နေ့လည် ၂ နာရီမှ ၃ နာရီခွဲ အထိ ရန်ကုန်မြို့တက္ကသိုလ် ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပါကစ္စတန် နိုင်ငံရဲ့ 
ဂုဏ်ထူးဆောင် “ရှာဟိဒ် ဘန်နာဇီယာဘူတို” ဆုကို ပေးအပ်ခဲ့ပါတယ်။ လုပ်ကြံခံခဲ့ရသူ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘန်နာဇီယာဘူတိုအား ရည်စူးသော
အထိမ်းအမှတ်ဖြင့် ပေးအပ်တဲ့ ဒီဆုကို ပါကစ္စတန် သမ္မတ ကိုယ်တိုင် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ “ကျွန်မတို့ နိုင်ငံထဲက မိသားစုတွေ ဒုက္ခခံစားနေရတာတွေကို
တတ်နိုင်သမျှ ရပ်တန့်အောင် လုပ်ချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုပေးပွဲ အတွင်းမှာ ပြောခဲ့ပါတယ်။ နေရာအနှံ့အပြားမှာ ရှိတဲ့ မိသားစုတွေနဲ့
လူသားတွေကို ဘေးကင်း လုံခြုံခိုင်မာတဲ့ တန်ဖိုးတွေနဲ့ စောင့်ရှောက်နိုင်မယ့် နေ့တနေ့ကို နှစ်နိုင်ငံကြား ပူးပေါင်းဆက်ဆံမှုတွေ ပိုပြီးနီးနီးကပ်ကပ် လုပ်ဆောင်
နိုင်တဲ့အခါ ရောက်လာဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ပါကစ္စတန်သမ္မတဟာ အဂါင်္နေ့က မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့
နေပြည်တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးတွေနဲ့ ဆက်ဆံရေးတွေ တိုးတက်ကောင်းမွန်ဖို့ အရေးတွေကို ဆွေးနွေး ခဲ့ပါသေးတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com