ဘီဘီစီကို နားမထောင်-ကမ်ပိမ်းကို ရန်ကုန်နှင့် အခြားမြို့ နယ်တွေမှာ စတင်နေပြီ..
BY ရဲရင့်http://www.yeyintnge.com/2011/ 11/blog-post_215.html
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) ရှိတယ်လို့ 
မကြာသေးခင်ကလဲဘဲ မြန်မာနိုင်ငံအစိုးရက ထုတ်ဖေါ်ပြောဆိုသွားတာရှိပါတယ်။
ဒါပေမဲ့  မြန်မာနိုင်ငံရဲ့  အချုပ်အချာ အာဏာပိုင်နယ်မြေကို မဖွယ်မရာ
ပြုလုပ်လာတဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်ဋ္ဌါနကနေပြီး မြန်မာနိုင်ငံမှာ တိုင်းရင်းသား
လူမျိုးမဟုတ်တဲ့ ဘင်္ဂလီလူမျိုးတွေရဲ့  ဓါတ်ပုံကို ရခိုင်ပြည်နယ် ( ARAKAN )
မှာ တင်ပြထားတဲ့  အတွက် ဒါဟာ မြန်မာနိုင်ငံရဲ့ 
အချုပ်အချာအာဏာပိုင်နယ်မြေနဲ့  ပြည်သူလူထုတရပ်လုံးကို စော်ကားမော်ကား
ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဒါကို စာရေးဆရာ ချိုတူးဇော်၊
စာရေးဆရာသွန်းနေစိုးတို့  အပါအ၀င် ရခိုင်စာရေးဆရာတွေ ၊နဲ့ 
သမိုင်းသုတေသီတွေ ၊ ရခိုင်အဆိုကျော်တွေက ဒီလို ဓါတ်ပုံတင်ထားတာကို
ဖြုတ်ချပြီး တောင်းပန်ပေးရမယ်လို့  မေတ္တာရပ်ခံစားပေးပို့  ကြပါသေးတယ်၊
ဒါပေမဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီစဉ်က ဖြေရှင်းရာမှာ အနောက်နိုင်ငံသားတွေရဲ
့ ဓလေ့ထုံးစံအတိုင်း အဲဒီသမိုင်းလိမ်ဘင်္ဂလီ လူမျိုးတွေရဲ့  ဓါတ်ပုံကို
မဖြုတ်ချဘဲ အပြင် ရခိုင်မိန်းခလေးတွေရဲ့  သင်္ကြန်ခါ နံသာသွေးတဲ့  ပုံကိုပါ
ပူးတွဲ ဖေါ်ပြလိုက်ပါသေးတယ်။ ရခိုင်လူမျိုးတွေနဲ့  တိုင်းရင်းသား
လူမျိုးတွေအပါဝင် စာရေးဆရာတွေက တောင်းဆိုတာဟာ အဲဒီမြန်မာနိုင်ငံကို ထိပါးတဲ
့ ဓါတ်ပုံတခုလုံးကို ဖြုတ်ချဖို့  မေတ္တာရပ်ခံခြင်းသာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေ ရှိနေတယ်ဆိုတာကို ဖေါ်ပြဖို့ 
ခိုင်းနေတာမဟုတ်ပါဘူး။ ပြီးတော့ ဖြေရှင်းရာမှာလဲ တကယ်ပဋိပက္ခဖြစ်နေတဲ့ 
လူမျိုးတွေကို ဖေါ်ပြခြင်းသာဖြစ်ပါတယ်လို့  ပြောဆိုတာဟာ
အနောက်နိုင်ငံသားတွေရဲ့  ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့  စော်ကားမော်ကား
ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ဒီလိုမြန်မာနိုင်ငံရဲ့ 
တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုးစုမှာ အသိအမှတ်မပြုတဲ့ 
သမိုင်းလိမ်ဘင်္ဂလီလူမျိုးတွေပြသနာကို
ပဋိပက္ခဖြစ်အောင် ဘယ်သူများ ပြုလုပ်နေတာလဲ ဆိုတာနဲ့  ပါတ်သက်လို
့အနောက်နိုင်ငံသားတွေဖြစ်တဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းဋ္ဌါနက ပုဂ္ဂိုလ်တွေ မသိဘဲ
