ယုံကြည်ချက်ဆိုတာဘာလည်း?လို့မေးချင်ပါတယ်။
ပြည်တော်ပြန် အတိုက်အခံများ
 |
စပ်ဟန်ယောင်ဝေ ၊ သီးလေးသီး ၊ ဦးတင်မောင်သန်း ၊ ဦးပီတာလင်းပင် ၊ ဒေါက်တာဇော်ဦး |
ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိပြီးနောက် ပြည်ထောင်စု မြန်မာနိုင်ငံ၏
ပထမဦးဆုံး သမ္မတအဖြစ် တာဝန်ယူခဲ့သူ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်၏
အငယ်ဆုံးသား ဖြစ်ပြီး ၁၉၆၃ ခုနှစ်ကပင် ပြည်ပသို့ ထွက်ခွာသွားခဲ့သူ
ဦးဟန်ညောင်ဝေသည် သမီးဖြစ်သူ နှင့်အတူ နှစ် ၅၀ ခန့်အတွင်း ပထမဦးဆုံး အကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ယနေ့ ညနေပိုင်းက Air Asia
လေကြောင်းဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှတစ်ဆင့် ရန်ကုန်
မြို့တော်သို့ အလည်အပတ် ရောက်ရှိလာသည်ကို တွေ့ရသည်။ပြည်ပရောက် အမျိုးသား
ညွန့်ပေါင်းအစိုးရ (NCGUB) ၏ အကြံပေးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည့်
ဦးဟန်ညောင်ဝေသည် နိုင်ငံတော် သမ္မတဦးသိန်းစိန်က ပြည်ပရောက် မြန်မာ
နိုင်ငံသားများကို မြန်မာ နိုင်ငံသို့ ပြန်လာပြီး တူညီသော
ကိစ္စရပ်များတွင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူတကွ
ပူးပေါင်းဆောင်ရွက် ကြရန် ဖိတ်ခေါ်ခဲ့ပြီးနောက် လူသိရှင်ကြား ပြည်တော်ဝင်
လာခဲ့သူ ပြည်ပရောက် မြန်မာများအနက် ပဉ္စမမြောက်
မြန်မာနိုင်ငံသားဖြစ်ပြီး ၄င်းနှင့် နီးစပ်သော သတင်းရပ်ကွက်ထံ The
Voice Weekly၏ ဆက်သွယ် မေးမြန်းချက်အရ အလည်အပတ် လာရောက်ခြင်းသာ ဖြစ်ကြောင်း
သိရသည်။ရန်ကုန်မြို့တော်သို့ မရောက်ခင် နာရီပိုင်းအလို ၄င်းကိုယ်တိုင်
ထုတ်ဖော် ပြောကြားချက်အရ ၄င်း၏ ယခုခရီးစဉ်သည် နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်ကြောင့် အဓိက လာရောက်ခြင်း
ဖြစ်ကြောင်း၊ မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ အဖွဲ့အစည်း
တစ်ခုခု ကိုယ်စား စေ့စပ်ညှိနှိုင်းရန် သော်လည်းကောင်း၊ နိုင်ငံရေး
ရည်ရွယ်ချက် တစ်ခုခု သော်လည်းကောင်း၊ အခြား ကြိုတင်ချိန်းဆို စီစဉ်ထားသည့်
အကြောင်းကိစ္စ သော်လည်းကောင်း လုံးဝမရှိဘဲ မိမိ မွေးဖွားရာ
ရန်ကုန်မြို့နှင့် မိဘ၊ ဇာတိမြေ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြား
တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အပန်းဖြေ အလည်အပတ် ခရီးသက်သက်
လာရောက်ခြင်းသာ ဖြစ်ပြီး မိမိနှင့် တွေ့ဆုံရန် ဆန္ဒရှိသူ
မည်သူနှင့်မဆို လိုလိုလားလား တွေ့ဆုံရန် အသင့်ရှိကြောင်း
