7Day News ဂျာနယ်က သာမန်
ပြည်သူ ၁၀၀ ဦးအား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အင်န် အယ်လ်
ဒီ)ပါတီကိုပြန်လည်မှတ်ပုံတင်စေ လိုခြင်း၊ မတင်စေလိုခြင်းအပေါ် ယင်းတို့၏
သဘောထားဆနကို ကျပန်းတွေ့ဆုံမေးမြန်းခဲ့ရာ ဖြေဆိုသူအားလုံး၏
၈၉ရာခိုင်နှုန်းက ပြန်လည်မှတ်ပုံတင်စေလိုကြောင်းဖြေဆိုခဲ့သည်။
ရန်ကုန်၊ မန္တလေး၊ နေပြည် တော်၊ မုံရွာမြို့များ နေထိုင်သူများ နှင့် ပြည်ပနှင့်ကျေးလက်ဒေသ များတွင် နေထိုင်သူစုစုပေါင်း၁၀၀ ဦးကို ကျပန်းလူတွေ့မေးမြန်းခြင်း၊ တယ်လီဖုန်းနှင့် အွန်လိုင်းမှတစ် ဆင့် မေးမြန်းခြင်းပြုခဲ့ပါသည်။ ဖြေဆိုသူများမှာ အလွှာပေါင်းစုံမှ အလုပ်အကိုင်မျိုးစုံ လုပ်ကိုင်နေသူများဖြစ်သည်။ လူ ၁၀၀ တွင် ၈၄ ဦး က အင်န်အယ်လ်ဒီပါတီကို ပြန် လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေ ပြီး၊ ၈ဦးက မှတ်ပုံမတင်စေလို ပါဟုဖြေသည်။ ၃ဦးကမူ မည် သည့်မှတ်ချက်မျှ မပေးပေ။
လူ ၁၀၀ ဦးအားကျပန်းတွေ့ ဆုံမေးမြန်းရာ-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်လည်မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများကို ဘာကြောင့်ပါလဲဟု အမေးတွင် ““တရားဝင်ပါတီအနေ နဲ့ လှုပ်ရှားစေချင်လို့ပါ”” ဟု အ သက် ၃၀ နှစ်အရွယ် ဈေးဆိုင်ပိုင် ရှင်တစ်ဦးက ပြောသည်။
အသက် ၅၃ နှစ်အရွယ် အရောင်းအ၀ယ် နှင့် ဗေဒင်ဆရာလုပ်ကိုင်သူ တစ် ဦးက အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်စေလိုခြင်း၏ အကြောင်း ရင်းကို ““ပူးပေါင်းလုပ်တာ အ ကောင်းဆုံးပါ။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မ တည့်လို့ ဆူဆူပူပူဖြစ်ရင် နောက် ဆုံးပြည်သူလူထုပဲ ထိတာလေ”” ဟု ဖြေသည်။
အသက် ၂၄ နှစ်အရွယ် စာ ရင်းကိုင် အမျိုးသမီးတစ်ဦးက ““မှတ်ပုံတင်မှသာ ရွေးကောက်ပွဲမှာ တရားဝင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး အနိုင်ရရှိဖို့ အလားအလာရှိလာလို့ပါ”” ဟု ဖြေသည်။
(စတုတ္ထတန်းအောင် ပညာအရည်အချင်းရှိသော) အသက် ၇၅ နှစ်အရွယ် အဘွားတစ်ဦးက ““မှတ်ပုံတင်ထားရင် ရွေးကောက်
ပွဲဝင်သင့်တဲ့အချိန် ၀င်နိုင်ရန်ဖြစ်ပါတယ်””ဟုဖြေသည်။
