Monday, February 20, 2012

တိုင်ရီစက်ရုံ ပိုင်ရှင်ကို တရားစွဲဖို့ အလုပ်သမားရုံးက ခွင့်ပြုလိုက်ပြီ


တိုင်ရီဖိနိပ်စက်ရုံ ဆန္ဒပြ အလုပ်သမားများကို လူမှုရေး အဖွဲ့အစည်းနဲ့ စေတနာရှင် ပြည်သူတွေက အစားအသောက်နဲ့ ရေသန့်တွေ လှူဒါန်း
တိုင်ရီဖိနပ်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာအား ဖြေရှင်းရန်ကိစ္စကို လှိုင်သာယာမြို့နယ် အလုပ်သမားရုံးက ဖေဖေါ်ဝါရီလ
၂၀ ရက်နေ့မှာ လက်ခံတင်သွင်းခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ ဒီတင်သွင်းခွင့်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်
မြို့နယ် ဝါဏိဇ္ဇပဋိပက္ခမှု ကော်မတီမှ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားတွေဟာ ရတဲ့လစာနဲ့ အသုံးစာရိတ်
ညီမျှမှု မရှိတာကြောင့် နေ့ကြေး ၁၅၀ ကျပ်နဲ့ ရက်မှန်ကြေး ၈၀၀၀ ကျပ် ရရှိဖို့အတွက် ဆန္ဒပြနေခဲ့တာ အခုဆိုရင် ၁၂ ရက်မြောက်ခဲ့ပြီ
ဖြစ်ပါတယ်။ တိုင်ရီ ဆန္ဒပြ အလုပ်သမားတွေကို လူမှုရေး အဖွဲ့အစည်းတွေနဲ့ စေတနာရှင် ပြည်သူတွေကလည်း အစားအသောက်တွေနဲ့
သောက်ရေသန့်တွေ လာရောက် လှူဒါန်း ခဲ့ပါတယ်။ မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ ဆန္ဒပြနေမှုကို ခေတ္တ ရပ်နားမှာဖြစ်ပြီး လာမယ့်
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ တရားဥပေဒေ အရ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့
ဆန္ဒပြ အဆောင်နေ အလုပ်သမားတွေကို တိုင်ရီ ဖိနပ်စက်ရုံက အရင်က ည ၆ နာရီကနေ  ၁၀ နာရီအထိ ၅နာရီ ရေလွတ် ပေးရာကနေ
အခုအခါ ည ၇ နာရီကနေ ၉ နာ၇ီအထိ ၂ နာရီသာ ရေပေးဝေတော့တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com