Thursday, October 27, 2011

နေပြည်တော်၌ မိုးကြိုးများ ဆက်တိုက်ပစ်


နေပြည်တော်ပျဉ်းမနားမြို့တွင် ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းပြီးမိုးကြိုး ဆက်တိုက်ပစ်ချခဲ့ကြောင်း ပျဉ်းမနားဒေသခံများက ပြောသည်။
”မိုးကြိုးပစ်တာ ကြုံဖူးပါတယ်။ ဒါပေမဲ့ဒီလောက်ကြီးငါးကြိမ်ဆက်တိုက် ပစ်တာမျိုး တစ်သက်မှာဒါပထမဆုံး ပါပဲ”ဟု ဒေသခံတစ်ဦးကဆိုသည်။
၎င်းကဆက်လက်၍ ”ထူးခြားလို့ အိမ်မှာ မှောင်ထဲထိုင်ပြီး လျှပ်စီးလက်တာကို ထိုင်ရေတာ တစ်နာရီအတွင်းမှာတင် အကြိမ်နှစ်ရာနဲ့သုံးဆယ်ကျော်ရှိတယ်”ဟုပြောသည်။
အဆိုပါ မိုးကြိုးပစ်ခတ်မှုကြောင့် ပျဉ်းမနားမြို့ရန်အောင် ၂၂ ရပ်ကွက်၌ အုန်းပင်သုံးပင် ပျက်စီးခဲ့ပြီး တာဝန်ရှိသူများမှ လာရောက် စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။ ယင်းနေ့၌  ကျွဲဆည်ကန်ကျိုးသည့် သတင်းများထွက်ပေါ်ခဲ့ရာ အမှန်မှာ ငလိုက်ဆည် ကန်ပေါင်ပေါ်သို့ ရေ ကျော်ခြင်းသာဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စွမ်းရဲထွဋ်

No comments:

Post a Comment

wwwwnyinyi@gmail.com