ချီဖွေမြို့ကဈေးသည်တွေကတော့
အရင်တုန်းက ကုန်ပစ္စည်းပေါ်မူတည်ပြီး တစ်နေ့ကို
သောင်းဂဏန်းဝန်းကျင်ရောင်းချခဲ့ရပြီး အခုချိန်တွင် တစ်နေ့
၅ထောင်ဖိုးမရောင်းရတော့လို့ မိသားစုစားဝတ်နေရေးခက်ခဲလာကြောင်း
တခြားစီးပွားရေးလုပ်ငန်းလုပ်ဖို့ငွေအရင်းအနှီး
မရှိလို့အခက်အခဲများဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောဆိုနေကြပါတယ်။
ကာမိုင်းမြို့က မြို့ခံတွေကတော့ ကေအိုင်အေအဖွဲ့ဟာ လူမျိုးရေးအကြောင်းပြပြီး
စစ်ပွဲဖြစ်အောင်လုပ်နေကြောင်း
ကချင်းတိုင်းရင်းသားမျိုးနွယ်စုတွေကိုလည်း တအိမ်ထောင် ၁ ယောက် ကေအိုင်အေ
တပ်ဖွဲ့အတွင်းသို့ အတင်းဝင်ခိုင်းနေလို့ မိသားစုအသက်အန္တရာယ်
ခြိမ်းခြောက်နေလို့ စိတ်မပါပေမဲ့ ကေအိုင်အေ ခိုင်းတဲ့အတိုင်းလုပ်နေရကြောင်း
စစ်ပွဲများအား ကာလရှည်ကြာမဖြစ်စေလိုဘဲ အချိန်ကြာလာတာနဲ့ ဒေသခံလူထုရဲ့
လူမှုရေး စီးပွားရေး တဖြည်းဖြည်းကျပ်တည်းလာကြောင်း
ရင်ဖွင့်သံကိုကြားခဲ့ရပါတယ်။
မိုးကောင်းကမြို့လူထုကတော့
ကေအိုင်အေမှာ စစ်ရေးကျွမ်းကျင်သူ မရှိသလောက်ရှားပါးကြောင်း
လက်ရှိမှာကေအိုင်အေ တပ်ဖွဲ့ဝင်တွေကျဆုံးတာများနေကြကြောင်း
မြို့ပေါ်မှာမိုင်းခွဲဖို့ လာတဲ့ ကေအိုင်အေစစ်သားတွေမှာလည်း မကျွမ်းကျင်လို့
ကိုယ့်မိုင်းနှင့်ကို ပေါက်ကွဲသေဆုံးနေကြကြောင်း ပြောနေကြပါပြီ။
တနိုင်းက
စက်လှေသမားတွေကတော့ စက်လှေဂိတ်မှာ စက်လှေအစီး ၇၀၀ လောက်ရှိလို့
အလှည့်ကျထွက် စနစ်လုပ်ထားတာကြောင့် စက်လှေတစ်စီးသာပိုင်တဲ့ ပိုင်ရှင်များဟာ
နှစ်လလျှင်တစ်ကြိမ်သာ ထွက်ဖို့အလှည့်ကျပြီး ပိုက်ဆံတတ်နိုင်သူများမှာ
အင်ဂျင်မပါတဲ့ စက်လှေ ၇ စီးကနေ ၁၀ စီးထိ စာရင်းသွင်းပြီး
လိုင်းပြေးနေကြကြောင်း သတ်မှတ်ချက်နှင့်ကိုက်ညီတဲ့
စက်လှေ၂ စီးလောက်နဲ့အစားထိုးပြေးဆွဲနေကြောင်း ကျန်တဲ့စက်လှေများဟာဟန်ပြသာ
လိုင်းပြေးဆွဲနေတာကို မကျေမနပ်ပြောနေကြပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com