သိရသည်။ဦးဟန်ညောင်ဝေနှင့် သူ၏သမီး ဖြစ်သူတို့သည် ရန်ကုန် မြို့တော်တွင်
နှစ်ရက်ကြာ နေထိုင်ကာ ရှမ်းပြည်နယ် ညောင်ရွှေမြို့နှင့် အခြားဒေသ အချို့သို့ သွားရောက် လည်ပတ်မည် ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၈ ရက်
(သောကြာနေ့) နံနက်ပိုင်းတွင် အဲအေးရှား လေကြောင်းလိုင်းဖြင့် ဘန်ကောက်
မြို့ တော်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း ၄င်းနှင့်နီးစပ်သော
မိတ်ဆွေများက The Voice Weekly သို့ ပြောကြားသည်။၁၉၄၈ ဧပြီလ ၁၅ ရက်နေ့တွင်
ရန်ကုန်မြို့၌ မွေးဖွားခဲ့သော ဦးဟန်ညောင်ဝေသည် ထိုင်းနိုင်ငံ
ချူလာလောင်ကွန် တက္ကသိုလ်တွင် အင်ဂျင်နီယာ ဘာသာရပ်ကို ၁၉၆၆ ၌
တက်ရောက်ခဲ့ပြီး ကနေဒါနိုင်ငံ McGill University တွင် သတ္တုနှင့်
တွင်းထွက်ဆိုင်ရာ ဘောဂဗေဒ ဘာသာရပ်ဖြင့် အင်ဂျင်နီယာဘွဲ့ကို ၁၉၇၃ တွင်
လည်းကောင်း၊ နိုင်ငံတကာ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာ
သိပ္ပံဘွဲ့ကို ၁၉၇၆ တွင်လည်းကောင်း အသီးသီး ရရှိခဲ့သည်။ထို့နောက်
ဒေါက်တာစိန်ဝင်း ဦးဆောင်သော ပြည်ပရောက် အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့
(NCGUB) ၏ အကြံပေး အဖြစ် ၁၉၉၁ ခုနှစ်တွင် စတင် တာဝန်ယူခဲ့ပြီး ၁၉၉၆ ခုနှစ်၌
နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏
အကြံပေး အရာရှိအဖြစ် တာဝန်ယူခဲ့သည်။၁၉၉၇ တွင် ဥရောပ - မြန်မာရုံး (Euro
Burma Office) ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံ
ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အသွင်ကူးပြောင်းမှုဆိုင်ရာ ကူညီ
ထောက်ပံ့ရေးအတွက် ဥရောပသမဂ္ဂနှင့် ဂျာမနီ Friedich Ebert Foundation
တို့နှင့်အတူ လက်တွဲ လုပ်ဆောင်ခဲ့သည်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင်
ဒီမိုကရက်တစ် မြန်မာ့အသံ၌ ဘဏ္ဍာရေး ဆိုင်ရာအရှုပ်တော်ပုံ တစ်ရပ်
ပေါ်ပေါက်လာသည့် အချိန်တွင် ထိုသတင်းဌာန၏ ယာယီ အမှုဆောင် ညွှန်ကြားရေးမှူး
အဖြစ် တာဝန်လွှဲပြောင်း ယူလိုက်သည်။နိုင်ငံတော် သမ္မတကြီး၏
ဖိတ်ခေါ်ချက်ကြောင့် ဦးဟန်ညောင်ဝေ အပါအဝင် သီးလေးသီး အငြိမ့်အဖွဲ့သားများ
ဖြစ်ကြသည့် ဂေါ်ဇီလာ (မောင်မောင်ဇင်)၊ စိန်သီး (သန်းထွန်း)၊
ဇီးသီး(ဇော်နိုင်ထွေး)၊ ချောစုမျိုးနှင့် ဦးပီတာလင်းပင်တို့
ပြည်တော်ပြန်ဝင် လာခဲ့ကြပြီး စီးပွားရေး သုတေသီ ဒေါက်တာ ဇော်ဦးနှင့်
ဒေါက်တာတင်မောင်သန်းတို့လည်း အလုပ်သဘော/ အလည်အပတ် လာရောက်ခဲ့ကြပြီး
ဖြစ်သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com