Friday, September 23, 2011

RFA ရဲ့ သတင်းတခုကနေဖတ်လိုက်ရတာလေးကိုပြန်လည်ဖော်ပြပြီးစဉ်းစားကြည့်လိုက်ရင်-


မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေ ညီလာခံ ကာလ အတွင်း အခုလို တွေ့ဆုံတာလို့ တရုတ်အစိုးရ ဆင်ဝှါသတင်းဌာနက ဒီကနေ့ ကြေညာပါတယ်။ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီက တရုတ်မြန်မာ မဟာ ဗျူဟာမြောက် အကျိုးတူ ဆက်ဆံရေး တိုးတက်လာဖို့ ၂ နိုင်ငံ အဆင့်မြင့်အရာရှိချင်း စဉ်ဆက်မပြတ် ဆက်ဆံရေး ထားရှိဖို့ ၊ ၂ နိုင်ငံ အကျိုးတူ
စီမံကိန်းတွေကို ပြီးမြောက်အောင် ဆောင်ရွက်ဖို့နဲ့ နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ကို တရုတ်နိုင်ငံခြားရေး ၀န်ကြီးက တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အတူ ကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ပြောကြားခဲ့ကြောင်း ဆင်ဝှါသတင်းမှာ ဖော်ပြထားပါတယ်။
           မြန်မာပြည်တွင်းနိုင်ငံရေးလက်ရှိ အခြေအနေများတွင် ကောင်းသောလမ်းကြောင်းပေါ်မရောက်ရှိသေးသော်လည်း
ကောင်းသော အခြေအနေများဖြစ်လာနိုင်သော အရိပ်အရောင်များမြင်နေရချိန်တွင် ဧရာဝတီနှင့်ပတ်သက်ပြီး တရုပ်ကသြဇာ
ချယ်လှယ်မှု့တွေ လုပ်လာသလို မိမိ တိုင်းပြည် အုပ်ချုပ်မှု့ပိုင်းတွင်တာဝန်ယူဆောင်ရွက်နေသော ဝန်ကြီးတချို့၏ ပြည်သူလူထုအပေါ်
တုန့်ပြန်ပြောဆို ယခင်စစ်တပ်အာဏာ အုပ်ချုပ်မှု့မျိုးကဲ့သို ပြောဆိုမှု့များကြောင့် ပြည်သူတွေ စိတ်ဆင်းရဲရပါတယ်။
   
          ယခုလည်း တရုပ် ကမြန်မာပြည်ကို ကူညီဆောင်ရွက်သည်ဟုဆိုသော စီးပွားရေး နှစ်နိုင်ငံဆောင်ရွက်မှု့များကို ကြည့်လျှင်
မိမိတိုင်းပြည်ကို တိုးတက်စေချင်တာထက် တရုပ်ပြည်ကို တိုးတက်စေချင်တာ မှားစရာအကြောင်းမရှိပါဘူး။
     အခုလည်းတရုပ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လက်ရှိဆောင်ရွက်နေသောမြန်မာပြည်
အနှံ့ ရှိဆည်စီမံကိန်းများအပါအဝင် မြန်မာပြည် ရခိုင်ကမ်းရိုးတမ်းမှ ထွက်ရှိသော အဖိုးတန်ရေနံပိုက်လိုင်းကို လက်လွှတ်ရမည်ကို
အထူးစိုးရိမ်ပါတယ်။ မြန်မာပြည်မှ ဝင်ငွေ အကြီးဆုံးစွမ်းအင် နှစ်ခုလုံးကို တရုပ်မှ ရယူသိမ်းပိုက်ထားတာဖြစ်ပါတယ်။
       ရေအားမှ ရသောလျှပ်စစ်စွမ်းအင်၊ ရေနံမှ ရသော စက်စွမ်းအင်များသည် တရုပ်နိုင်ငံ အတွက်ကြီးမားသော အခွင့်အရေး
တရပ်ပင်။

No comments:

Post a Comment

wwwwnyinyi@gmail.com