နေရာထိုင်ခင်း အပြင်အဆင် ရိုးရိုးလေးပါ..။ ဒါပေမယ့် နိုင်ငံတကာသတင်းထောက်တွေနဲ့ မြင်ကွင်းကတော့ ဆန်းဆန်းလေးပါ..။
မိမိကိုယ်ကိုယ်
ယုံကြည်သူ၊ ရဲ့ရင့်သူ၊ လိပ်ပြာသန့်သူ၊ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့
ခေါင်းဆောင်တဦးရဲ့ ကေသရာဇာ ခြင်္သေ့မင်းတို့ရဲ့အကြည့်..။ ပြီးခဲ့တဲ့ဒီဇင်ဘာ
အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ကျွန်တော်တို့ လူထုခေါင်းဆောင် အမေစုနဲ့
တွေ့စဉ်မှာ ကြည့်ခဲ့တဲ့ ရဲရင်တည်ကြည်တဲ့ အကြည့်ကို အမှတ်ရကြဦးမှာပါ...။
ဒီကနေ့
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့
ကိုဇာဂနာတို့အား.. ပြင်သစ်သံရုံးမှာ တွေ့ရစဉ်။ ကိုဇာဂနာမှ
ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးနဲ့ အရင်တွေ့ဆုံခဲ့ပြီး ကိုမင်းကိုနိုင်ကို
စောင့်ဆိုင်း နေခဲ့ပါတယ်..။ ၆နှစ်အတွင်း ပထမဦးဆုံး ပြန်ဆုံကြတာပါ...။
ကြယ်တွေလင်းလက်တော့မယ် မြန်မာပြည်ရဲ့ ဒီမိုကရေစီ သူရဲကောင်းတွေ ထပ်မံ
ဆုံတွေ့ကြရတော့မှာပါ..။
No comments:
Post a Comment
wwwwnyinyi@gmail.com