ရှိနေနိုင်ပါ့မလား။ သမိုင်းအထောက်အထားမရှိ၊ စာပေယဉ်ကျေးမှုမရှိ ၊
ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦး
မရှိ၊ နောက်ဆုံး နှစ်ပေါင်းထောင်နဲ့ သောင်းနဲ့ ချီပြီး ရှိနေပြီလို့ 
ပြောတဲ့  သူတွေက ခုထက်ထိ ဒေသခံ စကား မပြောတတ်ကြတာကို ကြည့်ခြင်းအားဖြင့်
မြန်မာနိုင်ငံအစိုးရက ဒီလူမျိုးဟာ ရှေးဦးရခိုင်ပြည်မှာ နေထိုင်တဲ့ 
လူမျိုး မဟုတ်တာကြောင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော လူမျိုးဖြစ်လို
့အသိအမှတ် မပြုခြင်းသာ ဖြစ်တယ်ဆိုတာကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။ တကယ်လို့ 
ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ်က ဒီလို မြန်မာနိုင်ငံမြေပုံမှာ ဓါတ်ပုံတွေ
ဖေါ်ပြချင်တယ်ဆိုရင် ဒီလူမျိုးတွေဟာ တကယ်များ ရှိနေလေသလားဆိုတာကို
ရခိုင်သမိုင်းဆရာ သုတေသီတွေ ၊ ဗမာသမိုင်းဆရာသုတေသီတွေ ၊
ရှေးဟောင်းယဉ်ကျေးမှု သုတေသီတွေနဲ့  ရှေးဟောင်းယဉ်ကျေးမှုတွေကို လေ့လာပြီး
ပြုလုပ်သင့်တယ်လို့  ပြည်တွင်းက ပုဂ္ဂိုလ်တွေက သဘောထားရှိနေကြပါတယ်။
ဒါကြောင့်မို့ လို့  ရန်ကုန်ုနဲ့  အခြားမြို့ နယ်တွေ ၊ ရခိုင်ပြည်နယ်တွေမှာ
ဘီဘီစီ မြန်မာပိုင်းအစီအစဉ်ကို နားမထောင်ကြတော့ဘူးလို့  ဆိုတဲ့ 
ကမ်ပိမ်းကို နိုင်ဝင်ဘာလ-၁-ရက်နေ့ က စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
တချိန်က မြန်မာနိုင်င်ရဲ့ -၈၈-ကာလမှာ လူထုအသဲစွဲ အသံလွှင့်ဋ္ဌါန တခုဖြစ်တဲ့ 
ဘီဘီစီ မြန်မာပိုင်းဟာ ခုဆိုရင် လူထုတွေရဲ့  တံထွေးခွက်မှာ
ပက်လက်မျောသွားပြီဖြစ်သလို ဒီလိုမဆင်မခြင် လုပ်မှုကြောင့် နောင်ကို
လူမျိုးရေးအဓိကရုဏ်းတွေအထိ ဖြစ်ပေါ်လာမှာ ဖြစ်တယ်လို့ 
ရခိုင်သမိုင်းသုတေသီတွေက ခန့် မှန်း ပြောဆိုကြသလို ဒီလို ဖြစ်ပေါ်လာရင်လဲဘဲ
အဓိက တရားခံဟာ ဘီဘီစီ အင်္ဂလိပ်ပိုင်း အစီအစဉ် အသံလွှင့်ဋ္ဌါနသာဖြစ်ကြောင်း
ပြောဆိုနေကြပါတယ်။
ခိုင်အောင်ကျော် ( နယူးယောက် )
BY ရဲရင့်http://www.yeyintnge.com/2011/
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ( ၁၃၅ ) ရှိတယ်လို့  မကြာသေးခင်ကလဲဘဲ မြန်မာနိုင်ငံအစိုးရက ထုတ်ဖေါ်ပြောဆိုသွားတာရှိပါတယ်။ ဒါပေမဲ့  မြန်မာနိုင်ငံရဲ့  အချုပ်အချာ အာဏာပိုင်နယ်မြေကို မဖွယ်မရာ ပြုလုပ်လာတဲ့  ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်ဋ္ဌါနကနေပြီး
ခိုင်အောင်ကျော် ( နယူးယောက် )

No comments:
Post a Comment
wwwwnyinyi@gmail.com