မနေ့က
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Alain
Juppeမှ ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ The Legion of Honor ဆုအား
မြန်မာပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား
ပေးအပ်ချီးမြှင့်ခဲ့ပါတယ်...။
ရန်ကုန်မြို့
ပြင်သစ်သံရုံးမှာ ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားရဲ့ ထူးခြားချက်ကတော့
နိုင်ငံတကာမှပေးအပ်တဲ့ နိုင်ဘယ်ငြိမ်းချမ်းရေးဆု အပါအဝင်
ဆုတံဆိပ်ပေါင်းများစွာအား ကိုယ်တိုင်တက်ရောက် ယူနိုင်ခြင်း မရှိခဲ့ပဲ
ယခုရရှိသော ဆုအား ကျွန်တော်တို့ လူထုခေါင်းဆောင် ကိုယ်တိုင် တက်ရောက်
ရယူခဲ့တဲ့ ပထမဦးဆုံးသော ဆုဖြစ်ပါတယ်...။
၁၈၀၄
ခုနှစ်ကစတင် ပေးအပ်ခဲ့တဲ့ ပြင်သစ်ပြည်ရဲ့ အမြင့်ဆုံး ဆုတဆိပ်ဖြစ်တဲ့ The
Legion of Honor ဆုအား ဆုတံဆိပ် (၆)ခု သတ်မှတ်ထားပါတယ်..။
ထိုဆုတံဆိပ်များထဲမှာ နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက်
မဆုတ်မနှစ် တိုက်ပွဲဝင်ခဲ့တဲ့ ကျွန်တော်တို့ လူထုခေါင်းဆောင်အား Commander
တိုက်ပွဲဝင် သူရဲကောင်းဆုအား ပေးအပ်ခဲ့တာဖြစ်ပါတယ်...။
ဓာတ်ပုံများ... Getty Images, Reuters
ဓာတ်ပုံများ... Getty Images, Reuters
No comments:
Post a Comment
wwwwnyinyi@gmail.com