Tuesday, January 24, 2012

ပြောင်းလည်းမှု့များ

မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်နိုင်ငံရေးအခြေနေများပြောင်းလဲလာမှု့ကို အများပြည်သူလက်ခံနိုင်သလို ပြည်ပနိုင်ငံတကာများမှ သံတမန်ရေးရာဝင်ထွက်မှု့များလည်း ယနေ့ထိတိုင်မပြတ်ဝင်ထွက်မှု့များရှိနေတာကြောင့် လမ်းကြောင်းကျကျပြောယင်မြန်မာပြည်ပြောင်းလဲရေးလမ်းကြောင်းပေါ်ရောက်နေပြီပြောလို့ရပါတယ်။
   သို့သော် ပြည်သူလူထုအပေါ် အထိုက်အလျှောက်လိုက်လျှောမှု့တွေ ပြုလုပ်တယ်လို့သာ သုံးသပ်နိုင်မယ်ဖြစ်ပါတယ်။
   ဦးသိန်းစိန် အစိုးရ စတင်လိုက်လျှောမှု့ကတော့ဧရာဝတီ ဆည်စီမံကိန်းကိုလည်းကောင်းအစိုးရလက်ထက်
တွင်ယာယီရပ်ဆိုင်းလိုက်ခြင်းပါ။ထိုလုပ်ဆောင်မှု့တခု တည်းနှင့်ဦးသိန်းစိန်အပေါ် လူထုကအမြင်ကြည်လင်ခဲ့ပါတယ်။
ယခုအချိန်မှာတော့နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်လာခြင်းပါ ရှိလာပါတယ်။
   မြန်မာပြည်နိုင်ငံရေးအခြေအနေများပြောင်းလည်းမှု့ကို ပြည်သူများကလက်ခံကြိုဆိုပါတယ်။
ဒါပေမဲ့ ထိုသို့ပြောင်းလည်းမှု့များ၊ ပြည်သူလူထုကို လိုက်လျှောမှု့များသည် အမှန်တကယ်စေတနာ တိုင်းပြည်နစ်နာမှု့များ၊အကျိုးမရှိမှု့များ၊ အမျိုးသားရေးစိတ်ဝန်းကွဲပြားမှု့များကို ပြန်လည်ကောင်းမွန်စေချင်လို့
စစ်တပ်နဲ့ပြည်သူပြန်လည်သင့်မြတ်လိုလို့ ကြိုးစားခြင်း၊ ဆင်းရဲတွင်းနက်နေတဲ့ပြည်သူလူထုကိုကောင်းစားစေလိုသောစေတနာ မှန်ဖြစ်ဖို့လိုပါတယ်။
စေတနာမှန်ဖြစ်တယ်မဖြစ်ဖူးကတော့ ပြည်သူများက အဖြေပေးပါလိမ့်မယ်။ဒါမှသဘာဝကျမှာပါ။
ကိုယ်ကိုကိုယ်တော့ ချီးမွှန်းခန်းဖွင့်လို့မဖြစ်ပါဘူး။
 မြန်မာပြည်ကြီး အတိုင်းအတာတခုလုံးနဲ့ပြောဆိုယင် အစိုးရယခုပြောင်းလည်းနေသည်များမှာပြောပလောက်သည်မဟုတ်ပါ။
နောက်တခု အစိုးရအသိုင်းအဝိုင်းအတွင်းမှ ပြည်သူလူထုအပေါ်ပြောဆိုမှု့များသည်ရှေ့နောက်မညီလှပါ။
အနီးဆုံးအခြေအနေတခုကိုပြောရလျှင် နိုင်ငံရေးအကျဉ်းသားများကိုပြန်လည်လွှတ်ပေးခဲ့ပြီးနောက် မီဒီယာများမှယခုလိုပြောဆိုခဲ့ပါတယ်။(လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တိုက်တွန်းချက်မျှ မပါဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွှတ်ပေးခြင်းသာ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။)
