
နအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ရာထူးကို လက်ရှိတာဝန်ထမ်း ဆောင်နေသည့် ဦးတင်ဦးသည် ရာ ထူးမှအနားယူတော့မည်ဖြစ်သည်။ "အခုတော့ မဟုတ်သေးပါ ဘူး။ လုပ်စရာ ကိစ္စဝိစ္စလေးတွေ ပြီးရင်တော့ အန်ကယ်အနားယူ တော့မှာပါ" ဟု နိုဝင်ဘာ ၂၄ ရက် နေ့တွင် ဦးတင်ဦးက ပြောဆိုသည်။ NLDပါတီသည် ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲကို ဝင် ရောက်ယှဉ်ပြိုင်တော့မည့် အချိန် တွင် မျိုးဆက်သစ် NLD လူငယ် များကို ဦးစားပေးလာသည့်အပြင် ပါတီကိုလည်း ပြန်လည်ဖွဲ့စည်း သွားမည်ဖြစ်သည်။ ဦးတင်ဦးသည်ရာထူးမှအနာ ယူပြီး ပါတီ၏နာယကအနေဖြင့် ဆက်လက်လုပ်ဆောင်နိုင်သွားပြီး ပါတီဥက္ကဋ္ဌရာထူးကို ဒေါ်အောင် ဆန်းစုကြည်က ဆက်လက်တာဝန် ယူသွားနိုင်ကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပြောဆို ကြသည်။ NLDပါတီသည် မှတ်ပုံတင် မည့်ကိစ္စများ၊ လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေး ခံမည့်သူများ ရွေးချယ်ခြင်းကိစ္စ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ပြန်လည်ဖွဲ့စည်းပြီး မည်သူက မည် သည့် တာဝန်ကို ထမ်းဆောင်ရေး ကိစ္စရပ်များ ဆွေးနွေးနေသည့် အတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဆက်တိုက်ပြု လုပ်လျက်ရှိသည်။ (ရိုးရာလေး)
No comments:
Post a Comment
wwwwnyinyi@gmail.com