Friday, September 16, 2011

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းကောက်နုတ်ချက်။ ။

မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ကြာသပတေးနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်တွင် ပထမဆုံးအကြိမ် ကျင်းပရာ၊ အခမ်းအနား မိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၁ဝ မိနစ်ကျော်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေကို ရောက်နေပြီဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
"အခုအခြေအနေမှာဆိုရင် ကျမတို့ နိုင်ငံဟာ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့ ကျမမပြောချင်ပါဘူး။ ဒါပေမယ့် ကျမ လူသိရှင်ကြား ပြောပြီး ဖြစ်ပါတယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့အခြေအနေကို ရောက်နေပြီလို့ ကျမယုံကြည်တယ်။" ဟု သူက ပြောသည်။
ယင်းအပြင် ဒီမိုကရေစီ စိတ်ဓာတ်ရှိသူတိုင်း အပြောင်းအလဲကို ငြိမ်းချမ်းသည့်နည်းဖြင့် ရယူရန်လိုအပ်ပြီး မည်သူ့ ကိုမျှ နစ်နာစေသည့် အပြောင်းအလဲမျိုး မဖြစ်စေဘဲ၊ ညင်သာသည့် ပြောင်းလဲမှု ပြောင်းလဲမှုမျိုး ဖြစ်ရန်လိုအပ် သည်ဟု ထည့်သွင်းပြောသွားသေးသည်။

"ဒီအပြောင်းအလဲတွေဟာ ညင်သာရမယ်၊ ငြိမ်းချမ်းရမယ်၊ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး၊ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး၊ တက်လာတဲ့အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးက မျှတတဲ့ အခြေခံအပေါ်မှာ တည်ရှိရမယ်။" ဟု မိန့်ခွန်းတွင် ပါရှိသည်။

အနှစ် ၂ဝ ကျော် ဒီမိုကရေစီအတွက် အလုပ်လုပ်နေသည့် NLD ပါတီဝင်များအနေဖြင့် ယခုလို အချိန်တွင် မိမိတို့၏ တာဝန်သည်ဘာလဲ၊ ဘာဆက်လုပ်သင့်သလဲ ကိုယ်ပိုင်ဉာဏ်နှင့် စဉ်းစားကာ ယုံကြည်သည့် အလျောက် ဆက်လုပ်စေလိုကြောင်း သူ၏ မိန့်ခွန်းတွင် တိုက်တွန်းသွားသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com