နောက်တဖန်ဦးသိန်းစိန်သမတ က ဝါရှင်တန်ပို့ သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာပိတ်ဆို့မှု့များရုတ်သိမ်းစေလိုကြောင်းပြောဆိုခြင်းနဲ့ပတ်သက်ပြီး
ပြည်ပတောင်းဆိုမှု့များကိုလိုက်လျှောဆောင်ရွက်သည့်အနေဖြင့်နိုင်ငံရေးအကျဉ်းသားများလည်းပြန်လည်လွှတ်
ပေးပြီးဖြစ်ကြောင်းပြောဆိုလေသည်။ပြောရလျှင် နိုင်ငံရေးအကျဉ်းသားများလွတ်ပေးပြီးအပေးအယူလုပ်ခြင်းဖြစ်နေ
လေသည်။အခွင့်အရေးများပြန်လည်လိုချင်လို့ လုပ်ဆောင်နေသလိုဖြစ်နေပေသည်။
ု့အမှန်တကယ်ဆိုလျှင် ကိုယ်တိုင်းပြည်ကိုပြန်လည်သင့်မြတ်အောင် ဆောင်ရွက်ခြင်းနှင့်လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားရုံသာပင်။တိုင်းပြည်၏ပြည်သူလူထုအပေါ် ဆင်းရဲခြင်းလွတ်ကင်းအောင် မိမိတိုင်းပြည်တွင်းမြည်သို့လုပ်ဆောင်ရမည်ကို ဆောင်ရွက်ရန်သာဖြစ်သည်။
ပြည်ပတိုင်းပြည်များသည် အလိုအလျှောက် ထိုလုပ်ဆောင်မှု့များနှင့် မိမိဘာသာ ကြိုးစားဆောင်ရွက်နေမှု့များကို အသိအမှတ်ပြုသောအားဖြင့်သာ ပြန်လည် ဆက်သွယ်ဆောင်ရွက်လာမည်သာဖြစ်သည်။
 လွတ်ငြိမ်းချမ်းသာခွင့်နှင့်အတူပြန်လည်လွတ်မြောက်လာသော နိုင်ငံတော်အတွင်းရေးမှုး(၁)ယခင်က၊ဦးခင်ညွန့်
သည်သတင်းသမားများမေးမြန်မှု့ကို ဖြေကြားခြင်းသည် မိမိအတွက်ကောင်းအောင်ပြောရုံကလွဲလျှင်ဘာမှမပိုပါ။ဒေါ်အောင်ဆန်းစုကြည်နှင့် သိန်းစိန်အစိုးရတို့ပြန်လည်တွေ့ဆုံမှု့များကို ဝမ်းသာကြိုဆိုကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံကြိုဆိုကြောင်းပြောသည်မှာ လက်ရှိအနေအထားအရ မည်သူမဆိုပြောမည်သာဖြစ်သည်။
ထိုအထဲတွင်ထူးခြားမှု့တခုက နိုင်ငံရေးကိုတော့ မလုပ်တော့ပါဘူးဟုအကြောက်အကန်ဖြေခြင်းသည်။
ဘာကြောင့်နည်း(နိုင်ငံရေးလုပ်ဆောင်ခြင်းသည်ဒုစရိုက်မှု့ကိုးကျူးလွန်ဆောင်ရွက်ခြင်းမဟုတ်)ဟုသိနားလည်သူ
တယောက်သည်ဘာကြောင့်အတင်းညင်းဆိုရသနည်း။နောက်ကွယ်တွင်သို့နောက်တကြိမ်ထိုသို့ပြစ်ဒဏ်ခံရမည်
ကိုစိုးရိမ်လို့လား၊တားမြစ်ချက်များကြောင့်လား၊ထိုသို့ဆိုလျှင် လက်ရှိအစိုးရသည်ဒီမိုကရေစီဖော်ဆောင်ခြင်းနှင့် လွတ်လပ်စွာ နိုင်ငံရေးထင်မြင်သုံးသပ်ချက်များပွင့်လင်းလွတ်လပ်ခွင့်မပေးထားသောကြောင့်ဖြစ်နေသေးသည်။
