Sunday, December 18, 2011

NLD ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲ MCC တွင်ဒီဇင်ဘာ ၃ဝ ရက်နေ့ ကျင်းပမည်

ဓါတ်ပုံ Facebook
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီမိုကရေစီကွန်ရက်တွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ပညာရေးကွန်ရက်အဖွဲ့က ပြုလုပ်မယ့် ပြည်ထောင်စုတိုင်းရင်းသားများ ရန်ပုံငွေဂီတဖျော်   ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၃နာရီမှ ည ၁ဝနာရီအထိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာဖြစ်ကြောင်း ကြော်ငြာထားပေမယ့် အကြောင်းကြောင်းတွေကြောင့် ဒီဇင်ဘာ ၃ဝ ရက်နေ့ကို ရက်ရွှေ့သွားကြောင်း ပွဲကျင်းပရေးကော်မတီမှ ဆောင်းဦးလှိုင်က ပြောပါတယ်။ အဆိုပါရက်ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး ဆောင်ဦးလှိုင်က” ပွဲကိုရွှေ့ဆိုင်း လိုက်ရတာ အကြောင်းကြောင်းတွေ ကြောင့်လို့ပဲ ပြောပါရစေ။ သုဝဏ္ဏမှာ မဟုတ်တော့ပါဘူး။ MCC ခန်းမမှာ  ဖြစ်သွား ပါပြီ။လက်မှတ် ဈေးနှုန်းတွေလည်း သတ်မှတ်ပြီးသွားပါပြီ။ ပွဲကျရင်တော့ ပရိသတ်တွေ လာအားပေးကြပါလို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒီရန်ပုံငွေ  ဖျော်ဖြေပွဲ ကျင်းပရခြင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် လုပ်တဲ့ပွဲမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ပညာရေး ရန်ပုံငွေ ရရှိရေးအတွက် လုပ်ကြတဲ့ပွဲဖြစ် ပါတယ်။
ပေါ်ပျူလာ ဂျာနယ်

No comments:

Post a Comment

wwwwnyinyi@gmail.com