Monday, October 24, 2011

နိုင်ငံရေးအကျဉ်းသားတွေအတွက် ကီလိုမီတာ ၂ ထောင်ကျော် စက်ဘီးစီးသူ





မြန်မာ အကျဉ်းထောင်တွေမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် သြစတေးလျသူ Jag Dojkovski ဟာ ဥရောပနိုင်ငံများကို စက်ဘီးနဲ့ ဖြတ်ကာ ၂၀၂၆ ကီလိုမီတာ အောင်မြင်စွာစီးနင်းခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရဖြစ်သူ Jag Dojkovski က “ကျမအနေနဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား တဦးချင်းစီအတွက် ၁ ကီလိုမီတာနှုန်းနဲ့ စက်ဘီးစီးတာပါ။ ဒီအတွက် နိုင်ငံရေးအကျဉ်းသားတွေကို လူတွေပိုသိလာဖို့နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကင်ပိန်းလုပ်ရာမှာ ဘားမားကင်ပိန်း ယူကေအတွက် ရန်ပုံငွေ ပိုရလာအောင်လို့ပါ” လို့ ဆိုပါတယ်။



သူဟာ ၂၃ ရက်နေ့လည်ပိုင်းမှာ ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာ စက်ဘီးစီးခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

အင်္ဂလန်မှ စက်ဘီးနဲ့ စတင်ထွက်ခွာလာခဲ့ပြီး ပြင်သစ်၊ ဘယ်ဂျီယန်၊ ဟော်လန် (နယ်သာလန်) နဲ့ ဂျာမနီ နိုင်ငံတွေရဲ့ မြို့ကြီးများကို ဖြတ်သန်းခဲ့ပြီး ပရာ့ဂ်မြို့တော်ထိ ရက်သတ္တပတ် ၆ ပတ်ခန့်ကြာအောင် စက်ဘီးစီးခဲ့ပါတယ်။

ခရီးစဉ်တလျှောက် လန်ဒန်၊ ပဲရစ်၊ ဘရပ်ဆဲလ်၊ အမ်စတာဒမ်၊ ဟန်နိုဗာ၊ ဘာလင်နဲ့ ပရာ့ဂ်မြို့တွေမှာ နာရီ ၁၀၀ ကျော်အတွင်း ရာသီဥတုကြောင့် အခက်အခဲများနဲ့ လမ်းခုလပ်မှာ ခရီးစဉ်ပျက်မယ်လို့ ဝိုင်းပြောကြပေမယ့် အောင်မြင်စွာ ပြီးဆုံးခဲ့လို့ အလွန်ဝမ်းမြောက် ဂုဏ်ယူတယ်လို့ ပြောပြပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com