Tuesday, December 20, 2011

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ဖွင့်လှစ်


နေပြည်တော် – ဒီဇင်ဘာ ၁၉ – ၂၀၁၁
မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဖွင့်လှစ်ခဲ့ရာ နေပြည်တော် လေဆိပ်သစ်သည် ရန်ကုန်နှင့် မန္တလေး လေဆိပ်များပြီးလျင် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာကာ တစ်နှစ်လျင် လေယဉ်ပေါင်း ၆၅၀၀၀ ဆင်းတက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ကို Asia World ကုမ္ပဏီက စင်္ကာပူ အခြေစိုက် အင်ဂျင်နီယာအဖွဲ့ CPG Consultants Pte ၏ နည်းပညာ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ စိုက်ထုတ်ပေးခဲ့သည်ဟု သိရသော်လည်း မည်မျှ ကုန်ကျသည်ကို မသိရှိရပေ။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် မြင်ကွင်း။
Photo:enchantingmyanmar.com
၎င်းလေဆိပ်သစ်ကို မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင်ဒေသခွဲ (Greater Mekong Sub-region) ၏ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးညီလာခံနှင့် တိုက်ဆိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
လေဆိပ် တည်ဆောက်မှုကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တွင် ၃.၆ ကီလိုမီတာ ရှည်သော ပြေလမ်း ၊ ၆၉ မီတာ မြင့်မားသော လေကြောင်း ထိမ်းသိမ်းရေး မျှော်စင်နှင့် ခရီသည် အတင်အချ တံတား ၁၀ ခု ပါဝင်ပြီး နှစ်စဉ် လေယဉ်ပေါင်း ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ အတက်အဆင်း ပြုလုပ်နိုင်ကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းကို YouTube တွင်တွေ့ရစဉ်။


မြို့တော်ပုသိမ် သတင်းစဉ်

No comments:

Post a Comment

wwwwnyinyi@gmail.com