
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် နေပြည်တော်မှ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အတွေးအခေါ် အမြင် အယူအဆများကို ဖလှယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ မလာမီအချိန်က ထိုင်းနိုင်ငံတွင် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသော ကားကို တွေ့ရစဉ်
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် ရင်လတ်ရှင်နာဝပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသည့် ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သလို အရှေ့တောင်အာရှနိုင်ငံများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် ၀န်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကား မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ၀န်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သေးသည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ
No comments:
Post a Comment
wwwwnyinyi@gmail.com