““တိုင်းပြည်ကောင်းအောင်လုပ်မယ်ဆိုတာ ကိုယုံကြည်လို့ပါ””ဟု အသက် ၅၂ နှစ်အရွယ် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသော အမျိုးသား တစ်ဦးကဖြေသည်။
အသက် ၂၅ နှစ်အရွယ် အိုင်တီလုပ်ငန်းများလုပ်ကိုင်နေသူ တစ်ဦးက ““တင်မှ တရားဝင်ရပ် တည်နိုင်မယ်ထင်လို့ပါ။ အပြောင်း အလဲတစ်ခုဖြစ်လာမယ်လို့ မြင်ပါ တယ်”” ဟု ပြောသည်။
အသက် ၃၂ နှစ်အရွယ် ရှေ့နေတစ်ဦးက ““အင်န်အယ်လ် ဒီပါတီ မှတ်ပုံတင်လိုက်ခြင်းအား ဖြင့် ပါတီတရားဝင်ပြီဖြစ်ကြောင်း ပြည်သူမှသိရှိလာ၍ ပါတီနှင့်ဒေါ် အောင်ဆန်းစုကြည်အား ယုံကြည် ကြသဖြင့် မိမိတို့၏အမှန်တကယ် ဆနအား ထုတ်ဖော်ရဲကြမည်ဖြစ် ပါသည်”” ဟု ဖြေသည်။
အသက် ၆၅ နှစ်အရွယ် အထက်တန်းအောင် ဈေးသည်တစ် ဦးက ““လက်ရှိအစိုးရသည်အတိုက် အခံအင်အားစု အလွန်နည်းပါးပါ သည်။ အင်န်အယ်လ်ဒီပါတီ ရွေး ကောက်ပွဲဝင်ခြင်းဖြင့် ထိုက်သင့် သော အတိုက်အခံအင်အားစုရရှိ လာမည်ထင်ပါသည်။ လက်ရှိ အ စိုးရနှင့်အတိုက်အခံ အပြန်အလှန် ထိန်းကျောင်းမှုရှိမှ ပိုမိုကောင်းမွန် သော ဆုံးဖြတ်ချက်များဖြစ်ပေါ် လာနိုင်ပါသည်”” ဟု ဖြေသည်။
နေပြည်တော် ပျဉ်းမနားမြို့မှ အသက်၄၆နှစ်အရွယ် ယာဉ်မောင်းတစ်ဦးက ““လွှတ်တော်အရပ်ရပ် တွင် ကိုယ်တိုင်ပါဝင်ပြီး အမှန်တ ရားများအတွက် ရပ်တည်မှုပေးနိုင် ရန်””ဟု ဖြေသည်။
အသက် ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသားတစ်ဦးက အင်န်အယ်လ်ဒီပါတီမှတ် ပုံတင်စေလိုခြင်း၏အကြောင်းရင်းကို အောက်ပါအတိုင်းဖြေသည်။
““အမေစု ပါတဲ့အတွက်ကြောင့်ပါ””
အင်န်အယ်လ်ဒီပါတီကိုမှတ် ပုံမတင်စေလိုပါဟု ဖြေဆိုသူများ က မှတ်ပုံမတင်စေလိုသော အ ကြောင်းရင်းကို ““ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်ရှိသည်ဟု ထင်ပါသည်”” ဟု အသက် ၃၂နှစ် အရွယ် အိုင်တီလုပ်ငန်းလုပ်ကိုင် သူတစ်ဦးကဖြေပြီး အသက် ၃၄
နှစ်အရွယ် အမျိုးသားတစ်ဦးကလည်း ““၀င်ပြိုင်လည်း အလွန်ဆုံးရနိုင်တာ ၀န်ကြီးတစ်နေရာစာ လောက်ပဲ။ ဒီအတိုင်းပဲနေတာက အကောင်းဆုံးပါ””ဟုဖြေသည်။
