Thursday, September 22, 2011

ပြည်သူ့လွှတ်တော်တွင် ဆန္ဒမဲပေးရာ၌ မတ်တပ်ရပ်သော စနစ်ကို ဦးစားပေးကျင့်သုံးမည်

နေပြည်တော်၊ စက်တင်ဘာ ၅ - ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးအတွင်း ရွေးကောက်တင်မြှောက်ခြင်းနှင့် ပတ်သက်၍ အချို့သော လွှတ်တော် ကိုယ်စားလှယ်များသည် ဆန္ဒမဲပေးရသည့် စက်ခလုတ်အား အယုံအကြည်မရှိကြောင်း သိရသည့်အတွက် ရှေ့ဆက်ပြုလုပ်မည့် လွှတ်တော် အစည်းအဝေးများတွင် ဆန္ဒမဲပေးရာ၌ စက်ခလုတ်အား အဓိက အားထားစရာမလိုဘဲ ဗြောင်ကျကျ မတ်တပ်ရပ်၍ ဆန္ဒမဲပေးခြင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ပြောကြားသည်။
ဦးရွှေမန်း

သူရရွှေမန်း
           လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာဆန္ဒပြခွင့် ရှိသည့်အတွက် မိမိ၏ဆန္ဒကို ထုတ်ဖော်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်စရာ၊ ရွံ့စရာ မလိုကြောင်းကိုလည်း သူရဦးရွှေမန်းက ပြောကြားသွားသည်။
“မိမိရဲ့ ယုံကြည်ချက်၊ မိမိရဲ့ဆန္ဒကိုလည်း ထုတ်ဖော်ခွင့်ရှိပါတယ်။ အဲဒီလိုထုတ်ဖော်လို့လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ ဒုက္ခပေးလိမ့်မည်မဟုတ်၊ ဒုက္ခပေးနိုင်သည့် အခွင့်အရေးလည်း မရှိကြောင်းကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ တင်ပြလိုပါတယ်”ဟု သူရဦးရွှေမန်းကပြောကြားသည်။
သူရဦးရွှေမန်းက ယနေ့ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။
စက်ခလုတ်နှိပ်၍ မဲပေးခြင်းအား လွှတ်တော်များတွင် ခေတ်မီသည့် အခြေအနေတစ်ရပ်၌သာ ထားရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် သေချာရေရာသည့် ဗြောင်မဲပေးစနစ်ကိုသာ အများဆုံး ကျင့်သုံးသွားမည်ဟု သိရသည်။
Ref : 7 Day News

No comments:

Post a Comment

wwwwnyinyi@gmail.com