘောတူညီခဲ့တာဖြစ်လို့် ဒီကိစ္စကိုဆက်မလုပ် ဘူးဆိုယင်တောင်နှစ်ဖက်စလုံးရဲ့သဘောနဲ့တိုင်ပင်ဆုံးဖြတ်ရ
မယ်ဆိုတဲ့သဘော
တရုပ်က တုန့်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ထို့အပြင် တရုပ်အမျိုးသားပိုင်ကုမ္ပဏီ
တွေရဲ့ အကျိုးစီးပွားနဲ့ရပိုင်ခွင့်
ကိုလေးစားဖို့လိုအပ်ကြောင်း ကိုလည်းတရုပ်နိုင်ငံခြားရေး မှပြောဆိုခွင့်ရသူက
![]() |
မြန်မာပြည်တွင်ဆည်များတည်ဆောက်ထားရန်နေရာများ |
မြန်မာအစိုးရအပေါ်ပြောဆိုတိုက်တွန်းလိုက်ကြောင်းကို
သိရှိရပါတယ်။
ထိုအကြောင်းအရာအချက်အလက်များကိုများကိုကြည့်ခြင်းအားဖြင့်
တိုင်းပြည်မှ အကျိုးအမြတ်မည်မျှ လက်ခံရှိမည် ၊တရုပ်ပြည်က ဘယ်လောက်အကျိုးအမြတ်ရရှိမည်
ခန့်မှန်းလို့ရနေပေသည်။ ယခင်မြန်မာပြည်စွမ်းအင်ဝန်ကြီးဇော်မင်း
က free power 10% ကိုအလားကားရမယ်။ free share ကလည်း15% ရတယ်။ဒီလျှပ်စစ်က Both
Country သုံးခွင့်ရှိတဲ့အတွက် နှစ်နိုင်ငံလုံး သုံးခွင့်ရှိတဲ့အတွက် ကျန်တဲ့ဟာကို ကျွန်တော်တို့
ကြိုက်သလောက် ၀ယ်သုံးလို့ရတယ်။ နောက်တစ်ခုက ရောင်းတိုင်း ရောင်းတိုင်းမှာ ၈%
Commercial Tax ရတယ်။ နောက်တစ်ခါ မြတ်တဲ့ဟာရဲ့ ၃၀%။ ကျွန်တော် အမြတ်ဝေစုအဖြစ် ခွဲဝေရရှိတယ်။
တစ်ခါ အခြား မြတ်တဲ့အမြတ်ရဲ့ ၃၀% ခွဲဝေ ရရှိတယ်။ withholding tax ရတယ်။ သူ့ကို
perception period တစ်ခုပေးလိုက် ပြီးတဲ့အချိန်မှာ ပြီးပါပြီ၊ ကုန်ပြီ၊ မင်းပြန်တော့
ဒါကြီးထားခဲ့တော့။ ကိုယ့် နိုင်ငံအပိုင်ဖြစ်တယ်။ ဒီထက် အကျိုးရှိတဲ့ဟာ ဘာရှိမလဲ။ လျှပ်စစ်ဆိုတာ
ကွန်တိန်နာနဲ့တင်ရောင်းလို့ မရဘူး။ ကြိုးနဲ့ သွယ်ရောင်းလို့ရတယ်။ ဒီ
neighboring country မှတစ်ပါး လျှပ်စစ်ရောင်းလို့မရဘူး။ တရုတ်ကိုရောင်းလို့ရမယ်၊ ထိုင်းကို
ရောင်းလို့ရမယ်။ အိန္ဒိယကို ရောင်းလို့ရတယ်။ ဘင်္ဂလားဒေ့ရှ်ကို ရောင်းလို့ရမယ်။ လျှပ်စစ်က
ကွန်တိန်နာနဲ့မှ ပို့လို့မရဘဲကိုး"ဟု အားပါး
တရပြောဆိုခဲ့တာဟာ
တိုင်းပြည်မှ ပြည်သူလူထုကို လိမ်ခြင်းသာ ဖြစ်သည်။
တရုပ် သည်မြန်မာနိုင်ငံမှ
ဧရာဝတီ မြစ်ဆုံစည်မံကိန်းကို ရပ်တန့်မည်ကို သိလျှင်သိခြင်း ဘာကြောင့်မြန်မာအစိုးရအပေါ်
မကြေချမ်းသော တုန့်ပြန်မှု့မျိုးကို စောလျှင်စွာကြေငြာလိုက်သနည်း။
တရုပ်သည်
သူ့တိုင်းပြည်အကျိုးစီးပွားအတွက်သာ ကြည့်ရှု့နေကြောင်းသိသာထင်ရှားနေသည်။တရုပ်ကုမ္ပဏီ
များ၏အကျိုးစီးပွားထိခိုက်နစ်နာ
မည်ကိုစိုးရိမ်နေပြီး ၊ မြန်မာပြည်သူပြည်သားများ မြန်မာပြည်၏ သဘာဝ
ပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှု့များအပေါ်
ထည့်သွင်းစဉ်းစားပြောဆိုခြင်းကိုမူ လုံးဝ မတွေ့ရှိ ရပေ။
ထိုသည်မှာ
တရုပ်သည် မြန်မာနိုင်ငံအပေါ် ကူညီစောင့်ရှောင့်သော အိမ်နီးချင်းတိုင်းပြည်ကောင်းမဟုတ်
သည်မှာ ထင်ရှားလှပေသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေး အကြပ်အတည်းပြဿနာများကို ရင်ဆိုင်နေရချိန် ပြည်ပတိုင်းပြည်များမှ စီးပွားရေးပိတ်ဆို့မှု့ ဒဏ်ကိုခံနေရချိန်တွင် တရုပ်သည် ထိုအခြေအနေများကို အသုံးချလျှက် မြန်မာပြည်မှ တန်ဖိုးထိုက်တန်လှသော အခွင့်အရေးများကို များစွာ
ပိုင်ဆိုင်ခွင့်ရရန် ကြိုးစားခဲ့ခြင်းသာဖြစ်ပြီး လက်ရှိ ဦးသိန်းစိန် သမ္မတမှ တိုင်းပြည်လူထုတောင်းဆိုမှု့ အတိုင်း ဧရာဝတီမြစ်ဆုံးစီမံကိန်းကို ရပ်ဆိုင်းခြင်း ကြေငြာချက်နဲ့အညီ ပြည်သူလုထုမှလည်း တိုင်းပြည်၏
အမျိုးသားရေးစိတ်ဓါတ်ဖြင့် တရုပ်ကို ဝိုင်းဝန်းရင်ဆိုင်ရန်လိုပေသည်။
တရုပ်အစိုးရက သူ့တိုင်းပြည်ကုမ္ပဏီအကျိုးစီးပွားကိုကာကွယ်သလို- မြန်မာပြည်မှလည်း မြန်မာ့
သမိုင်းနှင့်မြန်မာ့ ပိုင်သယံဇာတ များကို လက်ဝါးကြီးမအုပ်နိုင်ရန် တရုပ်က မြန်မာအပေါ် အချဉ်မဖမ်းနိုင်
ရန် ကာကွယ်ရပေလိမ့်မည်။( post by ပြည်သူ့အော်သံ)
No comments:
Post a Comment
wwwwnyinyi@gmail.com