““အင်န်အယ်လ်ဒီပါတီ ပြန် လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ၀င်ပါက မြန်မာ့နိုင်ငံရေးအပေါ် ဘယ်လိုသက်ရောက်မယ်လို့ ထင် ပါသလဲ”” ဟု အမေးကို ပါတီပြန် လည် မှတ်ပုံတင်စေလိုသည်ဟု ဖြေဆိုသူများက ““အဘက်ဘက်က ကောင်းမွန်ပြည့်စုံလာမယ်လို့ ထင် ပါတယ်””၊ ““နိုင်ငံတကာ ဆက်ဆံ ရေး၊ ပြည်တွင်းစီးပွားရေး၊ တရား စီရင်ရေး၊ လူမှုရေး အစစအရာရာ တွင် ပြောင်းလဲတိုးတက်မှုရှိမည် ဟု ယုံကြည်၍””၊ ““အများကြီး ကောင်းလာနိုင်ပါတယ်””၊ ““သိပ် တော့နားမလည်ဘူး၊ဒေါ်စုကို အားကိုးတယ်”” ဟူ၍ ဖြေကြသည်။
အသက် ၃၂ နှစ်အရွယ်ရှေ့ နေက ““အင်န်အယ်လ်ဒီပါတီ မှတ် ပုံတင်ပြီး ရွေးကောက်ပွဲဝင်ပါက မြန်မာ့နိုင်ငံရေးသည် နိုင်ငံတကာ မှ အာရုံပိုမိုစိုက်လာပြီး အာဏာ ပိုင်များဘက်မှ အတတ်နိုင်ဆုံး တရားမျှတသော ရွေးကောက်ပွဲ များ ကျင်းပပေးလာနိုင်ကာ ထိုသို့ ကျင်းပခြင်းဖြင့် အနာဂတ်ဒီမိုက ရေစီရေးရာသည်တိုးတက်စေလာ နိုင်ပါသည်”” ဟု ဖြေသည်။
အသက် ၃၄ နှစ်အရွယ် အင်တာနက်ဆိုင်တွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ““အနောက်
နိုင်ငံများနဲ့ ဆက်ဆံရေးပိုမို ကောင်းမွန် လာပြီး စီးပွားရေးတိုးတက်လာ မည်ဟုထင်ပါသည်””ဟုဖြေသည်။
အင်န်အယ်လ်ဒီပါတီကို ရွေး ကောက်ပွဲဝင်စေလိုပါက လာမည့် ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) ၂၀၁၅ ရွေးကောက်ပွဲတို့
ထဲမှ မည်သည့်ရွေးကောက်ပွဲတွင် ၀င်ပြိုင်စေလိုပါသလဲဟု အမေးကို ၅၅ ဦးက လာမည့်ကြားဖြတ်ရွေး ကောက်ပွဲကို ၀င်ပြိုင်စေလိုသည် ဟုဖြေသည်။ ၂၆ ဦးက ၂၀၁၅ ရွေး ကောက်ပွဲတွင်မှယှဉ်ပြိုင်သင့်သည်ဟု ဖြေသည်။ ရှစ်ဦးက မည် သည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင် စေလိုသည်ဟု မဖော်ပြဘဲ၊ ရွေး ကောက်ပွဲနှစ်ခုစလုံးတွင် ၀င်ပြိုင် စေလိုသူ ခြောက်ဦးရှိသည်။
လူ ၁၀၀ ကို မေးမြန်းခဲ့သော အဓိကမေးခွန်းတစ်ခုဖြစ်သည့်
““ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်း ဆောင်မှုအပေါ် သင်ယုံကြည်မှု ရှိပါသလား (သို့မဟုတ်)ယုံကြည်မှု မရှိဘူးလား”” ဟု အမေးကို ၈၅ ရာခိုင်နှုန်းဖြစ်သော ၈၅ဦးက ““ယုံ ကြည်မှုရှိသည်”” ဟုဖြေကြသည်။ သုံးဦးကမူ ““ယုံကြည်မှုမရှိပါ”” ဟု ဖြေပြီး၊ ၁၂ဦးကမူ ထိုအဖြေကိုဖြေ ရန် စောသေးသည်၊ စောင့်ကြည့် လိုသေးသည်ဟုဖြေသည်။
