မနက်ဖြန်
သောကြာနေ့မှာ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ခွင့်ရမည့်
ပုဂ္ဂိုလ်(၁၀)ဦးတွင် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အကျိုးဆောင်ချုပ် (ကြည့်မြင်တိုင်
သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကဆရာတော်) ဘဒ္ဒန္တ ပညာသီဟ (ရွှေည၀ါဆရာတော်)
ဆရာတော်ကြီးမှ တဦးတည်းသော သံဃာတပါးအနေနှင့် တွေ့ခွင့်ရမည် ဖြစ်ကြောင်း
သိရှိရပါသည်။
မနက်ဖြန် သောကြာနေ့ မနက် ၁၁နာရီ
၁၅မိနစ်၌ ရန်ကုန်မြို့ အမေရိကန်သံရုံး၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ဟီလာရင်ကလင်တန်နှင့် ရွှေညဝါဆရာတော်၊ ဦးကျော်သူ၊ ကိုဇာဂနာအပါအဝင်..
ပုဂ္ဂိုလ်(၁၀)ဦးတွေ့ခွင့်ရမည် ဖြစ်ကြောင်းသိရှိရပါသည်...။ ပြီးခဲ့တဲ့
နိုဝင်ဘာလ (၂၇)ရက်နေ့ကတည်းက ရန်ကုန်မြို့အမေရိကန် သံရုံးမှလာရောက်
ဖိတ်ကြားခဲ့ပြီး... အဆိုပါနေ့၌ ဆရာတော်ကြွရောက်မည့် ကားနံပါတ်မှ အစမှတ်သား
သွားကြောင်း သိရှိရပါသည်..။ ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့
နယူးယောက်တိုင်းမ် သတင်းဋ္ဌာနမှလည်း လာမည့် ၃ရက်နေ့ စနေနေ့၌ ဆရာတော်နှင့်
အင်တာဗျူးရန် ကမ်းလှမ်းထားကြောင်း သိရှိရပါသည်..။
သတင်း.. ဒီမိုဝေယံ..
No comments:
Post a Comment
wwwwnyinyi@gmail.com