November 1, 2011 by ရွှေအောင် ·

အဖွဲ့ချုပ်
ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က “တနှစ်ပြည့်တဲ့
အထိမ်းအမှတ်နဲ့ ပြည်တွင်းပြည်ပ သတင်းစာဆရာများ အားလုံးကို
သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပါ့မယ်။ ပြည်တွင်းဂျာနယ်အသီးသီးက
သတင်းထောက်များအာလုံး၊ ထို့အတူပဲ မြန်မာနိုင်ငံအခြေစိုက်
ပြည်ပမီဒီယာများက သတင်းထောက်များအားလုံးကို ဖိတ်ကြားပါတယ်။
ဖိတ်ကြားမှုလည်း လုပ်ပါ့မယ်။ အခုကတည်းက တခါတည်း ဖိတ်လိုက်ပါရစေ။
အဲဒီနောက်ပိုင်း အလွန်အလုပ်များတဲ့အတွက်ကြောင့်
အခြားအရေးကြီးတဲ့ လုပ်ငန်းတာဝန်တွေလည်း ထမ်းဆောင်ရမှာ
ဖြစ်တဲ့အတွက်ကြောင့် ပြောရမယ်ဆိုရင် ၂၀၁၁ ခုနှစ်
အတွင်းမှာတော့ဖြစ်ရင် နောက်ထပ် သတင်းစာရှင်းလင်းပွဲတွေ
လုပ်နိုင်မှာမဟုတ်ပါဘူး။ အထွေထွေအတွင်းရေးမှူး အနေနဲ့
လုပ်နိုင်ဖို့အခွင့်အလမ်း အချိန်သိပ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။
ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့ဆုံမေးမြန်းချင်တယ်ဆိုတဲ့ ပြည်တွင်းပြည်ပ
သတင်းထောက်များအားလုံးလည်း အဲဒီနေ့ တပေါင်းတည်း ကြွကြပါလို့
ဖိတ်ပါတယ်ခင်ဗျ” လို့ ပြောပါတယ်။
လာမယ့်
နိုဝင်ဘာ ၁၄ ရက်နေ့ ရန်ကုန် ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ
မီဒီယာတွေ့ဆုံပွဲ လုပ်မှာဖြစ်ပြီး အန်အယ်လ်ဒီ မှတ်ပုံတင်မတင်
ကြေညာမယ့်ပွဲလို့ ပြောဆိုနေတာတွေဟာ မမှန်ဘူးလို့ ဦးအုန်းကြိုင်က
ပြောပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com