မတရားဖမ်းဆီး အကျဉ်းချမခံရမှီ ကိုသက်နွယ်(ခ)ကိုငြိမ်းလူရဲ့ ဓာတ်ပုံ
မတရားသဖြင့် လူမဆန်စွာ နှိပ်စက်ညှင်းပန်း ထောင်သွင်း အကျဉ်းချခံရပြီး ကျဆုံးချိန်မှာ မြင်တွေ့ရတဲ့ ကိုသက်နွယ်(ခ)ကိုငြိမ်းလူ
ပြီးခဲ့တဲ့
၂၀၀၂ခုနှစ် ထိုစဉ်က ထောက်လှမ်းရေးညွှန်ချုပ်
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ ထောက်လှမ်းရေး (၁၆)မှ
ကိုသက်နွယ်(ခ)ကိုညိမ်းလူနဲ့ အမဖြစ်သူအား လက်နက်မှုနဲ့ မတရားဖမ်းဆီး
ခေါ်ဆောင်သွားခဲ့ပြီး ကိုသက်နွယ်(ခ)ကိုညိမ်းလူအား စစ်ကြောရေးမှ လူမဆန်စွာ
စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ကာ ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်ခြင်း
ခံခဲ့ရပါတယ်..။
ပြီးခဲ့တဲ့ ၁၃ရက်နေ့က
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ်(ခ)ကိုညိမ်းလူဟာ စစ်ကြောရေးအတွင်း
ထောက်လှမ်းရေးများရဲ့ လူမဆန်စွာ စစ်ဆေးနှိပ်စက်မှုများနဲ့
ထောင်သွင်းမှရရှိလာတဲ့ အသဲရောဂါကြောင့် ထောင်မှ လွတ်မြောက်ပြီး
ကိုးရက်အကြာမှာ ဝေဒနာကို အပြင်းအထန်ခံစားခဲ့ရပြီး သေဆုံးသွားခဲ့ပါတယ်..။
ဒီကနေ့ ၂၄ရက်နေ့မှာတော့ ကိုသက်နွယ်(ခ)ညိမ်းလူရဲ့ ရုပ်ကလပ်အား
ရေဝေးသုသာန်မှာ သဂြိုလ်ခဲ့ပါတယ်။
မတရားဖမ်းဆီးခံခဲ့ရပြီး
စစ်ကြောရေးနဲ့ အကျဉ်းထောင်အတွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်များကြောင့်
ထောင်မှ ပြန်လည်လွတ်မြောက်ပြီး ကိုးရက်အကြာမှာ ကျဆုံးခဲ့ရတဲ့
ကိုသက်နွယ်(ခ)ကိုညိမ်းလူရဲ့ ဈာပနအခမ်းအနားသို့ ကိုမင်းကိုနိုင်နဲ့
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ..၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အဖွဲ့ဝင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မျိုးဆက်သစ် ဗကသ
ဥက္ကဋ္ဌကိုကျော်ကိုကိုနဲ့ ကျောင်းသားခေါင်းဆောင်များ၊ ဒေါ်နော်အုံးလှနဲ့
အဂါင်္ဆုတောင်း အဖွဲ့ဝင်များနဲ့ ပြည်သူလူထုမှ တက်ရောက်ဂုဏ်ပြု
လိုက်ပါပို့ဆောင် ခဲ့ကြပါတယ်..။
ကိုသက်နွယ်(ခ)ကိုညိမ်းလူအတွက် မထက်ထက်ဦးဝေ(ရွှေပြည်သာမြို့နယ်) အမျိုးသမီးအဖွဲ့ရဲ့ ကဗျာ..
ခွပ်ဒေါင်းအလံတင်ပြီး ဂုဏ်ပြုခဲ့ကြပါတယ်..
၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်များနဲ့ မျိုးဆက်သစ် ဗကသကျောင်းသား ခေါင်းဆောင်များမှ ဂုဏ်ပြုခဲ့ကြပါတယ်..။
၂၀၀၂ခုနှစ်က
မိမိကိုယ်တိုင် ကျူးလွန်ခြင်းမရှိပဲ မတရားဖမ်းဆီး၊ လူမဆန်စွာ
အနှိပ်စက်ခံရပြီး ထောင်တွင်းမှ ရရှိခဲ့တဲ့ ဒဏ်ရာ၊ ဒဏ်ချက်တွေနဲ့
ကျဆုံးခဲ့ရတဲ့ ကိုသက်နွယ်(ခ)ကိုညိမ်းလူ ကောင်းရာ သုဂတိလားပါစေ..။
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေနိုင်ပါ..။
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ခမိခဆဲ..
No comments:
Post a Comment
wwwwnyinyi@gmail.com