ယုံကြည်သည်ဟု ဖြေသူများ ကို ဘာကြောင့်လဲဟု အမေးတွင် ““ယုံကြည်အားကိုးထိုက်သော ခေါင်းဆောင်ကောင်းတစ်ယောက်
ရဲ့အရည်အချင်းနဲ့ပြည့်စုံနေလို့ပါ””၊ ““အန်တီစုရဲ့ ခိုင်မာသောယုံကြည်ချက်ကို လေးစားသော ကြောင့်ဖြစ်သည်””၊ ““အများကြီး
စွန့်လွှတ်ပြီးလုပ်ခဲ့တာ၊ နိုင်ငံခြားမှာ အေးအေးဆေးဆေးနေရင်ရ တယ်။ ဒါပေမဲ့ ဒီကိုပြန်လာတယ်။ မိသားစုနဲ့ တကွဲတပြားနေပြီး သူယုံကြည်ရာကို လုပ်တယ်။ ဒါကြောင့် ယုံကြည်ပါတယ်၊ အားလည်းကိုးပါတယ်”” ဟု ဖြေကြ သည်။
အသက် ၃၅ နှစ်အရွယ် သာသနာ့ဝန်ထမ်းတစ်ဦးက လည်း
““ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ယုံကြည်ပါတယ်။ သူမဟာ စိတ်ဓာတ်ခိုင်မာပြီး ရဲရင့် တဲ့နှလုံးသားပိုင်ရှင်တစ်ယောက်မို့
ယုံကြည်ပါတယ်”” ဟု ဖြေသည်။ အသက် ၆၆ နှစ်အရွယ် အငြိမ်း စားဝန်ထမ်းတစ်ဦးက ““ယုံကြည်မှု ရှိပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်း ဆောင်ကြီးများမှာရှိတဲ့ အရည်အ ချင်း၊ အကျင့်စာရိတ္တ ဒေါ်အောင် ဆန်းစုကြည်မှာရှိလို့ဖြစ်ပါသည်”” ဟု ဖြေသည်။
မုံရွာမြို့မှ အသက် ၂၅နှစ်အ
ရွယ်ရှိ တက္ကသိုလ်ကျောင်းသား တစ်ဦးကလည်း ““နိုင်ငံရဲ့ ပြောင်း လဲတိုးတက်မှုကို ဖော်ဆောင်နိုင် မယ့်သူအဖြစ် ယုံကြည်ပါတယ်”” ဟု ဖြေသည်။
ယုံကြည်မှုမရှိပါဟု ဖြေဆို သူတစ်ဦးက ““ဒေါ်အောင်ဆန်းစု ကြည်သည် ၈၈ အရေးအခင်းမ တိုင်မီ ကာလထိ မြန်မာနိုင်ငံနှင့် ပတ်သက်၍ လုပ်ဆောင်မှုတစ်စုံ တစ်ရာမရှိသေး၍ပါ”” ဟု ဖြေ သည်။
လက်ရှိမြန်မာနိုင်ငံ၏ အခြေ အနေမှာ ပြုပြင်ပြောင်းလဲမှုများ ဖြစ်နေသည်ဟု ထင်ပါသလားဟု အမေးကို ဖြေဆိုသူအားလုံး၏ ၇၈ ရာခိုင်နှုန်းကျော်က ပြုပြင်ပြောင်း လဲမှုများဖြစ်ပေါ်နေသည်ဟု ဖြေ ပြီး အများစုက အနည်းငယ်သာ ပြောင်းလဲသေးသည်ဟုဆိုသည်။
၁၃ ရာခိုင်နှုန်းက မထင်ဟုဖြေပြီး ၉ ရာခိုင်နှုန်းက မည်သည့်မှတ်ချက် မျှ မပေးပေ။
မှတ်ချက်-လူ၁၀၀ဦးကို ကျပန်းတွေ့ဆုံ မေးမြန်း၍ ရေးသားမှုဖြစ်ပြီး ပြည်သူတစ်ရပ်လုံးကို လွှမ်းခြုံအောင် လူဦးရေထောင်ချီ၍ မေး
မြန်းစစ်တမ်းကောက်ယူခြင်း မဟုတ် သည့်အတွက် လူထုတစ်ရပ်လုံး ကိုယ်စားပြု၊မပြု မသေချာသည်ကို သတိချပ်စေလိုပါသည်။
သတင်း---- 7Day News

No comments:
Post a Comment
wwwwnyinyi@gmail.com