ဒါဆိုလျှင်မြန်မာပြည်ပြောင်းလဲရေးသည် အတုယောင်လို့ဆိုလို့ရနေသေးသည်။
  ထို့အပြင် အစိုးရသည် ရုတ်မက်(၇)ချက်ကိုဖော်ဆောင်နေသေးသည်ဟုဖြေဆိုခဲ့သည်။ဒါဆိုလျှင် ပြည်သူထုအပေါ် ကျူးလွန်ထားသောယခင်အာဏာပိုင်များနှင့် ဦးသိန်းစိန်စစ်တပ် တာဝန်ယူနေစဉ်ကာလမှ ရုပ်ဆိုးခဲ့သောလုပ်ရပ်များစွာ ရေငုံနုတ်ပိတ်နေ နေသေးသည်။ ပြည်သူလူထုကို ထိုကိစ္စများမည်သို့သောအချိန်တွင်ပွင့်လင်းစွာ ထုတ်ဖေါ်ဝန်ခံမည်နည်း။ ထိုသမိုင်းဆိုးများကိုမသိချင်ယောင်ဆောင် အချိန်ကာလကိုဆွဲယူကာ အမေ့ခံနေခြင်းသည် ပြည်သူလူအပေါ်မရိုးသားခြင်းပင်ဖြစ်ပေသည်။ ထိုအချက်များသည်ပြည်သူလူထုကမေ့လျှော့နိုင်လျှင် သမိုင်းဆိုးကိုခဝါချပြစ်နိုင်လျှင်တော့...
ယခုအချိန်အခါသည်ပြည်သူလူထုက မသိချင်ဆောင်နေသလို အစိုးရ ကလည်း အစမလုပ်ချေ။
သို့သော်ပြောင်းလည်းခြင်းများသည် တိုင်းပြည်တခုလုံးအတိုင်းအတာနှင့်နိုင်ယှဉ်လျှင်မပြောသာသေးပါ။
ပြောလို့မရသေးပါ။ စစ်အစိုးရက ဘယ်လိုလူတွေကို ဖမ်းဆီးခဲ့တယ်။ ဘာတွေလုပ်လို့ဖမ်းဆီးတယ်ဆိုတာတွေပြည်သူတွေအသိဆုံးပါ။ ရိုက်နှက်ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သံဃာတော်များဟာ အတုယောင်လား အစစ်လားဆိုတာပြည်သူတွေအသိဆုံးပါ။ဒါတွေကို
အစိုးရတဖြစ်လဲ စစ်အစိုးရအုပ်စုဟာ နိုင်ငံတော်တည်ငြိမ်တာကိုနှောက်ယှက်တယ်လို့ဆိုပြီးဖမ်းခဲ့တယ်။
သံဃာတော်အတုအယောင်တွေပြောဆို သတင်းထုတ်ပြန်ခဲ့တယ်။ယခုဒါကို ပြန်လွတ်တာ သတိနဲ့ယှဉ်

ကြည့်လိုပါတယ်။
  သို့သော်လည်း မည်သို့ပင်ဖြစ်နေစေကာမူပြည်သူများအတွက် လက်ရှိပြောင်းလဲမှု့အခြေအနေဟာ
မှောင်ပိန်းနေသော အခန်းတခုရဲ့ ပြူတင်းပေါက်တံခါးကို နဲနဲလေးဖွင့်ဟလိုက်ချိန် ထိုမှောင်ပိန်းနေသော
အခန်းတွင်းဝင်ရောက်လာတဲ့ အလင်းရောင်တခုလိုပါပဲ။
   ထိုအလင်းရောင်လေးကို ဘယ်လိုအသုံးချယူမလည်းဆိုတာ ကတော့ ပြောင်းလဲရေးကိုလိုလားသူ
အားလုံးကကြိုးစားကြရမှာပါ။ 
                                                          (ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com